• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်မြင်သူ အိုးဘိုအကျဉ်းကျ ၅ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ

by ဒီလှိုင်းဝင်း
7 August 2017
in သတင်း
A A
တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်မြင်သူ အိုးဘိုအကျဉ်းကျ ၅ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
10.5k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် အိုးဘိုအကျဉ်းထောင်တွင် ၂၀၁၆- ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ၅ ဦးကို ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ အရ လွတ်ငြိမ်ချမ်းသာခွင့်ဖြင့် ယနေ့ သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းက လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ကလေးတွေဟာ ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းကို အကျဉ်းထောင်အတွင်းက ဝင်ရောက်ဖြေဆိုခဲ့ ပါတယ်။ သူတို့တွေရဲ့အောင်မြင်မှုကြောင့် နိုင်ငံတော်က အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရတဲ့ကလေးတွေ စာမေးပွဲဖြေရင် အရင်က အင်းစိန်ထောင်မှာပဲ ဖြေခဲ့ကြ ရတာ။ ၂၀၁၆- ၁၇ ပညာသင်နှစ်မှ မန္တလေးထောင်မှာဖြေလို့ ရအောင် ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာ အခုလို အောင်မြင်မှုရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်’’ ဟု မန္တလေးအိုးဘို အကျဉ်းထောင်တာဝန်ခံအရာရှိတဦးက ပြောသည်။

RelatedPosts

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

18 June 2025
77
စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

18 June 2025
36
သိမ်းထားတဲ့မြို့တွေကို ကိုးကန့်ရဲ့ အထူးဒေသ (၁) အဖြစ်သတ်မှတ်ဟုဆို (ရုပ်/သံ)

သိမ်းထားတဲ့မြို့တွေကို ကိုးကန့်ရဲ့ အထူးဒေသ (၁) အဖြစ်သတ်မှတ်ဟုဆို (ရုပ်/သံ)

18 June 2025
95

ယခုကဲ့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူများကို နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်သောအားဖြင့် လည်းကောင်း၊ ပြင်ပတွင် တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနိုင်ရေး ရှေးရှုသောအားဖြင့်လည်းကောင်း ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁နှင့်အညီ ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် နောက်တကြိမ်ပြစ်မှု ထပ်မံကျုးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းချက်များဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည့်သူများမှာ ကျောင်းသား ၄ ဦး ကျောင်းသူ ၁ ဦး ပေါင်း ၅ ဦးဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့မှ မောင်ဟိန်းထက်အောင်က ဂုဏ်ထူးရဘာသာ ဇီဝဗေဒ၊ ကယားပြည်နယ် လွိုင်ကော်မြို့မှ မောင်လှိုင်မင်းဦးက ဂုဏ်ထူးရဘာသာ ဇီဝဗေဒ၊ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့ မှ မောင်ထွဋ်ခေါင်မျိုးဝင်းက ဂုဏ်ထူးရဘာသာ ဘောဂဗေဒ၊ ကျိုင်းတုံမြို့မှ မောင်အောင်ချမ်းမင်းက ဂုဏ်ထူးရဘာသာ ဘောဂဗေဒ နှင့် ကချင်ပြည်နယ် ရွှေကူမြို့မှ မရွှန်းလဲ့ဝေကျော်က ဂုဏ်ထူးရဘာသာ ဘောဂဗေဒ၊ သမိုင်းနှင့် ပထဝီ တို့ဖြစ်ကြောင်းသိရသည်။

အကျဉ်းထောင်အတွင်းမှ ထူးချွန် ကျောင်းသားများပေါ်ထွက်ရေး အကျဉ်းဦးစီးဌာနမှ အကျဉ်းထောင်ဝန်ထမ်းများနှင့် အကျဉ်းကျနေသူ ပညာတတ်များက ဆရာအဖြစ် သင်ကြား ပြသပေးခြင်းပြုလုပ်ပေးခဲ့ကြကြောင်းသိရသည်။

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၁ ဦး အနက် ၇ ဦး အောင်မြင်ကာ ဂုဏ်ထူးရကျောင်းသား ၅ ဦး ပေါ်ထွက်ခြင်းဖြစ်ပြီး ၎င်းတို့သည် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အမှုများဖြင့် ပြစ်ဒဏ်ကျခံနေရခြင်း ဖြစ်သည်။

၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းမှ ၉ ဦးအောင်မြင်ရာ ၁ ဘာသာဂုဏ်ထူးရှင်တဦး ပေါ်ထွက်ခဲ့သလို ကျန်အကျဉ်းထောင်စာ စစ်ဌာနများ၌ အောင်မြင်သူမရှိဟု နေပြည်တော်အကျဉ်းဦးစီးဌာန ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Your Thoughts …
Tags: လွတ်ငြိမ်းချမ်းသာခွင့်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်

အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်

by ဗညားအောင်
6 August 2023
4.1k

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည် လူပုဂ္ဂိုလ်တယောက်၊ နိုင်ငံရေးပါတီတရပ်က လက်နက်ကိုင် တိုက်ခိုက်မည်ဟု ဆုံးဖြတ်ချပြီး လှုံ့ဆော်၍ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရန်နှင့် အပစ်ရပ်ရေး စစ်ကောင်စီကို ကုလသမဂ္ဂ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရန်နှင့် အပစ်ရပ်ရေး စစ်ကောင်စီကို ကုလသမဂ္ဂ တောင်းဆို

by ဧရာဝတီ
13 April 2025
1.3k

အကျဉ်းချခံထားရသည့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းထားသည့် အခြားသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန် ကုလသမဂ္ဂက တောင်းဆိုလိုက်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ် / AFP

ရွေးကောက်ပွဲပြီးလျှင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းပြန်ပြီး အဖမ်းခံမည်

by ဧရာဝတီ
30 March 2023
6.2k

လာမည့်ရွေးကောက်ပွဲတွင် ဖွေထိုင်းပါတီ အနိုင်ရလျှင်ပင် ပါလီမန်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် ကြိုးစားမည်မဟုတ်ကြောင်း မစ္စတာ သက်ဆင်က ပြောသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်ရှိ အင်းစိန်ထောင် အပြင်ဘက်တွင် လွတ်လာသည့် အကျဉ်းသားများ သယ်ဆောင်လာသည့် ဘတ်စ်ကားကို လမ်းကြောင်းရှင်းပေးနေသည့် ရဲများ  / AFP

နိုင်ကျဉ်း အနည်းငယ်သာလွှတ်သည့် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ပိုမို ဖိအားပေးရန် လိုအပ်သည်

by အောင်ဇော်
22 November 2022
6.7k

ထောင်တွင်းတွင် ရှိနေသင့်သူများသည် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီခေါင်းဆောင်များသာ ဖြစ်ကြောင်း မိမိတို့အားလုံး သိကြသည်။

လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျ ၂ ဦး လွတ်မြောက်ရေး မျှော်လင့်ဆဲ

လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျ ၂ ဦး လွတ်မြောက်ရေး မျှော်လင့်ဆဲ

by ငြိမ်းငြိမ်း
20 April 2018
27.4k

သမ္မတအပြောင်းအလဲတွင် မြန်မာပြည်မှ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံခြားသားများ ပြန်လွတ်သကဲ့သို့ ၎င်းတို့ကိုလည်း ထိုင်းအစိုးရမှ လွှတ်ပေးရေး စဉ်းစားပေးရန် မျှော်လင့်နေကြသည်ဟုု ဆိုသည်။

ယနေ့အင်းစိန်ထောင်မှ ပြန်လွှတ်လာသည့် မျိုးချစ် တဦး  / ဧရာဝတီ

လွတ်ငြိမ်းချမ်းသာခွင့်၌ မျိုးချစ်ဆိုသူများပါ လွတ်မြောက်

by ဧရာဝတီ
12 February 2021
9.5k

၎င်းတို့ ပြန်လည် လွတ်မြောက်လာမှုကို အမျိုးသားရေး တက်ကြွလှုပ်ရှားခဲ့သူ ဆရာတော် ဦးပါမောက္ခနှင့် အမျိုးသားရေး လှုပ်ရှားသူ ဦးဝင်းကိုကိုလတ် အပါအဝင် မျိုးချစ်ဆိုသည့် လူတချို့ လာရောက် ဝန်းရံခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ အစရှိသည့် ကြွေးကြော်သံများ...

Next Post
2017 ထုတ် Ducati Monster 821 ဆိုင်ကယ်

2017 ထုတ် Ducati Monster 821တွေ ဈေးကွက် ဝင်နေပြီ

ဘယ်တော့မှ မမေ့ဘူး

ဘယ်တော့မှ မမေ့ဘူး

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.3k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate