• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အပြည်ပြည်ဆိုင်ရာ လူငယ်များ စက်ရုပ်ပြိုင်ပွဲတွင် မြန်မာအသင်း အဆင့် ၆ ရရှိခဲ့

by တင်ထက်ပိုင်
31 July 2017
in သတင်း
A A
မြန်မာလူငယ်စက်ရုပ်အသင်းကို အမေရိကန်သံအမတ်နှင့် အတူ မြင်ရစဉ်  / တင်ထက်ပိုင် / ဧရာဝတီ

မြန်မာလူငယ်စက်ရုပ်အသင်းကို အမေရိကန်သံအမတ်နှင့် အတူ မြင်ရစဉ် / တင်ထက်ပိုင် / ဧရာဝတီ

3.6k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ပထမဦးဆုံး စက်ရုပ်အိုလံပစ်ပြိုင်ပွဲတွင် အဆင့် ၆ ရရှိခဲ့သော မြန်မာလူငယ်စက်ရုပ်အသင်းက ၎င်းတို့၏ အောင်မြင်မှုသည် နိုင်ငံအတွင်းရှိ အခြားသော လူငယ်များ STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျီနီယာနှင့် သင်္ချာ) အတတ်ပညာများကို အသုံးချလာအောင် စေ့ဆော်မှု ဖြစ်စေရန် မျှော်လင့်ကြောင်း ဆိုသည်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တွင် ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့သော အဆိုပါ စက်ရုပ်အိုလံပစ်ပြိုင်ပွဲတွင် ကမ္ဘာအနှံ့နှံ့မှ အသင်းပေါင်း ၁၆၃ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လူငယ်များ သိပ္ပံနှင့်နည်းပညာတွင် စိတ်ဝင်စားမှု မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ထိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
415
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
47
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
171

အသက် ၁၇ နှင့် ၁၈ နှစ်သာ ရှိကြသေးသော အင်ဂျီနီယာကျောင်းသား ၇ ယောက်နှင့် ဖွဲ့စည်းသော မြန်မာစက်ရုပ်အသင်းသည် စက်ရုပ်တည်ဆောက်သည့်အတွေ့အကြုံနှင့် ပြိုင်ပွဲဝင်အတွေ့အကြုံများကို ပြီးခဲ့သည့် သောကြာနေ့က “ဖန်တီးရာ” ရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံကာ ရှင်းလင်းပြောပြခဲ့ကြသည်။ စက်ရုပ်အိုလံပစ်ပြိုင်ပွဲ၏ အကြောင်းအရာမှာ ရေသန့်စင်ရေးနှင့် ပတ်သက်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရေးဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြု လူငယ်စက်ရုပ်အသင်းတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ်၊ တူရကီနိုင်ငံ Bursa Orhangazi Üniversitesi နှင့် ILBC တို့မှ ကျောင်းသားလူငယ်များ ပါဝင်ကာ ဟာ့ဒ်ဝဲပိုင်းကျွမ်းကျင်သူ ကိုကြည်ဇော်ဝင်းက နည်းပြအဖြစ် ဆောက်ရွက်ပေးထားကြောင်း သိရသည်။

အသင်းခေါင်းဆောင် ဘုန်းသီဟကျော်က “တကယ်တန်းပြောရရင် အဆင့် ၁၀ အတွင်းဝင်ဖို့ မမျှော်လင့်ခဲ့မိပါဘူး” ဟု သောကြာနေ့ အခမ်းအနားတွင် ပြောကြားခဲ့ပြီး ကမ္ဘာတဝှမ်းမှ ပြိုင်ပွဲဝင်လူငယ်များနှင့် ၎င်းတို့တည်ဆောက်ထားသော စက်ရုပ်များကို ကြည့်ကာ များစွာသင်ယူလေ့လာခွင့်ရခဲ့ကြောင်း ဆိုသည်။

အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကျော်ဇဇော်က နိုင်ငံအတွင်းရှိ တခြားသော လူငယ်များကို ကိုယ်တိုင်အတွက်သာ မဟုတ်ဘဲ ကိုယ့်ပတ်ဝန်းကျင် တိုးတက်စေရေးအတွက် ရရှိလာသော အခွင့်အရေးများကို သေချာအသုံးချစေလိုကြောင်း တိုက်တွန်းသည်။

“ဒီလို robotics ပြိုင်ပွဲတွေ STEM နယ်ပယ်နဲ့ ဆိုင်တဲ့ ပြိုင်ပွဲတွေကို ကျနော်တို့လို ကျောင်းသားတွေတင် မဟုတ်ဘဲ တခြားလူငယ်တွေလည်း အပြင်က resources အရင်းအမြစ်တွေကို အသုံးချပြီး ပြင်ဆင် ပြိုင်ပွဲဝင်ကြည့်စေချင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မြန်မာအသင်း၏ စက်ရုပ်အတွက် ဆော့ဖ်ဝဲပိုင်းဆိုင်ရာကို ပါဝင်လုပ်ဆောင်ခဲ့သူ၊ အဖွဲ့ဝင် မိန်းကလေး ၂ ဦးအနက် တဦးဖြစ်သူ ၁၇ နှစ်အရွယ် မမေပြည့်စုံကျော်သည် ပြိုင်ပွဲတွင် မိန်းကလေးများသာ ပါဝင်ဖွဲ့စည်းထားသော အခြားနိုင်ငံများမှ အသင်းအချို့ကို တွေ့ရသည့်အခါ စိတ်ဓာတ်တက်ကြွကာ ကိုယ့်ကိုယ်ကိုယ် ပိုမို ယုံကြည်မှု ရှိလာကြောင်း ဆိုသည်။ စက်ရုပ်တည်ဆောက်ခြင်းမှာ မိန်းကလေးများနှင့် မသက်ဆိုင် မလိုက်ဖက်သည့်အလုပ်ဟု မှားယွင်းသည့် အယူအဆသည် တခြားသောမိန်းကလေးအသင်းများကို မြင်တွေ့ရပြီးနောက် လုံးဝပျောက်ကွယ်သွားခဲ့ကြောင်း ပြောသည်။

ပြိုင်ပွဲတွင် ပွဲစဉ် ၆ ခု ယှဉ်ပြိုင်ခဲ့ရပြီး မြန်မာကိုယ်စားပြုအသင်းသည် ၅ ပွဲ အနိုင်ရကာ အဆင့် ၆ ရရှိခဲ့ကြောင်း သိရသည်။ ဥရောပ၊ ပိုလန်၊ အာမေးနီးယား၊ အစ္စရေးနှင့် ဂျာမနီ အဖွဲ့များက ပထမမှ ပဉ္စမ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

မြန်မာလူငယ်အသင်း သွားရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် USAID က ထောက်ပံ့ပေးခဲ့ပြီး ဖန်တီးရာက လိုအပ်သော နည်းစနစ်ပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့နှင့် လမ်းညွှန်မှုများကို ကူညီပေးခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာနှင့် လူရွေးချယ်မှုများကို ဖေဖော်ဝါရီလကတည်းက စတင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၇ ဦးကို စိစစ်ရွေးချယ်ကာ အဖွဲ့ကိုဖွဲ့စည်းပေးခဲ့ကြောင်း မြန်မာကိုယ်စားပြုအသင်း၏ လက်ထောက်နည်းပြဖြစ်သူ၊ ဖန်တီးရာ၏ Associate တဦးလည်းဖြစ်သူ ကိုမြင့်မြတ်အောင်ဇော်က ဆိုသည်။

ယခုကဲ့သို့ အောင်မြင်မှု ရရှိလာခဲ့မှုကြောင့် ရှေ့နှစ်များတွင် အလားတူ ဒေသတွင်းသော်လည်းကောင်း နိုင်ငံတွင်းသော်လည်းကောင်း စက်ရုပ်ပြိုင်ပွဲများ စီစဉ်နိုင်ရန် အထောက်အကူ များစွာပြုလာနိုင်လိမ့်မည်ဖြစ်ကြောင်း အဖွဲ့၏ လက်ထောက်နည်းပြ ကိုမြင့်မြတ်အောင်ဇော်က ပြောသည်။

မြန်မာလူငယ်များ၏ ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်နိုင်ရည်ကို လက်တွေ့သိရှိထားပြီး ဖြစ်သဖြင့် မြန်မာလူငယ်အသင်း၏ ယခုအောင်မြင်မှုကို အံ့လည်း အံ့သြမိသလို မအံ့လည်း မအံ့သြမိကြောင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က ပြောသည်။

“တီထွင်ဖန်တီးချင်စိတ်ရှိတဲ့လူငယ်တွေတွေ့ဆုံပြီး သူတို့ရဲ့ အိုင်ဒီယာတွေကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အခုပြိုင်ပွဲက လူငယ်အသိုက်အဝန်းကောင်းတစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်” ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်။

Your Thoughts …
Tags: စက်ရုပ်ပြိုင်ပွဲ
တင်ထက်ပိုင်

တင်ထက်ပိုင်

Freelancer

Similar Picks:

No Content Available
Next Post
Airbus ကုမ္ပဏီမှ A380 လေယာဉ်ထုတ်လုပ်မှုကို လျှော့ချ

Airbus ကုမ္ပဏီမှ A380 လေယာဉ်ထုတ်လုပ်မှုကို လျှော့ချ

A - H1N1 လူတုပ်ကွေးရောဂါ အခြေအနေအား အသိပေးရှင်းလင်းပွဲတွင် အမှာစကား ပြောကြားနေသည့် ဝန်ကြီးချုပ် မန်းဂျော်နီ / ဆလိုင်းသန့်စင်  / ဧရာဝတီ

ဧရာဝတီတိုင်းတွင် H1N1 ကြောင့် လူ ၆ ဦး သေဆုံး

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.1k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate