သတင်း

H1N1 ပိုးတွေ့ လူနာဦးရေ တိုးသော်လည်း ထပ်မံသေဆုံးသူ မရှိ

Want create site? Find Free WordPress Themes and plugins.

ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ် ၁ ရက်နေ့အထိ ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 Positive လူနာ ၁၄ ဦး ရှိလာသော်လည်း ထပ်မံသေဆုံးသူ မရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က သြဂုတ် ၁ ရက်နေ့တွင် ဧရာဝတီသို့ အတည်ပြု ပြောသည်။

“ပြင်းထန်အဆုတ်ရောင် ရောဂါနဲ့ ဆေးရုံတက်သူပေါင်း ၂၄၅ ဦး ရှိပါပြီ။ ပိုးတွေ့တဲ့ လူနာပေါင်းကတော့ ၇၆ ဦး၊ သေဆုံးသူ ကတော့ ၁၂ ဦးပါ။ သေဆုံးသူကတော့ ထပ်မရှိပါဘူး” ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

အဆိုပါ ရာသီတုပ်ကွေးH1N1 တွေ့ရှိသူ ၁၄ ဦး အနက် ၇ ဦးမှာ ရန်ကုန်တိုင်းမှ ၂ယောက်၊ ဧရာဝတီတိုင်း မှ ၃ ယောက် ၊ နေပြည်တော်မှ ၁ ယောက်၊ မကွေးတိုင်းမှ ၁ယောက် ဖြစ်ပြီး ကျန် ၇ ယောက်၏ ဒေသကို အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

သေဆုံးခဲ့သော ၁၂ ဦးသည် ရန်ကုန်တိုင်းဒေသကြီးမှ ၆ ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ၂ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၃ ဦး နှင့် မွန်ပြည်နယ် ဒေသကြီးမှ ၁ ဦး ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ် ၁ ရက်နေ့ နေ့လယ်၂ နာရီ အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ လူနာ ၂၄၅ ဦး၊ ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 Positive လူနာ စုစုပေါင်း ၇၆ ဦး နှင့် သေဆုံးသူ ၁၂ ဦးအထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ စာရင်းများ အရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading