• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း UN အချက်အလက်ရှာဖွေရေး ကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာ

by ဧရာဝတီ
29 July 2017
in သတင်း
A A
UN အချက်အလက်ရှာဖွေရေး ကော်မရှင် ဥက္ကဋ္ဌ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရပ်စ်မန် / Reuters

UN အချက်အလက်ရှာဖွေရေး ကော်မရှင် ဥက္ကဋ္ဌ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရပ်စ်မန် / Reuters

2.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံအတွင်း UN က စုံစမ်းစစ်ဆေးမည့် အချက်အလက် ရှာဖွေရေး ကော်မရှင်၏ ဥက္ကဋ္ဌ သည် ဘက်လိုက်မည် ဟု ယူဆရသော စိုးရိမ်မကင်း ဖြစ်မှုများ ပေါ်ပေါက်နေစဉ် ၎င်းကို အစားထိုး ခန့်အပ်လိုက်သည် ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဇူလိုင် ၂၇ ရက်နေ့တွင် ကြေညာသည်။

မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်ပြည်နယ်၊ ကချင်နှင့် ရှမ်းပြည်နယ်များတွင် အထူးပြု စစ်ဆေးမည့် အချက်အလက် ရှာဖွေရေးအဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် အိန္ဒိယ နိုင်ငံတရားရုံးချုပ် ရှေ့နေ အင်ဒီယာ ဂျိုင်ဆင်း (Indira Jaising) ကို ခန့်ထားခဲ့သည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
395
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.3k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.8k

လူ့အခွင့်အရေးကောင်စီ အကြီးအကဲ ဂျိုအာကင်အလက်ဇန္ဒာ မာဇာမာတယ်လီ (Joaquín Alexander Maza Martelli) က ဂျိုင်ဆင်းကို မာဇူကီ ဒါရပ်စ်မန် (Marzuki Darusman) နှင့် အစားထိုးရန် ဆုံးဖြတ်ခဲ့သည်။ ထိုဥက္ကဋ္ဌသစ်သည် မြောက်ကိုရီးယား လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ဆေးခဲ့သော အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း ဖြစ်သည်ဟု ဂျနီဗာရှိ ကုလသမဂ္ဂဌာနချုပ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် အဖွဲ့တခု ဖွဲ့စည်းရန် တောင်းဆိုသော ဆုံးဖြတ်ချက်ကို မတ်လတွင် ချမှတ်ပြီးနောက် ထိုအဖွဲ့ကို ဂျိုင်ဆင်းက ဦးဆောင်ရန် မေလတွင် ဆုံးဖြတ်ခဲ့သည်။

ထိုအဖွဲ့၏ အခြားအဖွဲ့ဝင် နှစ်ဦးမှာ ဟားဘတ် တက္ကသိုလ်ထွက် သီရိလင်္ကာရှေ့နေ ရာဒီကာ ကုမာရဆွာမိ (Radhika Coomaraswamy) နှင့် ဩစတေးလျှမှ ခရစ်စတိုဖာ ဒိုမင်းနစ် ဆီဒိုတီ (Christopher Dominic Sidoti) တို့ဖြစ်ပြီး ၎င်းတို့သည် ဆက်လက် တာဝန်ထမ်းဆောင်ကြမည် ဖြစ်သည်။

ထိုကော်မရှင်သည် ရခိုင်ပြည်နယ် တင်းမာမှုများကို ပိုမို ဆိုးရွားစေမည် ဟု ပြောပြီး အဖွဲ့ဝင်များကို ဗီဇာပေးမည် မဟုတ်ဟု မြန်မာအစိုးရက ပြောသည်။

UN လူ့အခွင့်အရေး ကောင်စီက “ထိုသို့သော အခြေအနေများကြောင့် အချက်အလက် ရှာဖွေရေး ကော်မရှင်သည် အစိုးရနှင့် အခြား သက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူများ ထံသို့ ဆက်သွယ်နိုင်ပြီး အပြုသဘော ဆက်ဆံနိုင်ရေးကို ဦးစားပေးသည်” ဟု ကြေညာချက်တွင် ဖော်ပြသည်။

“မြန်မာအစိုးရသည် သက်ဆိုင်ရာ ဒေသများသို့ အချက်အလက် ရှာဖွေရေး ကောင်မရှင်ကို အကန့်အသတ်မဲ့ ဝင်ရောက်ခွင့် ပေးရန် မျှော်လင့်သည်” ဟု ဖော်ပြထားသည်။

အထက်ပါ အချက်အလက် ရှာဖွေရေး ကော်မရှင် ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်သည့် ကြေညာချက်တွင် အကြောင်းရင်း ဖော်ပြထားခြင်း မရှိသော်လည်း ဂျိုင်ဆင်း၏ လူသိရှင်ကြား ပြောကြားချက်များသည် ဘက်လိုက်သည်ဟု မြင်နိုင်ကြောင်း လူ့အခွင့်အရေး ကောင်စီ အကြီးအကဲက ပြောခဲ့ပြီးနောက် သူမ နှုတ်ထွက်ရန် သဘောတူသည်ဟု ကုလသမဂ္ဂအရာရှိတဦး က ရိုက်တာသတင်းဌာနသို့ ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာလုံခြုံရေး တပ်ဖွဲ့များသည် လူသားထု အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့ဖွယ် ရှိပြီး ရခိုင်ပြည် မြောက်ပိုင်းနေ မွတ်ဆလင် အရပ်သားများကို မျိုးဖြုတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့နိုင်သည် ဟု ပြောပြီးနောက် အချက်အလက် ရှာဖွေရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

စစ်သွေးကြွများသည် အောက်တိုဘာလက နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၉ ဦးကို သတ်ခဲ့ပြီး စစ်တပ်က ပြန်လည် တိုက်ခိုက်သော အခါ လုံခြုံရေးတပ်ဖွဲ့များက အမျိုးသမီများကို အဓမ္မပြုကျင့်သည်၊ ရွာသားများကို တွေ့လျှင် ပစ်ခတ်သည်၊ နေအိမ်များကို မီးရှို့သည်၊ လူ ၇၅၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေသည် ဟူသော စွပ်စွဲချက်များ ဖြစ်စေခဲ့သည်။

ဘက်လိုက်မည်ဟု ထင်မြင်ခြင်း

ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေး ကော်မရှင် အကြောင်း ဆွေးနွေးမှုများကို သိရှိသော ကုလသမဂ္ဂ အရာရှိတဦးနှင့် လူ့အခွင့်အရေး ဆောင်ရွက်သူတဦးက ဂျိုင်ဆင်း၏ ပြောဆိုမှုများသည် ဘက်မလိုက်ဟု မယူဆနိုင်ကြောင်းနှင့် စိုးရိမ်မကင်း ဖြစ်မှုများ ကုလသမဂ္ဂတွင် ဖြစ်လာကြောင်း ရိုက်တာ သတင်းဌာနအရ သိရသည်။

၎င်းအား ကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်ခံရပြီးနောက် ဂျိုင်ဆင်းက မြန်မာနိုင်ငံမှ “ရိုဟင်ဂျာ”များသည် မျိုးဖြုတ်သတ်ဖြတ် ခံရနိုင်ခြေ ရှိသောကြောင့် အလွန် စိတ်ထိခိုက်ဖွယ် ကောင်းကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောသည်။

“ဘက်လိုက်မယ် လို့ ယူဆစရာ ရှိနေရင် လုပ်ငန်း မစခင်မှာကို ဒီအဖွဲ့အပေါ် ယုံကြည်မှု ထိခိုက်မယ်” ဟု ကုလသမဂ္ဂ အရာရှိက ပြောသည်။

ဂျိုင်ဆင်းကို ရိုက်တာ သတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်သော်လည်း တစုံတရာ ပြောကြားခြင်း မရှိခဲ့ပေ။

ထိုအဖွဲ့သည် ဩဂုတ်လတွင် ဂျနီဗာတွင် တွေ့ဆုံရန် စီစဉ်ထားပြီး မတ်လတွင် အပြီးသတ် အစီရင်ခံစာ မတင်သွင်းမီ စက်တင်ဘာလတွင် လူ့အခွင့်အရေး ကောင်စီသို့ နှုတ်ဖြင့် အစီရင်ခံမည် ဟု မျှော်လင့်ရသည်။

ဒါရပ်စ်မန် (Darusman) သည် ဝါရင့် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အထူးအစီရင်ခံစာ တင်သွင်းသူ အဖြစ် ဆောင်ရွက်ခဲ့ပြီး သမိုင်းဝင် မြောက်ကိုရီးယား စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ပါဝင်ခဲ့သည်။

၎င်းသည် သီရိင်္လကာနိုင်ငံ၏ ရှည်လျှားလှသော ပြည်တွင်းစစ် နောက်ဆုံးလများ အတွင်း ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ ဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။

Your Thoughts …
Tags: လူ့အခွင့်အရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

by Bertil Lintner
15 March 2025
6k

မေးစရာရှိသည်မှာ သမ္မတ ထရမ့်သည် ခြေတလှမ်းတိုးပြီး စစ်ကောင်စီနှင့် စတင် “ထိတွေ့ဆက်ဆံမည်လား” ဆိုသည့် မေးခွန်း ဖြစ်သည်။

NUG ကိုယ်တွင်းက နတ်ဆိုး

NUG ကိုယ်တွင်းက နတ်ဆိုး

by David Scott Mathieson
7 March 2024
5.8k

NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MOHAI) ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှတဆင့် လွန်စွာ စိုးရိမ်စရာကောင်းသည့် ကြေညာချက်တစောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မြန်မာပြည်တွင်းစစ် မည်သို့ အဆုံးသတ်မည်နည်း

by Koh Ewe
7 November 2024
5.8k

နိဂုံးသည် မနီးကပ်သေးသော်လည် ရှင်းလင်းထင်ရှားသည်ဟု ၂၀၂၁ ခုနှစ်တွင် မြန်မာ စစ်အာဏာသိမ်းမှုဖြင့် အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာ့ပြည်တွင်းစစ်ကို အနီးကပ်လေ့လာနေသူများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

Next Post
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ

အပြန်အလှန် စိတ်ပျက်နေရုံနဲ့ မပြီးပါ

၆၉ အရေးအခင်း ဒိုင်ယာရီ စာအုပ်မျက်နှာဖုံး

ကျောင်းသားလှုပ်ရှားမှုထဲက သမိုင်းတခု (သို့) ၆၉ ကျွန်းဆွယ်အရေးအခင်း

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 day ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate