• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်နိုင်ငံရေးပါတီများ ၂၀၁၈ အတွင်း အပြီးပေါင်းစည်းမည်

by နန်းလွင်နှင်းပွင့်
4 August 2017
in သတင်း
A A
KPCC မှ ကျောက်မြက်ဥပဒေပါ အချက်များကို ပြင်ဆင်နိုင်ရေး ကချင်ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးနေစဉ် / KPCC KACHIN

KPCC မှ ကျောက်မြက်ဥပဒေပါ အချက်များကို ပြင်ဆင်နိုင်ရေး ကချင်ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးနေစဉ် / KPCC KACHIN

5.7k
VIEWS
Share on FacebookShare on Twitter

ကချင်နိုင်ငံရေးပါတီ ၄ ခုကို တပါတီတည်းဖြစ်အောင်၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် ပေါင်းစည်းကြရန် ပါတီ ၄ ခု အကြား သဘောတူထားကြသည်ဟု သတင်းရရှိသည်။

၂၀၁၈ ခုနှစ်အတွင်း တပါတီတည်းဖြစ်အောင် ပူးပေါင်းမည့် ကချင်နိုင်ငံရေးပါတီ ၄ ခုမှာ ကချင် ဒီမိုကရက် တစ်ပါတီ (KDP)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)၊ ကချင်အမျိုးသားကွန်ဂရက် ပါတီ (KNC) နှင့် လော်ဝေါ် အမျိုး သားစည်လုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP) တို့ ဖြစ်သည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
178
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.4k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
44

LNUDP ပါတီ အတွင်းရေးမှူး ဦးလွမ်းဒေါင်က “တပါတီတည်းဖြစ်အောင် ကျနော်တို့ သဘောထားတွေ ညှိနှိုင်းနေတဲ့ အဆင့်မှာ ရောက်နေပါပြီ။ ကချင်ပြည်နယ် အတွက် သဘောထားတခုတည်းဖြစ်အောင် တဖွဲ့နဲ့ တဖွဲ့ ကြားမှာ ညှိနှိုင်းနေတယ်။ ၂၀၁၈ ခုနှစ် မှာတော့ တပါတီတည်းဖြစ်အောင် ထူထောင်မယ်လို့ သဘောတူ ထားကြပါတယ် ” ဟု ဧရာဝတီကို ပြောသည်။

တပါတီတည်းဖြစ်အောင် ပူးပေါင်းရန် ဆွေးနွေးနေသည့် ကိစ္စရပ်များကို ပါတီ ၄ ခုမှ တာဝန်ရှိသူများက ကချင် ပြည်သူလူထုများအား ပြောဆိုတိုင်ပင်ခြင်းများရှိပြီး LNDUP က ပြည်သူလူထုများကို ချပြရာတွင် လော်ဝေါ်မျိုးနွယ်စုမှ ပြည်သူ အချို့က သဘောထားတင်းမာသည့် အနေအထားရှိကာ ၄ပါတီအနက် ကချင်ပါတီ ၃ခု ပူးပေါင်းပြီး အဆင်ပြေမှသာလျှင် လော်ဝေါ်ပါတီက ပူးပေါင်းရန် ပြောဆို အကြံပေး သူ များလည်း ရှိသည်ဟု ဦးလွမ်းဒေါင်က ဆိုသည်။

“တချို့ကျတော့ ဘယ်လိုပဲ ပေါင်းပေါင်း ကချင်တွေကတော့ လော်ဝေါ်တွေကို ပစ်ထားမှာပဲ။ ကြည့်မှာ မဟုတ်ဘူးဆိုပြီး ပြောနေကြတယ်။ ကျနော်တို့က ကချင်မျိုးနွယ် ၆ မျိုးလုံး ကောင်းကျိုးအတွက် လုပ်ဖို့ ရည်မှန်းချက် ရှိပါတယ်။ အဲဒါကို နားလည်အောင် ရှင်းပြရင်း သိမ်းသွင်းနေတဲ့ အခြေအနေလည်း ရှိတယ် “ ဟု ဦးလွမ်းဒေါင်က ဆိုသည်။

တပါတီတည်း ပေါင်းစည်းနိုင်ရေးအတွက် အပတ်စဉ်တိုင်း အစည်းအဝေးများ ပြုလုပ်လျက်ရှိပြီး ဆွေး နွေး မှုများထဲတွင် တပါတီတည်းဖြစ်သွားပါက ကချင်မျိုးနွယ်စု ၆စု ဖြစ်သည့် ဂျိမ်းဖော့၊ ရဝမ်၊ လော်ဝေါ်၊ လီဆူ၊ လချိတ်၊ ဇိုင်ဝါး ၏ အကျိုးကို ဆောင်ရွက်ရန်၊ အခြားပါတီများနှင့် မဟာမိတ်ဖွဲ့ရေး ဆောင်ရွက်ရန် နှင့် တပါတီတည်း ဖြစ်ပြီးနောက် အဖွဲ့များ ပြန်မကွဲပြားရေး တို့ကိုလည်း ထည့်သွင်းထားသည်ဟု သိရသည်။

KSDP ပါတီ ဗဟိုကော်မတီဝင် ဦးတူးရော်ကလည်း “ကျနော်တို့ ၄ ပါတီက လက်ရှိမှာ ဥက္ကဋ္ဌတွေ တိုင်ပင်ဆွေးနွေး သလို အတွင်းရေးမှူးအဖွဲ့တွေ ကြားမှာလည်း တပါတီ ဖြစ်ရေးကို ဆွေးနွေးနေတယ်။ ဥက္ကဋ္ဌရွေးချယ်ရေး၊ ဗဟို ကော်မတီရွေးချယ်ရေးတွေမှာ ဘယ်လို လုပ်ကြမလဲ ။ ဘာသာရေး၊ယဉ်ကျေးမှု အစရှိတာတွေ ပြည်သူ တွေကို ဘာတွေ လုပ်ပေးနိုင်မလဲ ညှိနေပါတယ်” ဟုပြောသည်။

ကချင် ၄ ပါတီအကြား ကချင်ပြည်သူလူထု အကျိုးဆောင်ရွက်ရေးနှင့် နိုင်ငံရေးအရ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားလိုသည့် မူဝါဒများလည်း တူညီကြပြီး ခေါင်းဆောင်ပိုင်း တွင် အနည်းငယ်ညှိနှိုင်းရန် အချက်အလက်များ ကျန်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

KSDP ပါတီစည်းရုံးရေး ဆင်းသည့် အချိန်တိုင်း လူထုက ကချင်နိုင်ငံရေးပါတီများပြားနေသည့် အကြောင်းကို ပြောဆို နေကြပြီး ပါတီပေါင်းစည်းရေးပြုလုပ်မည်ကို ပြည်သူလူထုက သဘောတူကြောင်း၊ တိုက်တွန်းကြောင်း ပြောသည်ဟု ဦးတူးရော်က ဆိုသည်။

“ကျနော်တို့လည်း ၂၀၂၀ နိုင်ငံရေးအခင်းအကျင်းကို မျှော်မှန်းတဲ့အခါ မဖြစ်သင့်တော့ဘူး။ တပါတီတည်း ပူးပေါင်းပြီး ကချင်လူထုအကျိုးဆောင်ရွက်ကြရမယ်။ ဒါကြောင့် ၂၀၁၈မှာ တပါတီတည်း ပူးပေါင်းဖို့ ရည်မှန်းချက် ထားရခြင်း ဖြစ်ပါတယ်” ဟု ဦးတူးရော်က ဆိုသည်။

ကချင်ပါတီများအနေဖြင့် လက်ရှိတွင် အနိုင်ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ် များကို အားမရကြောင်း၊ NLD အမတ်များမှာ ကချင်ပြည်သူလူထုများအကြောင်းကို နားမလည်ကြခြင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များကို မလွန်ဆန်နိုင်ခြင်းတို့ကြောင့် ပြည်သူများအပေါ် ကူညီဆက်သွယ်ရာတွင် နှောင့်နှေးမှုများ မြင်တွေ့ရကြောင်း ဝေဖန်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် စစ်အစိုးရနေရာတွင် အရပ်သားအစိုးရကို ပြောင်းလဲလိုပြီး ကချင် နိုင်ငံရေးပါတီများ များပြားနေသဖြင့် ကချင်ပြည်သူလူထုက NLDကို မဲပေးခဲ့ရခြင်း ဖြစ်ကြောင်း၊ ကချင် ပါတီများ မဲရှုံးခဲ့ကြောင်း၊ ထိုသင်ခန်းစာကို ယူပြီး ပါတီပေါင်းစည်းရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ကချင် နိုင်ငံရေးပါတီ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

ကချင်ပါတီ ၄ ခုမှ ကိုယ်စားလှယ်များက နိုင်ငံရေးပါတီဆိုင်ရာလုပ်ငန်းများ အတူတကွလုပ်ဆောင်နိုင်ရန် ကချင် နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC) ကို ၂၀၁၆ ခုနှစ်၊ ဧပြီလမှ စ၍ ဖွဲ့စည်းထားသည်။

KPCC က တပါတီတည်းဖြစ်ရေးအတွက် ဆွေးနွေးသည့်အပြင် လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေ ရေးရာများ၊ ၂၁ရာစုပင်လုံ အစည်းအဝေးများတွင် တင်ပြမည့်အချက်အလက်များ ဆွေးနွေးခြင်း အပါအဝင် ကချင်ပြည်သူလူထုများနှင့် သက်ဆိုင်သည့် အရေးများ ဆွေးနွေး ဆောင်ရွက် လျက်ရှိပြီး သြဂုတ်လ ၄ ရက်မှစ၍ ကချင်ပြည်နယ်၏ဖက်ဒရယ်မူ တခုကို စတင် ရေးဆွဲမည် ဟုဆိုသည်။

Your Thoughts …
Tags: ကချင်နိုင်ငံရေးပါတီ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ကျည်ထောင်စုသစ္စာသရော်စာဆောင်းပါးနှင့် ပတ်သက်ပြီး တရားစွဲဆိုခံထားရသည့် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့ကို ပထမအကြိမ်ရုံးထုတ်တွင်တွေ့မြင်ရပုံ / သက်ထွန်းနိုင် / ဧရာဝတီ

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ အာမခံရရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး / သက်ထွန်းနိုင် / ဧရာဝတီ

H1N1 ကြောင့် သေဆုံးသူ ၁၄ ဦးထိရှိလာ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate