သတင်း

မောင်တော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးမည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသရှိ အကြမ်းဖက် တိုက်ခိုက်နေသူများအား ထိရောက်စွာ ဖော်ထုတ် အရေး ယူ ဆောင်ရွက်ရန် အစိုးရကို တိုက်တွန်းကြောင်းအဆို ဆက်လက် ဆွေးနွေးရေး ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

အဆိုကို ရခိုင် အမျိုးသား ပါတီ (ANP)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က တင်သွင်း ခြင်း ဖြစ်သည်။

ဦးခင်မောင်လတ်က “အရပ်သားတိုင်းက သေနတ်ကိုင်ပြီး နေရမလိုဖြစ်နေပြီ၊ အလစ်ကိုပေးလို့မရဘူး၊ အခြေအနေ ဆိုးလာဖို့ပဲရှိတယ်၊ ဒေသလုံခြုံရေးကလုံလောက်မှုမရှိဘူး၊ နယ်ခြားတပ်ဖွဲ့ဝင်တွေတောင် ခြိမ်းခြောက်ခံရမှုတွေကြုံနေ တယ်”ဟု ပြောသည်။

အဆိုနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ထောက်ခံဆွေးနွေးခဲ့ပြီး မောင်တောဒေသ အတွင်း အကြမ်းဖက်သမားများကြောင့် ဒေသတွင်းလုံခြုံရေးမှာ ပိုမိုဆိုးဝါးလာလျက် ရှိနေကြောင်း၊ ထို့ကြောင့် ဒေသခံ တိုင်းရင်းသားများ သွားလာလုပ်ကိုင် စားသောက်ရေး အတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေရကြောင်း ပြောဆိုသည်။

ဦးခင်မောင်လတ်ကလည်း မောင်တောဒေသ အတွင်း ဒေသခံဌာနေ တိုင်းရင်းသားများ သတ်ဖြတ်ခံရမှုနှင့် အကြမ်း ဖက် ခြိမ်းခြောက်မှု အန္တရာယ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်မှုများလည်း ဖြစ်ပေါ်လျက် ရှိကြောင်း ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာနေ မြိုတိုင်းရင်းသာ ၈ ဦးပျောက်ဆုံးမှု ဖြစ်စဉ်တွင် ၇ ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိထားပြီး ၁ ဦးပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၄ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် အောက်နန်းရာကျေးရွာတွင် အကြမ်းဖက်သမားများအား ငွေကြေး ထောက်ပံ့သည်ဟုယူဆရသူ ၆ ဦးအား လုံးခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် ရွာအတွင်းရှိ လူ ၆၀၀ ခန့်က ဝိုင်းဝန်းတားဆီး တိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် သေနတ်ပစ်ဖောက်မှုများ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီး လာသူ ထဲမှ ၂ ဦး ပြန်လည် လွတ်မြောက်သွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။

ထိုဖြစ်စဉ်အပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ လမှစ၍ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် အရပ်သားဦးရေသည်လည်း ဆက်လက် တိုးလာလျက် ရှိသည်။

လတ်တလောတွင် အကြမ်းဖက် တိုက်ခိုက်ခံရသည့် နေရာအနီးရှိ ကျေးရွာများမှ ရခိုင် တိုင်းရင်းသားများမှာ လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ရှိနေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ ကလည်း ကျေးရွာ များအတွင်း လုံခြုံရေးစခန်းများ တိုးမြှင့်ချထားရသည့် အခြေအနေ ရှိနေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading