• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အဖမ်းခံရ

by ကျော်ခ
30 July 2017
in သတင်း
A A
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း / စိုးထွန်းသိန်း / ဧရာဝတီ

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း / စိုးထွန်းသိန်း / ဧရာဝတီ

6.4k
VIEWS
Share on FacebookShare on Twitter

Myanmar Now သတင်း အေဂျင်စီ အယ်ဒီတာချုပ် ကိုဆွေဝင်း မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံလိုက်ရ ကြောင်း ကိုဆွေဝင်း၏ ရှေ့နေ ဦးခင်မောင်မြင့် က မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ညပိုင်းက သတင်း မီဒီယာများကို ရှင်းလင်း ပြောဆိုသည်။

ကိုဆွေဝင်းကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူ ၏ တပည့် ဦးကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းတွင် မတ်လ ၇ ရက် နေ့က ဖွင့်ဆိုထားသော အမှုဖြင့် ဖြစ်ကြောင်း သိရသည်။

RelatedPosts

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
0
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
2.5k
အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
309

ကိုဆွေဝင်းက ထိုအမှုနှင့် ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်းရန် အတွက် ဘန်ကောက်မြို့ရှိ Myanmar Now ရုံးချုပ်ထံ လုပ်ငန်း တာဝန်များ လွှဲပြောင်းပေးရန် သွားရောက်စဉ် မင်္ဂလာဒုံလေဆိပ်၌ အဖမ်းခံလိုက်ရခြင်း ဖြစ်ကြောင်း ဦးခင်မောင်မြင့် က ရှင်းပြသည်။

“မာန်အောင်မြေရဲစခန်းက ထွက်ပြေး တိမ်းရှောင်တယ်လို့ သူတို့က ယူဆတယ်။ ယူဆတဲ့ အတွက်လည်း တရားဝင် စာထုတ်တယ် မာန်အောင်မြေ ရဲတပ်ဖွဲ့မှူးက နေပြီးတော့မှ ဦးဆွေဝင်းက အမှုကို ရင်မဆိုင်ဘဲနဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ဖို့ အလားအလာရှိတယ်။ ဒါကြောင့်မို့ မင်္ဂလာဒုံ လေဆိပ်မှာ ထိန်းသိမ်းထားဖို့ စာထွက်တယ်။ အဲဒီစာထွက်လိုက်တဲ့ ဘန်ကောက်ကို သွားမယ့် ဒီညခရီးစဉ် မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်” ဟု ဦးခင်မောင်မြင့်က ပြောသည်။

ကိုဆွေဝင်းကို မင်္ဂလာဒုံမှတဆင့် ညချင်းတွင်း လွှဲပြောင်းဖွယ်ရှိပြီး ယင်းသို့ လွှဲပြောင်းယူရန်အတွက် မန္တလေး မဟာအောင်မြေ မြို့နယ် အမှတ် (၇) ရဲစခန်း တာဝန်ရှိသူများ လာရောက်နေပြီဖြစ်သည်ဟုဆိုသည်။

Ba Kaung အမည်ဖြင့် လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာ ကို အသုံးပြုသူ ကိုဆွေဝင်း၏ အကောင့်တွင် မဘသ ဆရာတော် ဦးဝီရသူကို ပုတ်ခတ်ရေးသားသည်ဟု ဆိုသည့် အကြောင်းပြချက်ဖြင့် ဦးကျော်မျိုးရွှေက အမှုဖွင့် ထားခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ထံက ရရှိထားသည့် မှတ်တမ်းများ အရ ဖေ့စ်ဘုတ်ပေါ်မှ Ba Kaung အကောင့်တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် “ရွေးကောက်ပွဲ ပြီးသွားကတည်းက အသံတိတ်သွားတဲ့ မဘသ ပြန်လာပြီ” ဟု လည်းကောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်စွဲဖြင့် “ဝီရသူ ပါရာဇိက ကျပြီး ရဟန်းဘဝ နိဋ္ဌိတံသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှ ကျတာတော့ မဟုတ်လောက်ပါဘူး” ဟု စသည့် ရေးသားချက်များအပေါ် မကျေနပ်သဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆွေဝင်းသည် အင်းဝအပ်ချုပ်ဆိုင်၌ အလုပ်သမများ ညှင်းပန်းနှိပ်စက်မှုကို ဖော်ထုတ်ရေးသားခဲ့သူဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု သတင်းတို့ကို ဖော်ထုတ် ရေးသား မှုများတွင် လူသိများလာခဲ့သည့် သတင်းထောက် ဖြစ်သည်။

သူသည် ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု သတင်းရေးသား ဖော်ထုတ်မှုနှင့် ပတ်သက်ပြီးနောက် အစွန်းရောက်များ၏ ခြိမ်းခြောက်မှုများကို ခံခဲ့ရကြောင်းသိရသည်။

Your Thoughts …
Tags: ကိုဆွေဝင်း
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း / ဧရာဝတီ

Digital Courage Fellowship ဆုကို Myanmar Now သတင်းဌာန ရရှိ

by သဇင်လှိုင်
18 December 2020
4.1k

ဒစ်ဂျစ်တယ်နည်းပညာဖြင့် မြန်မာနိုင်ငံ၏ လူ့အဖွဲ့အစည်းအတွင်း လူထုကောင်းကျိုးပြုနေသူများကို ရွေးချယ်ချီးမြှင့်သည့် Digital Courage Fellowship အတွက် Myanmar Now သတင်းဌာန က ရရှိခဲ့ကြောင်း Friedrich Naumann Foundation for Freedom (Myanmar)...

Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်း / ဧရာဝတီ

၂၀၁၉ ရေမွန် မက်ဆေးဆေး ဆု ကိုဆွေဝင်း ရရှိ

by ဇူးဇူး
2 August 2019
12.4k

အာရှဒေသ၏ အမြင့်ဆုံး ဆုတဆုဖြစ်သော ဖိလစ်ပိုင်နိုင်ငံမှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၉ ခုနှစ် ရေမွန် မက်ဆေးဆေးဆု (Ramon Magsaysay Award) ကို Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်း ရရှိကြောင်း

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်း  / ဧရာဝတီ

အပြီးတိုင် နှုတ်ပိတ်ဖို့ ကြံစည်တာပါဆိုတဲ့ Myanmar Now အယ်ဒီတာချုပ်နှင့် မေးမြန်းခြင်း

by ထွန်းထွန်း
26 November 2020
340.5k

အရေးကြီးတာက ကျနော်တို့ရေးတဲ့ သတင်းတွေက အချက်အလက် ခိုင်မာနေရမယ်။ အကိုးအကားတွေ ရှိနေရမယ်။ အထူးသဖြင့် ငွေကြေးအာဏာ၊ လက်နက်အာဏာရှိသူတွေက ပြည်သူတွေကို ဖုံးဖိလှည့်စားထားတဲ့ ကိစ္စ တွေကို ဖော်ထုတ်ပေးနိုင်ရမယ်။ ဒီမိုကရေစီစနစ် ရှင်သန်ဖို့အတွက် လိုအပ်တဲ့ တန်ပြန်ထိန်းကျောင်းမှုတခု ဖြစ်ရမယ်။...

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း / ဇော်ဇော် / ဧရာဝတီ

ကိုဆွေဝင်းအမှု ပြန်လည်စစ်ဆေးရန် ခရိုင်တရားရုံးက အမိန့်ချ

by ထက်ခေါင်လင်း
30 September 2019
20.9k

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ၂ နှစ်ကျော်ကြာ စစ်ဆေးခဲ့သည့် Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း၏ အမှုကို သက်ဆိုင်ရာ မြို့နယ်တရားရုံးမှ ရောက်သည့်နေရာမှ ပြန်လည်စစ်ဆေးရန် ခရိုင်တရားရုံးက အမိန့်ချလိုက်ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ကိုဆွေဝင်း / ပြေကျော် / ဧရာဝတီ

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း တိုင်ကြားခံရပြန်

by ကျော်ခ
20 March 2017
10.3k

ဘာသာ၊ သာသနာ ညိုးနွမ်းစေရန်အကြံနှင့် မမှန်မကန် ပြောဆိုသည်ဟုဆိုကာ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ကို ကြည့်မြင်တိုင်မြို့နယ်မှ ကိုသက်မျိုးဦး ဆိုသူက ကျောက်တံတားမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထား ကြောင်း

ဇူလိုင်လ ၂ရက်နေ့ ရုံးချိန်းတွင် တွေ့ရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း / ဒီလှိုင်းဝင်း / ဧရာဝတီ

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အမှု စွဲချက် မတင်မီ ပယ်ချ

by ဒီလှိုင်းဝင်း
2 July 2019
8.2k

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအား ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ)ဖြင့် တရားစွဲခံထားသည့် အမှုကို ဇူလိုင်လ ၂ ရက်က မဟာအောင်မြေမြို့နယ် တရားရုံးမှ စွဲချက် မတင်မီ ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

Next Post
အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်သည် လုပ်ကြံတည်ဆောက်ထားသော စိတ်ကူးယဉ် လူမျိုးစုညီညွတ်ရေးအပေါ် အခြေမခံဘဲ ပင်လုံကို ညီညွတ်ရေး လှုံ့ဆော်မှု တွန်းအားအဖြစ် မြင်သင့်သည် / ဧရာဝတီ

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ယုံတမ်းစကား

The Voice သတင်းစာ၏ ပင်တိုင် သရော်စာ ဆောင်းပါးရှင်  ဗြိတိသျှကိုကိုမောင် ခေါ် ကိုကျော်စွာနိုင် / သက်ထွန်းနိုင် / ဧရာဝတီ

ဇက်သတ်ထားရတဲ့ သရော်စာရေးသူ ဗြိတိသျှ ကိုကိုမောင်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.3k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate