• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကူးစက်ရောဂါ ကာကွယ်ရေးပစ္စည်းများ အချိန်မီထောက်ပံ့ရန် ဆေးဘက်ဆိုင်ရာ ကျောင်းသားသမဂ္ဂများ တောင်းဆို

by သဇင်လှိုင်
28 July 2017
in သတင်း
A A
ရာသီတုပ်ကွေး Positive လူနာ ၃၀ ဦးအနက် ၆ ဦး သေဆုံးခဲ့ကြောင်း ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ / သဇင်လှိုင် / ဧရာဝတီ

ရာသီတုပ်ကွေး Positive လူနာ ၃၀ ဦးအနက် ၆ ဦး သေဆုံးခဲ့ကြောင်း ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ / သဇင်လှိုင် / ဧရာဝတီ

2.2k
VIEWS
Share on FacebookShare on Twitter

ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ကူးစက်ရောဂါ ဖြစ်ပွားရာ ဒေသများရှိ ဆေးရုံများတွင် ကူးစက်ရောဂါ ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ လုံလုံလောက်လောက် အချိန်မီ ထောက်ပံ့ရန် ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးဘက်ဆိုင်ရာ ကျောင်းသားသမဂ္ဂများက စုပေါင်း တောင်းဆိုလိုက်သည်။

အဆိုပါ တိုက်တွန်းစာကို ဇူလိုင်လ ၂၇ ရက်နေ့တွင် သမ္မတရုံး ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရှိ ဝန်ကြီးများထံသို့ ပေးပို့ထားကြောင်း သိရသည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
81
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
196
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
209

ယခုဖြစ်ပွားနေသော ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009)သည် အသက်ရှူလမ်းကြောင်းမှ တဆင့် ကူးစက် တတ်သော ရောဂါဖြစ်၍ ကူးစက်ရောဂါ ကာကွယ်ရေး အသုံးဆောင်ပစ္စည်းများ အချိန်မီ လုံလောက်စွာမရရှိလျှင် ကူးစက် နှုန်း မြန်ဆန်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဆေးတက္ကသိုလ်-၂ ရန်ကုန်ကျောင်းသားများသမဂ္ဂမှ ကိုနိုင်မင်းထွဋ်က ဧရာဝတီသို့ ပြောသည်။

“ကူးစက်ရောဂါ ဖြစ်ပွားနေတယ်ပေါ့နော်။ ဒါပေမဲ့ ဆေးရုံတွေမှာ မနေ့ကအထိ N95 Mask တွေ မရောက်သေးဘူး။ ဒီနေ့ တော့ ရောက်ပြီ။ လူအရေအတွက်စေ့အောင် မပေးနိုင်သေးဘူး။ ဆရာဝန်တွေကိုပဲ ပေးနိုင်သေးတယ်။ တကယ်တမ်းက အကုန်လုံးကို ကူးစက်နိုင်တဲ့အတွက် အထွေထွေ လုပ်သား ၊ကျောင်းသားတွေအထိ ပေးနိုင်ရမှာပေါ့ ”ဟု ဆိုသည်။

သူနာပြုတက္ကသိုလ် ရန်ကုန် ကျောင်းသားများသမဂ္ဂမှ မကေခိုင်ထွန်းကလည်း “အခု ကျမတို့လို ဆေးရုံမှာPractical ဆင်းနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ Mask မလုံလောက်မှု၊ အခုဆေးရုံမှာ လုပ်နေတဲ့ ဆရာဝန်တွေ ၊ သူနာပြု တွေက Mask အလုံအလောက် မရှိတဲ့အတွက်ကြောင့် တောင်းဆိုစာ ပေးပို့ရတာပါ” ဧရာဝတီသို့ ပြောသည်။

ယခုရက်အတွင်း တပ်ဆင်မှု များလာသည့် အစိမ်းရောင် Mask များသည် H1N1 ဗိုင်းရပ်စ်ပိုးကို မကာကွယ်နိုင်၍ N95 Mask များကိုသာ တပ်ဆင်သင့်ကြောင်း၊ အဆိုပါ Mask များကို ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေး ဝန်ထမ်းများအား လုံလောက်စွာ ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ဧရာဝတီသို့ ပြောသည်။

“H1N1 ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်တဲ့ Mask က N95 လို့ခေါ်တယ်။ အဲဒီ Maskက ထူတယ်။ နှာခေါင်းနဲ့ ပါးစပ်ကို လုံ အောင်တပ်ရတဲ့ Mask မျိုး ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပိုးတွေ့တဲ့ လူနာတွေကို ထိတွေ့ ကိုင်တွယ် ကုသပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လုံလုံလောက်လောက် ထောက်ပံ့ထားပါတယ်။ H1N1 ဗိုင်းရပ်စ် ပိုးကို ကာကွယ်ဖို့ဆိုရင်တော့ Surgical Mask လို နှာခေါင်းစည်းလေး တပ်ရုံနဲ့ မလုံလောက်ဘူးလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

ဇူလိုင်လ ၁၉ ရက်မှ ၂၇ ရက်နေ့ အထိ တနိုင်ငံလုံး စာရင်းအရ ပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင် ရောဂါ ရှိသည့် လူနာ ၅ဝဦး ကို ဆေးကုသပေးခဲ့ပြီး ရာသီတုပ်ကွေး Positive လူနာ ၃၀ ဦးအနက် ၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ၂၇ ရက်နေ့ ညနေ ၄ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

Your Thoughts …
Tags: ကျောင်းသားသမဂ္ဂ
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

by ဖီးနစ်
7 December 2023
3.5k

အမျိုးသားနေ့သည် ကျောင်းသားလူငယ်တို့၏ မဟုတ်မခံ တော်လှန်လိုသော စိတ်ဓာတ်၊ အာဏာရှိသူကို တော်လှန်လိုသော စိတ်ဓာတ်တို့မှ ပေါက်ဖွားလာသည့် နေ့ထူးနေ့မြတ်တခု ဖြစ်လေသည်။

ပဋိပက္ခကြားက တက္ကသိုလ်ဝင်တန်း စာမေးပွဲ

ပဋိပက္ခကြားက တက္ကသိုလ်ဝင်တန်း စာမေးပွဲ

by Sa Phan
28 March 2024
1.1k

တက္ကသိုလ်ဝင်တန်းစာမေးပွဲ လျှောက်လွှာတင်ရန် စစ်ကောင်စီက နှိုးဆော်သည့် ကြေညာချက်နှင့် လူထုအကြား ငြင်းခုန်ဆွေးနွေးမှုကြောင့် ထိုကိစ္စသည် NUG က အာရုံစိုက်စရာ ဖြစ်လာသည်။

ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရသည့် 7 July အရေးအခင်း

ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရသည့် 7 July အရေးအခင်း

by ဝေယံအောင်
7 July 2021
100k

အာဏာသိမ်း တော်လှန်ရေးကောင်စီ အစိုးရသစ်သည် တက္ကသိုလ် အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်လာပြီး တင်းကြပ်သည့် ကျောင်းဆောင်စည်းကမ်းများ ချမှတ်ခြင်းကို မကျေနပ် သည့်အတွက် ဆန္ဒပြခြင်းဖြစ်ပြီး၊ ဇူလိုင် ၇ရက်နေ့ ညနေပိုင်းတွင် ဒုဗိုလ်မှူးကြီး စိန်လွင် (နောင် သမ္မတဦးစိန်လွင်) ဦးဆောင်သော...

စစ်အာဏာသိမ်းပြီး တလခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လက သီတဂူဆရာတော်နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မြန်မာပြည်က သားသုံးသား အယူအဆ အရွေ့

by အုန်းညို
20 February 2023
8k

သားသုံးသားကတော့ ကျောင်းသား၊ စစ်သား၊ ဘုရားသားတို့ပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ကျောင်းဖွင့်ကာလ / ဧရာဝတီ

ကျောင်းသားလူငယ်များ၏ အနာဂတ်ပညာရေး မျှော်လင့်ချက်မဲ့နေပြီလား

by ဝေဟင်စိုး
2 April 2022
12.5k

စစ်ဖိနပ်အောက်ပညာရေးတွင် မိမိတို့ရင်သွေးများဘဝ မနစ်မွန်းစေရေးအတွက် “စစ်ကျွန်ပညာရေးစနစ် အလိုမရှိသပိတ်” တွင် ကျောင်းသားမိဘ တချို့ပင် ပါဝင်လာခဲ့ကြသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လအတွင်း စစ်တပ်က ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သော ကျောင်းသားသမဂ္ဂ အဆောက်အဦး

သမဂ္ဂ ပြန်လည်တည်ဆောက်ရေး တပ်မတော်ကို ဖိတ်ကြားခြင်း

by မိုဃ်းသွေး
27 February 2017
10.6k

တပ်မတော်အနေနဲ့လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် လိုလားကြောင်း သက်သေပြ ဆောင်ရွက်ဖို့ အချိန်အခါကောင်း တခု ရောက်ပြီ ဆိုတာ အသိပေးလိုပါတယ်။

Next Post
ပုဂံတွင် နေဝင်ချိန်ကိုစောင့်ကြည့်နေကြသည့် ပြည်ပခရီးသွားဧည့်သည်များကို ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရပုံ  / ဧရာဝတီ

H1N1ရောဂါ နှင့် ပတ်သက်ပြီး ပြည်ပခရီးသွား ဝင်ရောက်နှုန်း ထိခိုက်မှု မရှိသေး

ရန်ကုန်တိုင်း ဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော် / သဇင်လှိုင် / ဧရာဝတီ

“H1N1 ရောဂါသည် ဒီနှစ်မှ အထူးအဆန်း အသစ်ပေါ်လာတဲ့ ရောဂါ မဟုတ်ဘူး”

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate