သတင်း

ကလေးအလောင်းပျောက်ဆုံးမှု ဆေးရုံဝန်ထမ်းများကို မိသားစု တရားစွဲ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံတွင် ကွယ်လွန်သွားခဲ့သော ကလေးငယ်၏ အလောင်းကို အခြားမိသားစုထံသို့ ထုတ်ပေး ခဲ့ကြောင်း သိရှိရပြီးနောက် ကွယ်လွန်သူကလေးငယ်၏ မိသားစုများရ ဆေးရုံမှ ဝန်ထမ်းများကို တရားစွဲဆို ထားကြောင်းသိရသည်။

မိသားစုက ရန်ကင်းရဲစခန်းတွင် ဇူလိုင်လ ၂၉ ရက်နေ့က အမှုဖွင့်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်နေ့တွင် ရဲတပ်ဖွဲ့တွင် ထွက်ဆိုချက်ပေးခဲ့ရာ ပုဒ်မ၂၉၇ ဖြင့် အမှုဖွင့်ထားသည်။ ပြစ်မှုဆိုင်ရာ ဥပဒေ ၂၉၇ အရ “ကိုးကွယ်ဝတ်ပြုသောနေရာ/ သင်္ချု ိင်း/ မသာ(အသုဘ) အခမ်းအနားများကို ကျူးကျော် စော်ကားခြင်း” ပြုလုပ်သူသည် ထောင်ဒဏ် တစ်နှစ်ထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကိုကျခံ ရနိုင်သည်။

“ကျမတို့က ဒီကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့သူကို စုံစမ်းစစ်ဆေးစေချင်ပါတယ်။ တခြားမိသားစုတွေ တခြားမိဘတွေ ဒီလို ဆုံးရှုံးမှုမျိုးထပ်မဖြစ်အောင် ဒီလိုအမှားတွေ ထပ်မဖြစ်အောင် အမှုစွဲရခြင်း ဖြစ်ပါတယ်” ဟု ဒေါ်ဂျာဘောက်မိုင်က ပြောသည်။

ရှမ်းပြည်နယ် မူဆယ်မြို့နယ်မှ အသက် ၄ လသားအရွယ် မောင်ဇော်ဆွတ်အောင်သည် သွေးဖြူဥနှင့် သွေးနီဥ အရေ အတွက် နည်းပါးသည့် ရောဂါကို ကုသရန်အတွင် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။ ထိုရောဂါ ရှိနေကြောင်း လွန်ခဲ့သည့် ၂ လ က သိရှိခဲ့ခြင်း ဖြစ်သည်။

မောင်ဇော်ဆွတ်အောင်ကို ရန်ကင်းကလေးဆေးရုံမှ တဆင့် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဟယ်လ်ပင်ကလေးဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ သို့သော် ရန်ကင်းဆေးရံမှာ လူနာအတွက် ကိရိယာ ပိုမိုစုံလင်၍ ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်းတွင် ရန်ကင်းဆေးရုံသို့ ပြန်လာခဲ့ကြောင်း၊ ထိုည ၁၀ နာရီတွင် မောင်ဇော်ဆွတ်အောင် ကွယ်လွန်ခဲ့ကြောင်း အဒေါ်ဖြစ်သူ ဒေါ်ဂျာဘောက်မိုင်က ပြောပြသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် မိသားစုများက အလောင်းထုတ်ယူရန် ဆေးရုံရေခဲတိုက်သို့ သွားသောအခါ အလောင်းကို အခြားသူတဦးသို့ ထုတ်ပေးခဲ့ပြီး ဖြစ်သည်ဟုု သူတို့ကိုပြောကြောင်း ဒေါ်ဂျာဘောက်မိုင်က ပြောသည်။

“အလောင်းကို တောင်ဒဂုံမှာ ရှိတဲ့ ကျီစု သုဿန်ကို ယူသွားတယ်လို့ သူတို့က ပြောတယ်။ ဒါပေမယ့် ကျမတို့က ရန်ကုန်က မဟုတ်တဲ့ အတွက် ကျီစုဆိုတာ ဘာလဲ၊ ဘယ်မှာ ရှိသလဲ ဆိုတာ မသိပါဘူး။” ဟု ဒေါ်ဂျာဘောက်မိုင်က ဧရာဝတီသို့ ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောသည်။

မိသားစုက ကလေးငယ်ကို ခရစ်ယန် ထုံးတမ်းအစဉ်အလာနှင့် အညီ မြှုပ်နှံရန် ရည်ရွယ်ထားခဲ့သော်လည်း အသုဘ အခမ်းအနားကို အလောင်းမပါဘဲ ပြုလုပ်ခဲ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading