• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖမ်းဆီးခံ သတင်းထောက် ၃ ဦး အာမခံလျှောက်ထားမှု တရားရုံး လက်ခံ

by ထွန်းထွန်း
28 July 2017
in သတင်း
A A
သြဂုတ်လ ၄ ရက်နေ့ ရုံးချိန်းတွင် အာမခံပေး၊ မပေးကို ဆုံးဖြတ်မည်ဖြစ်သည်။ / ဧရာဝတီ

သြဂုတ်လ ၄ ရက်နေ့ ရုံးချိန်းတွင် အာမခံပေး၊ မပေးကို ဆုံးဖြတ်မည်ဖြစ်သည်။ / ဧရာဝတီ

6.3k
VIEWS
Share on FacebookShare on Twitter

မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးခံထားရသည့် သတင်းသမား ၃ဦး အပါအဝင် အမျိုးသား ၆ ဦး အာမခံရရှိရေးကို ယနေ့ သီပေါမြို့နယ် တရားရုံးထုတ်တွင် ၎င်းတို့၏ ရှေ့နေများက လျှောက်ထားခဲ့ကြောင်း သိရသည်။

အာမခံလျှောက်ထားမှုကို သီပေါမြို့နယ် တရားသူကြီးက လက်ခံခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့ ရုံးချိန်းတွင် အာမခံပေး၊ မပေးကို ဆုံးဖြတ်မည်ဖြစ်ကြောင်း တရားခွင်အတွင်း ပြောကြားခဲ့သည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
100
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
75
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
237

ဧရာဝတီမှ သတင်းထောက် ကိုလဝီဝမ်၏ ရှေ့နေ ဒေါ်ခင်မိမိက “အာမခံလျှောက်ထားတာကို တရားသူကြီး က လက်ခံထားတယ်၊ ဒီအမှု က အာမခံပေးလို့ရတဲ့ကိစ္စဖြစ်တယ်၊ တရားသူကြီးအနေနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါ တယ်”ဟု ပြောသည်။

ရုံးချိန်းသို့ တရားလိုဖြစ်သည့် ခြေမြန်တပ်ရင်း(ခမရ ၅၀၃)မှ တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦးလည်း လာ ရောက်ထွက်ဆိုခဲ့ပြီး သတင်းသမားများအနေဖြင့် သတင်းသွားယူရာတွင် နယ်မြေခံတပ်ရင်း၊ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံး စသည်တို့ထံ ခွင့်ပြုချက် ရယူခဲ့ခြင်းမရှိ၍ အရေးယူရန် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းသို့ ပြောဆိုချက်နှင့် ပတ်သက်၍ မိမိအနေဖြင့် သတင်းထောက်များ ဖြစ်သည့်အပြင် နိုင်ငံသားများဖြစ် သည့်အတွက်လည်း မိမိတို့နိုင်ငံအတွင်း လွတ်လပ်စွာသွားလာရန် အခွင့်အရေးရှိကြောင်း ဧရာဝတီသတင်း ထောက် ဦးသိန်းဇော်(ခ) လဝီဝမ်က ပြောဆိုခဲ့သည်။

ဖမ်းဆီးခံထားရသည့် DVB သတင်းဌာနမှ သတင်းထောက် ဦးအေးနိုင်က “ကျနော်တို့သွားတဲ့လမ်းမှာ ဂိတ်မှာရှိတဲ့တပ်ကို ကျနော်တို့ကတ်တွေ၊ မှတ်ပုံတင်တွေ ပြခဲ့တယ်၊ မူးယစ်ဆေးတွေ မီးရှို့တဲ့ နေရာ မှာလည်း အစိုးရက ကြီးကြပ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်လည်း ပါဝင်ခဲ့တာရှိပါတယ်”ဟုု ပြောသည်။

ဖမ်းဆီးခံ သတင်းသမားများအား လက်ရှိတွင် သီပေါမြို့နယ် အကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး ၎င်းတို့နှင့် ပတ်သက်သည့် သတင်းများကို ထောင်ကဖတ်ရှုခွင့်မပေးဘဲ အထက်မှညွန်ကြားချက်ဟုဆိုကာ ၎င်းတို့ပါဝင် သည့်သတင်းများကို ထောင်က ဆုတ်ဖြဲယူထားကြောင်း သတင်းသမားများက ပြောသည်။

DVB သတင်းဌာန၏ ရှေ့နေ ဦးမောင်မောင်ဝင်းက “ထောင်ထဲမှာ သတင်းဖတ်ခွင့် ရှိပါတယ်၊ အခု ဖြတ်ပြီးမှ ပို့တဲ့ကိစ္စမျိုးကို ကျနော်တို့ရှေ့နေအဖွဲ့က အကျဉ်းထောင်နဲ့ ညှိနှိုင်းပေးပါမယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော်(ခ)လဝီဝမ်၊ ဒီမိုကရက်တစ် မြန် မာ့အသံ(DVB) သတင်းဌာနမှ သတင်းထောက်ဦးအေးနိုင်နှင့် ကိုပြည့်ဘုန်းနိုင်တို့မှာ ဇွန်လ ၂၆ ရက်နေ့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နယ်မြေတွင် ပြုလုပ်သည့် မူးယစ် ဆေးဝါး မီးရှို့ဖျက်ဆီးပွဲသို့ သတင်းသွားရောက် ရယူပြီးအပြန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

Your Thoughts …
Tags: သတင်းထောက်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ဒီတော်လှန်ရေး မပြီးသေးဘဲ အနာဂတ်ကို မျှော်လင့်လို့ မရဘူး

ဒီတော်လှန်ရေး မပြီးသေးဘဲ အနာဂတ်ကို မျှော်လင့်လို့ မရဘူး

by ဧရာဝတီ
22 January 2024
3.2k

သတင်းထောက်ဆိုတာမျိုးက တိုင်းပြည်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍမျိုးမှာရှိတယ်။ ဒီလိုတိုင်းပြည် အချိုးအကွေ့ အကြီးကြီးဖြစ်သွားတဲ့ အချိန်မှာ လဲကျနေလို့ မဖြစ်ဘူး။ ကျမတို့က ဆက်လုပ်ရမှာပဲ။

အာဏာရှင်က စတုတ္ထမဏ္ဍိုင်ကို ပြိုလဲအောင်လုပ်တာ

အာဏာရှင်က စတုတ္ထမဏ္ဍိုင်ကို ပြိုလဲအောင်လုပ်တာ

by ဧရာဝတီ
31 January 2024
2k

ကလေး ၂ ဦးရဲ့ မိခင်ဖြစ်တဲ့ သူမဟာ အာဏာသိမ်းမှု ဖြစ်စဉ်အပြီးမှာတော့ လုံခြုံရေး အရ နယ်စပ်ဒေသကို မိသားစုနဲ့အတူ ထွက်ပြေးတိမ်းရှောင်လာရသူဖြစ်ပါတယ်။

ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်

ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်

by ဧရာဝတီ
23 August 2024
1.5k

တော်လှန်ရေးတပ်ဖွဲ့များ ရောက်နေသည်ဆိုသော သတင်းပေးမှုကြောင့် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်

အများကကြိုက်၍ တချို့က ဆဲသော်လည်း အားလုံးတော့ ဖတ်ကြသည်

အများကကြိုက်၍ တချို့က ဆဲသော်လည်း အားလုံးတော့ ဖတ်ကြသည်

by မြသန်းတင့်
1 September 2024
1.1k

သတင်းစာ ဆရာများသည် ကျိန်ဆဲ မခံချင်ကြပါ။ သတင်းများကို ရေးပြီး အမှားများကို ဖော်ထုတ် ဖွင့်ချ လိုကြပါသည်။ အရိပ်ထိုးနေသော ကမ္ဘာ့ထောင့်များကို အလင်းရောင် လာလိုကြပါသည်။

အမျိုးသမီး သတင်းစာဆရာ

အမျိုးသမီး သတင်းစာဆရာ

by မောင်သစ်လွင် (လူထု)
19 November 2023
726

ယခု အချိန်အထိ တွေ့ရသမျှ အမျိုးသမီး သတင်းစာဆရာများ အနက် ဒေါ်ဖွားရှင်သည် ပထမဆုံး မြန်မာ အမျိုးသမီး သတင်းစာဆရာ ဖြစ်သည်။

ဘာတွေ ဖြစ်နေကြသနည်း

ဘာတွေ ဖြစ်နေကြသနည်း

by အထောက်တော် လှအောင်
29 June 2024
623

ဘာတွေ ဖြစ်နေသနည်း။ ဘယ်လို ဖြစ်နေသနည်း။ ဘာကြောင့်နည်း။ ဘယ်သူတွေက ဖြစ်အောင် ဖန်တီးနေကြသနည်း။ ဘာကို ရည်စူးသနည်း။

Next Post
ဇူလိုင် ၃ ရက်နေ့က ရန်ကုန်မြို့ NRPC တွင် ပြုလုပ်သည့် JMC အစည်းအဝေး  / သက်ထွန်းနိုင် / ဧရာဝတီ

အစိုးရနှင့် အရပ်ဘက်ပုဂ္ဂိုလ်များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလွတ်သဘော ဆွေးနွေးမည်

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ပြိုင်ကားပုံစံ ပြင်ဆင်ထားသော ရွှေငါးအမျိုးအစား အနီရောင်ကား / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေး ၂၆လမ်းမပေါ် ယာဉ်တိုက်မှု ယာဉ်မောင်းအား အမှုဖွင့်

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 days ago
3.6k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate