သတင်း

ဖမ်းဆီးခံရသူ ကွမ်ကုန်းကျေးရွာ ဒေသခံ ၁၀ ဦးအနက် ၉ ဦး ပြန်လွတ်လာ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု ကွမ်ကုန်းကျေးရွာရှိ ဒေသခံ ၁၀ ဦးကို သြဂုတ် ၃ ရက်နေ့ တွင် တပ်မတော်က ဖမ်းဆီး ခေါ်ဆောင်သွားရာ ၉ ဦး ပြန်လွတ်လာပြီဖြစ်၍ တဦးကျန်နေသေးကြောင်း သိရသည်။

တပ်မတော်၏ ခြေမြန်တပ်ရင်းအမှတ် ၂၄၉ သည် မိုင်းပျဉ်းကျေးရွာအုပ်စု ကွမ်ကုန်းကျေးရွာထဲသို့ သြဂုတ် ၃ ရက် နံနက် ၁ နာရီ ၂၀ မိနစ်ဝန်းကျင်က ဝင်ရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒေသခံ ၁၀ ဦးအား ခေါ်ဆောင်သွားခဲ့ကြောင်း RCSS/SSA ထံမှ သိရသည်။

ထို့နောက် ခေါ်ဆောင်သွားခံရသူ ၁၀ ဦးအနက် စိုင်းနွမ်းမိန်း( ၁၆ နှစ်- ၉ တန်းကျောင်းသား)သည် သြဂုတ် ၃ ရက် နေ့ လယ်တွင် ပြန်လာနိုင်ခဲ့ပြီး လုံဝမ်း(၅၀ နှစ်)မှ လွဲ၍ ကျန်သူများလည်း ပြန်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဒေသခံတဦးက ဆို သည်။

“တယောက်ပဲ ကျန်တယ်။ ကိုစိုင်း (လုံဝမ်း) တူမီးသေနတ် တွေ့တဲ့ အိမ်ကသူပေါ့ ။ ၉ ယောက်ပြန်လွတ်လာ တယ်။ ပြီးခဲ့တဲ့ ၄ ရက်လောက်က လွတ်လာတယ်။ ဘာအမှုနဲ့ ဖွင့်ထားလဲဆိုတာ မသိရသေးဘူး။ အခု ဟိုပုန်း ရဲစခန်းမှာလို့ ကြားတယ်။ အခု ရွာထဲမှာတော့ တပ်မတော် မရှိတော့ဘူး” ဟု ကွမ်ကုန်းကျေးရွာမှ ဒေသခံတစ်ဦး က ပြောသည်။

ဟိုပုန်းရဲစခန်းတွင် ထိန်းသိမ်းခံထားရသော လုံဝမ်း (၅၀ နှစ်)အား မည်သည့် ပုဒ်မဖြင့် အရေးယူထားကြောင်း သြဂုတ် ၈ ရက် နံနက်က ဟိုပုန်းရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာလူကြီးများ မအားသဖြင့် လာရောက် မေးမြန်းရန်သာ ပြော ဆိုပြီး ဖုန်းချသွားခြင်းကြောင့် တစုံတရာ မေးမြန်းခွင့် မရခဲ့ပေ။

“လောလောဆယ် ညှိနေတယ်။ RCSS နဲ့ တပ်မတော် သူတို့ အချင်းချင်းပေါ့။ ၉ ယောက်ပြန်လွတ်သွားပြီလို့ ကြားရတယ်။ တဦးပဲ ကျန်တော့တယ်။ ဒါကိုလည်း ညှိနှိုင်းနေပါတယ်” ဟု ရှမ်းပြည်နယ် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-S) မှ အရပ်သား ကိုယ်စားလှယ် ဦးခွန်စိုးထွန်းအောင်က ပြောသည်။

JMC-S အစည်းအဝေးကို သြဂုတ်လ တတိယပတ်အတွင်း ကျင်းပမည်ဖြစ်ပြီး စစ်ရေးအခြေအနေများ အပါ အဝင် ဖမ်းဆီးမှုများ၊ စစ်ရှောင်များ ပြန်လည်နေရာချထားရေး၊ အောက်ခြေတပ်များစောင့်ထိန်းရမည့် ကျင့်ဝတ် ပိုင်း ဆိုင်ရာများ၊ NCA ချိုးဖောက်မှု မရှိစေရေး စသည့် အကြောင်းအရာများကို ဆွေးနွေးကြမည်ဟုသိရသည်။

ကွမ်ကုန်းကျေးရွာ ဒေသခံများအား တပ်မတော်က ခေါ်ဆောင်သွားခြင်းနှင့် ပြန်လွတ်ရန် တဦးကျန်နေသည့် အပေါ် JMC-S(ရှမ်းပြည်နယ်) ၏ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးလင်းထင်ကျော်အား သြဂုတ် ၈ ရက်က ဆက်သွယ်မေးမြန်းရာ အစည်းအဝေးကျင်းပနေ၍ နောက်မှ ပြန်လည်ခေါ်ဆိုရန် ပြောကြားခဲ့ပြီး နောက် ပိုင်း ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးမပြီးသေး၍ တစုံတရာ မေးမြန်းခွင့် မရရှိခဲ့ချေ။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ အတွင်းရေးမှူး-၂ ဖြစ်သော တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ဝဏ္ဏအောင်ထံ ထပ်မံဆက်သွယ် ခဲ့ရာတွင်လည်း အစည်းအဝေးပြုလုပ်နေခြင်းကြောင့် ပြီးမှ ပြန်လည် ခေါ်ဆိုလိုက်မည်ဟူ၍ ဖုန်းချသွားခြင်း ကြောင့် မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။

တပ်မတော်၏ အမှတ် ၂၄၉ ခြေလျင်တပ်ရင်းက ကွမ်ကုန်းကျေးရွာသို့ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၃ ရက်နေ့ ၊ နံနက် အစောပိုင်းတွင် ဝင်ရောက်လာပြီး လုံဝမ်း၏ နေအိမ်ပေါ် တက်၍ ရှာဖွေရာ တူမီးသေနတ်ကို တွေ့ရှိရာမှ စစ် ဆေးမှုများပြုလုပ်ပြီး တခြားသော ဒေသခံ ၉ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားပြီး အခြားတယောက်မှာလည်း အပေါ့သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading