သတင်း

မောင်တော၌ ဒေသခံများ ကျေးရွာများမှ စွန့်ခွာမှုများရှိနေ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာမှ မြိုတိုင်းရင်းသား ၈ ဦးသည် သြဂုတ်လ ၃ ရက်နေ့က အသတ်ခံရပြီး နောက် ထိုကျေးရွာနှင့်အနီးတဝိုက်ရှိ ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်များကို စွန့်ခွာ၍ လုံခြုံရေး ကောင်းမွန် သည့် နေရာများသို့ ပြောင်းရွှေ့နေကြကြောင်း သိရသည်။

နေရပ်စွန့်ခွာနေကြသည့် ကျေးရွာခံများသည် ဘင်္ဂါလီအကြမ်းဖက်သမားများ အခြေစိုက်လှုပ်ရှားနေသည့် မေယုတောင် ခြေအနီးတဝိုက်မှ ကျေးရွာများ ဖြစ်ပြီး၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင် စသည့်မြို့နယ်များမှ ပြည်သူများ ဖြစ် ကြောင်း ထွက်ပြေးနေသူများနှင့်သွားရောက် တွေ့ဆုံခဲ့ကြသည့် ရခိုင်ပြည်နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များက ဧရာ၀ တီ ကို ပြောသည်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ် ၃ ခုမှ နေရပ်စွန့်ခွာ ထွက်ပြေးလာသူများသည် လုံခြုံရေး ကောင်းမွန် သည့်ကျေးရွာများနှင့်ဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံနေကြကြောင်း၊ ထွက်ပြေးလာသူများနှင့်တွေ့ဆုံခဲ့သူ ANP ပါတီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံ က ပြောသည်။

ဦးဖိုးစံက “အများစုကတော့ သူတို့ရွာတွေကို မပြန်ရဲကြဘူးလို့ ပြောကြတယ်၊ တချို့ရွာတွေမှာ အကြမ်းဖက်သမားတွေ ရှိ တယ်လို့ သိရပေမယ့် လုံခြုံရေးတပ်ဖွဲ့တွေ တောင် ဝင်မရှာရဲကြတဲ့အခြေအနေတွေပါ၊ အဲဒါကြောင့် ဒေသခံပြည်သူတွေက ပိုပြီး တော့ ထိတ်လန့် နေကြတာ တွေ့ရတယ်” ဟု ဆိုသည်။

ရသေ့တောင်မြို့နယ် အောက်နန်းရာ ကျေးရွာတွင်လည်း မသင်္ကာသူများကို ရှာဖွေရေး ဆောင်ရွက်မည့် လုံခြုံရေး တပ်ဖွဲ့ ဝင်များအား ဘင်္ဂါလီရွာသားများက လူအုပ်စုဖြင့် တုတ်၊ ဓား၊ လေးခွ စသည့် လက်နက်များဖြင့် ခုခံတိုက်ခိုက်၍ တပ်ဖွဲ့ဝင် များသည် နောက်ဆုတ်ခဲ့ကြရကြောင်း အစိုးရ က သတင်းထုတ်ပြန်ထားသည်။

ထိုဖြစ်ရပ်ကြောင့် အောက်နန်းရာကျေးရွာနှင့်နီးစပ်သည့် ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်ရွာ၊ ပေါက်ပင်ရင်း စသည့် ကျေး ရွာများမှ ပြည်သူများသည်လည်း မိမိတို့ကျေးရွာများကို စွန့်ခွာ၍ ထွက်ပြေးလာခဲ့ကြကြောင်း ဒေသခံများ က ပြောသည်။

အလားတူ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းမှ အောင်ဇေယျကျေးရွာ၊ အတွင်းပြင်ကျေးရွာနှင့် လုံခြုံရေး စိတ်မချရသည့် ကျေးရွာ တချို့မှ ပြည်သူများသည်လည်း မြို့ပေါ်နှင့်တခြား လုံခြုံရေး ကောင်းမွန်သည့် နေရာများသို့ ရွှေ့ပြောင်းနေရမှုများ ရှိ ကြောင်း ဘူးသီးတောင် ဒေသခံများ က ပြောသည်။

ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က “ဘူးသီးတောင်မှာလည်းပဲ ထွက်ပြေး နေကြရတဲ့ သူတွေဟာ ရာချီရှိပါတယ်၊ အဲဒီရွာတွေမှာ လုံခြုံရေးက လုံး၀ ကင်းမဲ့နေသလို ဖြစ်နေတယ်၊ တချို့ရွာတွေဆိုရင် လုံခြုံရေး စခန်းနဲ့ ၈ မိုင်ကျော်လောက် ဝေးပါတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာသားများ အသတ်မခံရမီကပင် ထိုဒေသရှိ လုံခြုံရေး မရှိသည့်ကျေးရွာများ၌ လုံခြုံ ရေးဆိုင်ရာ ကိစ္စရပ်များအား စနစ်တကျ ဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း အဆိုအား လွှတ် တော်၌ တင်ခဲ့သော်လည်း အလေးထား ဆောင်ရွက်မှု မရှိခဲ့ကြောင်း ဦးထွန်းအောင်သိန်း က ပြောသည်။

၎င်းက “ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတွေက ပြည်သူတွေဟာ လုံခြုံရေးကို စိုးရိမ်နေကြတယ်၊ အဲဒါ ကြောင့် လုံခြုံရေးတွေတိုးမြှင့်ပေးဖို့ လွှတ်တော်မှာ ကျနော်အဆိုတင်ခဲ့မယ့် မလုပ်ဆောင်ခဲ့တဲ့အတွက် အခုလို ဖြစ်ရပ်မျိုး ဖြစ်လာတာပါ” ဟု ဆိုသည်။

အလားတူ လုံခြုံရေးအတွက် ချပေးထားသည့် တပ်ဖွဲ့ဝင်များသည်လည်း ၎င်းတို့၏ လုံခြုံရေးဆိုင်ရာ ကိစ္စများအား အချိန်နှင့် တပြေးညီ ဆောင်ရွက်ခွင့်မရှိဘဲ အထက်အမိန့်ကို စောင့်ဆိုင်း ဆောင်ရွက်နေရကြောင်း၊ ထို့ကြောင့် အကြမ်းဖက်သမား များကလည်း လက်ရဲဇက်ရဲ လုပ်ဆောင်လာကြကြောင်း၊ လုံခြုံရေး အဖွဲ့များအနေဖြင့် လွတ်လပ်စွာဆောင်ရွက်ခွင့် မရခြင်း ကပင် လုံခြုံရေးတပ်ဖွဲ့များအပေါ် ပြည်သူများ၏ ယုံကြည်မှုကို လျှော့ကျစေကြောင်း ဦးထွန်းအောင်သိန်း က ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကမူ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသည့် ပြည်သူများအနေဖြင့် မိမိတို့ ကျေးရွာများသို့ ပြန်ကြ ရန် သြဂုတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

ဒေသခံပြည်သူများအနေဖြင့် မိမိတို့နေရပ်အား စွန့်ခွာ၍ ထွက်ပြေးသွားပါက ကျူးကျော်ဝင်ရောက်သူများရှိလာမည် ဖြစ် ကြောင်း၊ ထို့အတူ မိမိတို့၏ မူလနေရာ၊ လယ်ယာမြေများ၊ စိုက်ခင်းများ ဆုံးရှုံးသွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ များ စိုးရိမ်ကြောင့်ကြမှု မရှိစေရန် တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့က လုံခြုံရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရခိုင်ပြည် နယ် အစိုးရ က ထုတ်ပြန်ထားသည်။

မေယုဒေသဖြစ်သည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များတွင် နေထိုင်သည့် ရခိုင်လူမျိုးများနှင့် ရခိုင်မျိုး နွယ်စုများ မိမိတို့နေရပ်များ မစွန့်ခွာစေရေးအတွက်၊ စစ်တွေမြို့၌ လူထုတွေ့ဆုံပွဲတခုကို သြဂုတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့ သေးသည်။

စစ်တွေ လူထုတွေ့ဆုံပွဲ၌ မေယုဒေသမှ ပြည်သူများအနေဖြင့် မိမိတို့ကျေးရွာများအား မိမိတို့ ကာကွယ်နိုင်ရန် အတွက် ပြည်သူ့စစ်များ ဖွဲ့စည်း ပေးရန် အတွက်လည်း ဗဟိုအစိုးရထံ တောင်းဆိုမည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြကြောင်း သိရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading