သတင်း

တရားလို ကိုကျော်မျိုးရွှေအား တရားခံအဖြစ် ဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်းအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားလို အဖြစ် တိုင်ကြားခဲ့သူ ကိုမျိုးရွှေအား နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရား ရုံး တရားခွင်အပြီးတွင် ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀) ရဲစခန်းသို့ ဖမ်းဆီးခဲ့ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

ဦးကျော်မျိုးရွှေသည် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် ထားပြီး ယင်းအမှုအတွက် ယနေ့ မဟာအောင်မြေမြို့နယ်တရားရုံးသို့ ဒုတိယအကြိမ် ရုံးချိန်း လရောက်စဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရသည့် ကိုကျော်မျိုးဆွေက တရားရုံးအထွက်တွင် “တရားလိုကနေ တရားခံ ဖြစ်သွားပြီ” ဟု လက်နှစ်ဖက်ကို မြှောက်ပြီး အော်ပြောခဲ့သည်။

ကိုကျော်မျိုးရွှေသည် ပြီးခဲ့သည့်တပတ်က မန္တလေးမြို့ သာသနာ ၂၅၀၀ ဗိမာန်တွင် ပြုလုပ်ခဲ့သည့် အစိုးရ ဆန့်ကျင် သပိတ်မှောက်ပွဲ၌ ပါဝင်ခဲ့သည်။

၎င်းသည် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရကာ သပိတ်စခန်း ဖြိုခွင်းသည့် ည သြဂုတ် ၄ ရက်နေ့က ထွက်ပြေး တိမ်းရှောင်ခဲ့သဖြင့် ချမ်းမြသာစည်တရားရုံးက ဖမ်းဝရမ်း ထုတ်ထားသည့် တရားခံ ပြေးတဦးလည်း ဖြစ်သည်။

“တကယ်လို့ ဒီနေ့ တရားခွင်ကို တရားလိုသာ ရောက်မလာခဲ့ရင် ကျင့်ထုံးဥပဒေပုဒ်မ ၂၄၇ အရ စွပ်စွဲခံထားရတဲ့ ဦးဆွေဝင်းက အပြီးအပြတ် လွှတ်ပေးရမယ့် ရပိုင်ခွင့် ရှိပါတယ်။ ဒီရပိုင်ခွင့်ကို မရရှိစေဖို့ အတွက် တမင်ရည်ရွယ်ချက် ရှိရှိ ဥပဒေကို မဖြောင့်မမှန် ဆောင်ရွက်သွားတယ်လို့ သုံးသပ်ပါတယ်” ကိုဆွေဝင်း၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က မီဒီယာများအား ပြောသည်။

ကိုဆွေဝင်း၏ အမှုကို တတိယရုံးချိန်းအဖြစ် လာမည့် သြဂုတ် ၂၁ ရက်တွင် ကြားနာ စစ်ဆေးမည်ဖြစ်ပြီး ကိုကျော်မျိုး ရွှေသည် ဖမ်းဆီးခံရသော်လည်း အဆိုပါ ရုံးချိန်းများ၌ တရားလိုအဖြစ်ပင်ရှိနေမည် ဖြစ်ကြောင်း မဟာအောင်မြေ မြို့နယ် တရားရုံးမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading