• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂၀၁၈ တွင် JICA က မြန်မာ SMEs လုပ်ငန်းများသို့ ချေးငွေ သုံးဆတိုးပေးရန် ဆွေးနွေး

by မျိုးပပစန်း
31 July 2017
in သတင်း
A A
၂၀၁၈ တွင် JICA က မြန်မာ SMEs လုပ်ငန်းများသို့ ချေးငွေ ၃ ဆတိုးမြှင့်ချေးရန် ဆွေးနွေးနေပြီဖြစ်သည်။

၂၀၁၈ တွင် JICA က မြန်မာ SMEs လုပ်ငန်းများသို့ ချေးငွေ ၃ ဆတိုးမြှင့်ချေးရန် ဆွေးနွေးနေပြီဖြစ်သည်။

5.8k
VIEWS
Share on FacebookShare on Twitter

၂၀၁၈ ခုနှစ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) က မြန်မာ SMEs လုပ်ငန်းများသို့ ချေးငွေ ၃ဆတိုးပေးရန် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SME) ဖွံ့ဖြိုးရေးဌာနနှင့် ဆွေးနွေးနေကြောင်း ယင်းဌာနမှ သိရသည်။

ပြည်တွင်း အသေးစား SME လုပ်ငန်းများနှင့် ပတ်သက်ပြီး ပို့ကုန်ထုတ်လုပ်နိုင်သော လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်း များ တိုးတက်ရန် အလားအလာရှိသည့် လုပ်ငန်းများအတွက် ချေးငွေများရရှိရန် အားပေး လုပ်ဆောင်သွားမည်ဟု တာဝန် သူများက ပြောကြားထားကြောင်း SME ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ဇူလိုင်လ ၂၈ ရက်နေ့က UMFCCI တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
24
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
108
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
99

“JICA က ကျပ် ၅၀ ဘီလီယံ ပေးထားတယ်။ ၂၀၁၈ မှာတော့ ကျပ်၁၅၀ ဘီလီယံပေးဖို့ ဆွေးနွေးနေပါတယ်။ ဒီအချိန်မှာ ချေးငွေလိုချင်တဲ့သူက အရမ်းများတယ်။ တဦးတည်းကို ကျပ်သိန်း ၅၀၀၀ လောက်ပေးတာထက် SME လုပ်ငန်းတွေ ကျပ်သိန်း ၁၀၀၀ လောက်နဲ့ ရရင်ကိုအဆင်ပြေနိုင်မယ့် လုပ်ငန်းတွေ ရှိတယ်။တချို့ဆို လုံး၀ Product မထုတ်နိုင်ဘူး။ အရင်းအနှီး လုံးဝမရှိဘူး။ ကျပ်သိန်း ၈၀နဲ့ ၁၀၀ လောက် ပေးရင်ကို မားကက်ထဲကို သူ့ Product တွေ ဝင်လာတယ်။ ကျပ်သိန်း ၁၀၀၀ လောက် ပေးလိုက်ရင် ပိုကောင်းမယ်လို့ ပြောတာရှိပါတယ်” ဟု ၎င်းက ဆိုသည်။

SME လုပ်ငန်းများ၏ ၂၀၁၆ ခုနှစ် GDP (ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု) ကိုကြည့်လျှင် လယ်ယာကဏ္ဍတွင် ၂၆ ဒသမ ၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍ၂၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍက ၄၆ ဒသမ ၂ ရာခိုင်နှုန်း အများဆုံး တွေ့ရှိရသောကြောင့် GDP ၄၀ ရာခိုင်နှုန်းအထက် ရှိမှသာလျှင် စက်မှုနိုင်ငံဖြစ်မည်ဖြစ်၍ လိုအပ်ချက်များ ရှိနေကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

၂၀၁၇ ခုနှစ် စာရင်းဇယားများအရ အလုပ်အကိုင် ခန့်ထားမှု ၂၁ ဒသမ ၉ သန်းတွင် ၈၃ ရာခိုင်နှုန်းသည် မှတ်ပုံတင်ခြင်း မရှိသေးသော SME လုပ်ငန်းများ လုပ်ကိုင်ကြသူများ ဖြစ်သောကြောင့် အများစုမှာ ဥပဒေ၏ စောင့်ရှောက် ပံ့ပိုးကူညီမှုကို မရရှိကြောင်း၊ သို့ဖြစ်၍ ယင်းတို့ကို တရားဝင်ဖြစ်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး SME လုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာ သည်နှင့် အမျှ နိုင်ငံ၏ လူမှုစီးပွားရေးမှာလည်း တိုးတက်လာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

GDP ၄၀ ရာခိုင်နှုန်းရရှိစေရန် ငွေကြေးနှင့် နည်းပညာ ပံ့ပိုးမှုများ လိုအပ်နေပြီး မိမိထုတ်လုပ်မည့် စက်မှုလုပ်ငန်းများတွင် အခြေခံကုန်ကြမ်းများ ပြည်တွင်း၌ ရရှိနိုင်ရန်လည်း လိုအပ်ချက်များ ရှိနေကြောင်း SME လုပ်ငန်းရှင်များထံမှ သိရသည်။

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန SME ဖွံ့ဖြိုးရေးဌာနသို့ လက်ရှိအထိ မှတ်တင်ထားသော SME လုပ်ငန်း စုစုပေါင်းမှာ ၆ သောင်း ၃ ရာကျော်ရှိပြီး SME စက်မှုလုပ်ငန်းများမှာ လစဉ် လုပ်ငန်း ၃၀၀ ခန့် မှတ်ပုံတင်မှု တိုးတက် နေကြောင်း ယင်းဌာနမှ သိရသည်။

မွန်ပြည်နယ် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဗဟိုအလုပ်အမှုဆောင် ဦးသက်ဦးက“အထောက်အထား မပြည့်စုံ တဲ့ အပိုင်းတွေကြောင့် ဘဏ်တွေအနေနဲ့ချေးပေးဖို့ရာ အခုထိတော့ အဆင်သင့် မဖြစ်သေးဘူး။ အထောက်အထား တွေ ကလည်း များတယ်။ အဲဒါကြောင့် SME လုပ်ငန်းတွေ ချေးငွေအမှန်တကယ် ရနိုင်ဖို့ ဘဏ်တွေရဲ့ လုပ်ငန်းရှင်တွေ အပေါ် သတ်မှတ်ချက်တွေကို ပြန်ပြီးဖြေလျှော့ပေးဖို့လိုပါတယ်။ အခုက ကျနော်တို့ဆီကို ချေးငွေ ရောက်တာနည်းတယ်” ဟု ပြောသည်။

လက်ရှိတွင် JICA မှ ချေးပေးထားသည့် ကျပ်ငွေ ၅၀ ဘီလီယံကို ပြည်တွင်း SME လုပ်ငန်းများသို့ အပေါင်ပစ္စည်းမဲ့ ချေးယူ လျှင် အတိုးနူန်း ၁၃ ရာခိုင်နှုန်းနှင့် အပေါင်ပစ္စည်းပေး ချေးယူပါက အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေး ပေးလျက် ရှိသည်။

ပထမဆုံးအကြိမ်အဖြစ် ချေးငွေ ၅ ဘီလီယံကို SME လုပ်ငန်းရှင် ၁၁ ဦးသို့လည်းကောင်း၊ ဒုတိယအကြိမ် ချေးငွေ ၃၀ ဘီလီယံကို လုပ်ငန်းရှင် ၁၇၉ ဦးသို့ လည်းကောင်း ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ် (SMIDB)၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ စီဘီဘဏ်၊ ဧရာဝတီဘဏ် စသည့် ပြည်တွင်းဘဏ် ၆ ခုက တဆင့်ခံ ငွေချေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ချေးပေးရန် ကျန်ရှိသည့် ကျပ် ၁၅ ဘီလီယံကို ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်လည်း ထပ်မံ ထုတ်ချေး ပေးနိုင် ရန် ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ထုတ်ချေးထားသည့် ဘဏ် ၆ ခု၏ ချေးငွေ ထုတ်ချေးပေးနေသည့် အခြေ အနေများ၊ မူဝါဒလုပ်ဆောင်ချက်များနှင့် SME လုပ်ငန်းရှင်များအပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိကို JICA က ပြန်လည် သုံးသပ် စိစစ်နေကြောင်း သိရသည်။

Your Thoughts …
Tags: ချေးငွေ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

ကိုယ့်ငွေကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေပြီ (ရုပ်/သံ)

ကိုယ့်ငွေကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေပြီ (ရုပ်/သံ)

by မိုးသောက်
13 July 2024
556

ပြည်တွင်းမှာရှိတဲ့ဘဏ်တွေက အပ်နှံထားတဲ့ငွေတွေကို ခုရက်ပိုင်း အကန့်အသတ်နဲ့သာထုတ်ပေးနေတော့တယ်လို့ ဘဏ်စနစ် အသုံးပြုသူတွေကဆိုပါတယ်။

နွေဦးဘဏ်ကနေ ချေးငွေထုတ်ပေးဖို့ စီစဉ်နေ (ရုပ်/သံ)

နွေဦးဘဏ်ကနေ ချေးငွေထုတ်ပေးဖို့ စီစဉ်နေ (ရုပ်/သံ)

by ဘုန်းအောင်
7 June 2024
151

တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေမှာ အမျိုသားညီညွှတ်ရေး အစိုးရ (NUG) ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SCB) ကနေ အခု ၂၀၂၄ ခုနှစ်အတွင်း ချေးငွေထုတ်ချေးပေးဖို့ စီစဉ်နေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ကိုဗစ်ကာလ အသေးစားငွေချေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်နိုင်မှုက အာရုံစိုက်စရာတခု ဖြစ်လာသည်

အသေးစားငွေချေးလုပ်ငန်းက လူထု အသက်ရှူချောင်ဖို့လား၊ အသက်ရှူကျပ်ဖို့လား၊

by မျိုးပပစန်း
20 July 2020
16.5k

အစိုးရက ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသည့် ချေးငွေယူသူများကို ဆိုင်းငံ့ပေးရန် ညွှန်ကြားမှုများ ရှိနေသော်လည်း မြေပြင်အခြေအနေ၌ တဖက်လှည့်နှင့် အတင်း ကောက်ခံခြင်းများ ရှိနေသည်။

နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ရုံးဆင်းလာသည့် နိုင်ငံ့ဝန်ထမ်းများ  / သီဟလွင်  / ဧရာဝတီ

အစိုးရဝန်ထမ်းများကို ၂လစာ အတိုးမဲ့ ထုတ်ချေးမည်

by အောင်သီဟ
1 September 2020
9.9k

အဆိုပါ အတိုးမဲ့ချေးငွေသည် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) အားလုံး အကျုံးဝင်မည် ဖြစ်ပြီး ချေးငွေကို ဆိုင်းငံ့ကာ လ ၆ သတ်မှတ်နှင့် ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ကာ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

အစိုးရဆီမှာ တရားဝင်မှတ်ပုံတင် ထားတဲ့ SME လုပ်ငန်းရှင် ၆၇၇၉၈  ဦးရှိပြီး အဲဒီအထဲကမှ ချေးငွေရရှိသူ ၃၀၀ ခန့်ရှိ / Reuters

SME တွေ ချေးငွေရဖို့ ဘာလို့ခက်နေလဲ

by ကောင်းမြတ်မင်း
9 October 2018
19.7k

ယမန်နှစ်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် မြန်မာနိုင်ငံက SME များ အစိုးရချေးငွေ မရရှိခဲ့ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

Next Post
ရန်ကုန်မြို့တွင်း Mask များ တပ်၍ သွားလာနေကြသူများ / သက်ထွန်းနိုင် / ဧရာဝတီ

H1N1 လူနာ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၂ ဦးရှိလာ

ရုရှားသမ္မတ ပူတင် / Sergey Guneev

အမေရိကန်ရဲ့ ဒဏ်ခတ်မှု သံဝန်ထမ်းနှင်ထုတ်ခြင်းဖြင့် ရုရှားတုံ့ပြန်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

14 hours ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate