• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မောင်တောတွင် ဘင်္ဂါလီ ကင်းမဲ့ဇုန် သတ်မှတ်ပေးရန် ANP တောင်းဆို

by ဧရာဝတီ
9 August 2017
in သတင်း
A A
မောင်တော ဒေသတွင် တွေ့ရသည့် ဘဂါၤလီ လူငယ်များး / ထက်နိုင်ဇော် / ဧရာဝတီ

မောင်တော ဒေသတွင် တွေ့ရသည့် ဘဂါၤလီ လူငယ်များး / ထက်နိုင်ဇော် / ဧရာဝတီ

35.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ဘဂါၤလီကင်းမဲ့ဇုန်များ သတ်မှတ်ပေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယနေ့ တွေ့ဆုံစဉ် တောင်းဆိုခဲ့ကြောင်း ရခိုင် အမျိုးသား ပါတီ (ANP)မှ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

ယနေ့ နေ့လယ် ၂ နာရီခန့်က နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တင်ပြ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် အကြမ်းဖက်သမားများက အပြစ်မဲ့ တိုင်းရင်းသားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်နေသည့်အတွက် ဒေသတွင်း လုံခြုံရေးတိုးမြှင့်ပေးရန်လည်း တောင်းဆို ခဲ့သည်ဟု ANP ပါတီမှ ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပြသည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
81
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
120
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
111

ဦးခင်မောင်လတ်က“တိုင်းရင်းသားရွာတွေကို ဘင်္ဂါလီရွာတွေက ဝိုင်းပတ်ထားသလို ဖြစ်နေတယ်၊ အဲဒီအတွက် အပိုင်း လိုက် ဘင်္ဂါလီ ကင်းမဲ့ဇုန်တွေ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာ၊ တိုင်းရင်းသားတွေ အနေနဲ့ ရွာကနေ မီတာ ၁၀၀၊ ၂၀၀ လောက် သွားလို့ မရဘူး၊ စားဝတ်နေရေးအတွက် လုပ်ကိုင်ရှာဖွေဖို့ အသက်တွေ ပေးနေရတယ်”ဟုလည်း ဧရာဝတီ သို့ ပြောသည်။

တွေ့ဆုံပွဲတွင် ရခိုင် ပြည်သူမျာ၏ စိုးရိမ်မှုနှင့် အကြမ်းဖက် အန္တရာယ် အခြေအနေများကို တိုင်းပြည်တွင် လုံခြုံရေးအရ တာဝန် အရှိဆုံး ဖြစ်သည့် တပ်မတော် ခေါင်းဆောင်သို့ တင်ပြခဲ့ပြီး တပ်မတော် ခေါင်းဆောင်ကလည်း ရခိုင်ပြည်သူ များ ကို အပြည့်အဝ ကာကွယ်ပေးရန် စိတ်အားထက်သန်မှု ရှိ၍ တွေ့ဆုံမှုသည် အားရစရာ ကောင်းကြောင်း တွေ့ဆုံ ပွဲ မှာ ပါဝင်ခဲ့သူ ANP အတွင်း ရေးမှူး ဦးဦးလှစောကလည်း ပြောဆိုသည်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ ဦးဦးလှစောက“ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေကို လုံးဝ ကာကွယ်ပေးမယ်လို့ တပ်ချုပ်ကြီးက ပြောတယ်၊ တရားမဝင် ဝင်ရောက်တဲ့ လမ်းကြောင်းတွေနဲ့ မေယု တောင် တန်း ဒေသကို အကြမ်းဖက်သမားတွေ ခြေကုပ်ယူခိုလှုံရာ နေရာမဖြစ်ဖို့ တိုက်ဖျက်သွားမယ်လို့လည်း ပြောပါတယ်” ဟု ပြောသည်။

တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပေးရန် ANP ပါတီဘက်မှ တင်ပြ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေးအတွက် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို တပ်မတော် တာဝန်ရှိသူများက ဆွေးနွေး ပြောကြားခဲ့ကြောင်း၊ ရခိုင်အရေးကို ချဉ်းကပ်ရာတွင် အာဏာရ ပါတီနှင့် တပ်မတော်အကြား မတူညီသည့် အမြင်မျိုး ရှိနေကြောင်းလည်း တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူများက ပြောဆိုကြသည်။

မောင်တောဒေသတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း နယ်ခြားစောင့် ရဲဌာနချုပ်များ အကြမ်းဖက် တိုက်ခိုက် ခံရပြီး နောက်ပိုင်း ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သူ မွတ်စလင်များ သတ်ဖြတ်ခံမှုသည်လည်း တဖြည်း ဖြည်း တိုးလာလျက် ရှိနေသည်။

ထို့အပြင် ရခိုင် တိုင်းရင်သားတချို့လည်း အသတ်ခံရခြင်း၊ ပျောက်ဆုံးခြင်းများ ရှိနေကြောင်း အစိုးရက သတင်း ထုတ်ပြန် ထားသည်။

ယင်းသို့ တိုက်ခိုက် သတ်ဖြတ်ခံရမှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သည့် ရခိုင် ပြည်သူများအတွက် အရေးတယူ လုပ်ဆောင် ပေးရန်နှင့် အကြမ်းဖက်သမားများအား အရေးယူ ဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းကြောင်းအဆို တခုကို ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က တင်သွင်းခဲ့ပြီးနောက် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ယနေ့ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးမှုတွင် ဒေသခံ တိုင်းရင်းသားများအား ပြည်သူ့စစ် ဖွဲ့စည်းပေးရန်နှင့် ပတ်သက် ၍ တပ်မတာ်ဘက်မှ ပြတ်ပြတ်သားသား ပြောကြားခြင်း မရှိခဲ့သော်လည်း တိုင်းရင်းသား လူငယ်များအနေဖြင့် လုံးခြုံ ရေး တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လမ်းဖွင့်ထားကြောင်း သဘောထား ပေးခဲ့သည်ဟု သိရသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ် ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ANP ဘက်မှ ဥက္ကဌ ဒေါက်တာ အေးမောင်နှင့် အတူ ပါတီ ဗဟိုအလုပ်မှုဆောင်များ ဖြစ်ကြသည့် ဦးဘရှိန်၊ ဦးဦးလှစော၊ ဦးဖေသန်း၊ ဦးအောင်ကျော်ဇံ၊ ဦးဝေစိန်အောင် နှင့် ဦးခင်မောင်လတ်တို့ တက်ရောက်ခဲ့သည်။

ထက်နိုင်ဇော်နှင့် ထွန်းထွန်း ပူးပေါင်း ရေးသားသည်။

Your Thoughts …
Tags: ANPဘင်္ဂါလီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.3k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

by ဧရာဝတီ
29 July 2024
2.9k

ဆန္ဒပြပွဲများအတွင်း ဝန်ကြီးချုပ် ရှိတ် ဟာစီနာသုံးစွဲသည့် စကားတလုံးဖြစ်ပြီး ထိုစကားလုံးကြောင့် ဆန္ဒပြသူများထံမှ ဒေါသတကြီး တုံ့ပြန်မှုဖြစ်စေသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်  /  ဧရာဝတီ

ဘင်္ဂါလီ၊ ရိုဟင်ဂျာ အမည်နာမ ပြဿနာနှင့် AA ပြောတဲ့ရပ်တည်ချက်

by နန်းလွင်နှင်းပွင့်
11 December 2019
152.9k

ကျနော့် စိတ်ထဲက စေတနာအမှန်နဲ့ လူသားစိတ်ကို အခြေခံပြီး ပြောတာပါ။ သူတို့ကို နယ်စပ် စခန်းတွေမှာ ပိတ်လှောင်ထားပြီး စာနာတယ် ဆိုပြီး ထမင်းကျွေးထားတယ်။ ဘယ်မှ ပေးမသွားဘူး။ အလုပ် အကိုင်လည်း လုပ်ခွင့်မရှိဘူးဆို သူ့ရဲ့ဒုက္ခက ပိုကြီးပါတယ်။...

၂၀၁၆ ခုနှစ် အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြနေသူတဦး / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၆

by မောင်မောင်စိုး
25 July 2017
5.2k

ပြဿနာသည် နိုင်ငံတကာက အာရုံစိုက်သည့် ပြဿနာလည်း ဖြစ်လာခဲ့သည်။ ကြာမြင့်စွာပစ်ထားခဲ့၍ ရောဂါရင့်မှ ကုသရသည့် အခြေအနေမျိုးလည်း ဖြစ်နေပေတော့သည်။

နယ်ခြားစည်းရိုးနားတွင် ကင်းစောင့်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၅

by မောင်မောင်စိုး
22 July 2017
14.4k

၁၉၄၂ ခု ရခိုင်ဘင်္ဂါလီ အရေးအခင်း မူဂျာဟစ်ဒင် ပုန်ကန်မှုနှင့် အလယ်သံကျော် ညီလာခံတို့သည် ရခိုင်ဘင်္ဂါလီ ပြဿနာ ဖြေရှင်းရေး စဉ်းစားရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်သည်။

AA ဘယ်လက်မောင်းတံဆိပ်နှင့် ရင်ထိုး / အောင်ကျော်ထက် / ဧရာဝတီ

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

by မောင်မောင်စိုး
11 June 2020
66.8k

၂၀၀၉ ခုနှစ်တွင် လူအင်အား ၃၀ ပင်မပြည့်သည့် AA တပ်ဖွဲ့သည် ၁၀ နှစ်အကြာတွင် အင်နှင့်အားနှင့် သူ၏အစွမ်းအစကို ထုတ်ပြလာသည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်ကို လျှပ်စစ်မီး ပူဆာခဲ့တဲ့ ညောင်ပင်သာဆည်ရွာသူ ဒေါ်မြစန်းရီ / ထက်နိုင်ဇော် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်ကို လျှပ်စစ်မီး ပူဆာတဲ့ ဒေါ်မြစန်းရီ

အရေးယူ ပိတ်ဆို့မှုများ ဖွင့်ပေးထားပြီဖြစ်၍ လာမည့် ၃ နှစ်အတွင်း အမေရိကန် ရင်းနှီးမြှုပ်နှံမှု ၂ ဆခန့် ဝင်ရောက်လာမည်ဟု MIC က တွက်ဆထားသည်။ / သက်ထွန်းနိုင် / ဧရာဝတီ

အမေရိကန် ရင်းနှီးမြှုပ်နှံမူများ ဝင်ရောက်ရန် အစိုးရ၏ လမ်းဖွင့်ပေးမှုများ လိုအပ်

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.4k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate