• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖဲကြိုးပြာ လှုပ်ရှားမှု တောင်းဆိုချက် အားလုံးနီးပါး သဘောတူညီမှုရ

by ဇူးဇူး
10 August 2017
in သတင်း
A A
ဇူလိုင် ၃၁ ရက်က ပြည် နည်းပညာ တက္ကသိုလ်တွင်လည်း ဖဲကြိုးပြာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ / ကောင်းမြတ်မင်း / ဧရာဝတီ

ဇူလိုင် ၃၁ ရက်က ပြည် နည်းပညာ တက္ကသိုလ်တွင်လည်း ဖဲကြိုးပြာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ / ကောင်းမြတ်မင်း / ဧရာဝတီ

8.1k
VIEWS
Share on FacebookShare on Twitter

ရာထူးတိုး ညီညွတ်မျှတရေး အတွက် ပြုလုပ်သည့် ဖဲကြိုးပြာ လှုပ်ရှားမှု တပတ်ကျော် အချိန်တွင် တောင်းဆိုထားသော အချက် အားလုံးနီးပါးကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သဘောတူညီကြောင်း နည်းပညာဆိုင်ရာ ဆရာများ အဖွဲ့ချုပ် (Technological Teachers’ Federation – TTF)က ယမန်နေ့က သတင်း ထုတ်ပြန်လိုက်သည်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ စီစဉ်ပေးမှုဖြင့် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီး၊ အဆင့်မြင့် ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုညွှန်ချုပ် တို့နှင့် TTF ကော်မတီဝင်တချို့တို့ သြဂုတ် ၈ ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အထက်ပါအတိုင်း သတင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
336
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
270

“အခုလို လက်ခံတွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်တယ်။ ဝမ်းလည်းဝမ်းသာတယ်။ အား လုံးနီးပါး သဘောတူညီမှုရလို့ အားရကျေနပ်တဲ့အထဲမှာ ပါတယ်လို့ ပြောလို့ရပါတယ်” ဟု TTF ပြန်ကြားရေး တာဝန်ခံ ဆရာဇော်မြင့်နိုင်ဦးက ဧရာဝတီကို ပြောသည်။

ပညာရေးဝန်ကြီးဌာနချင်း တူသော်လည်း စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန (DTVET)နှင့် အဆင့်မြင့်ပညာ ဦးစီးဌာန ဟူ၍ ဦးစီးဌာနမတူသည့် လက်အောက်တွင် ရာထူးတိုးမူဝါဒ မတူညီမျှမှုများကြောင့် နစ်နာမှုကိုခံစားနေရသည့် တနိုင်ငံလုံးရှိ နည်းပညာ တက္ကသိုလ်(TU)နှင့် ကွန်ပျူတာ တက္ကသိုလ်(CU)များမှ ဆရာ၊ ဆရာမများက ပူးပေါင်းပြီး ဖဲကြိုးပြာ လှုပ်ရှားမှု ကို ဇူလိုင် ၃၁ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

TTF ၏ သတင်းထုတ်ပြန်ချက်အရ သရုပ်ပြ၊ နည်းပြနှင့် အဆင့်တူရာထူးများမှ လက်ထောက်ကထိက နှင့် အဆင့်တူရာထူး များ သို့ တိုးမြှင့်ရန်အတွက် လစ်လပ်နေရာ ၂၁၈၂ နေရာရှိပြီး တိုးမြှင့်ပေးရမည့်ဦးရေမှာ ၁၈၉၆ ဦးသာရှိသည့်အတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ သတ်မှတ်ချက်အတိုင်း လစ်လပ်နေရာ အပြည့်ခန့်ထားပေးနိုင်သည်ဟု သဘောတူညီမှု ရခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ကထိကနှင့် အဆင့်တူရာထူးများသို့ ရာထူးတိုးမြှင့်ပေးရန်ကျန်ရှိသော ဝန်ထမ်းများကို ဆက်လက် စိစစ် တိုးမြှင့် ပေးရန်၊ သတ်မှတ်ချက် ပြည့်မီသူများအား ရာထူးတိုး ကျန်ရှိခြင်း မရှိစေရေး ဆက်လက် ဆောင်ရွက်ပေးရန်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ကျောင်း၊ ဌာနများမှ တင်ပြရန် လိုအပ်ပြီး လျှောက်ထားလာသူများအား ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ လစ်လပ်နေရာ အပြည့်ခန့်ထားရန် ဟူသည့် သဘောတူညီချက်များလည်း ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းသို့ TTF က တောင်းဆိုထားသည့် အချက်များ သဘောတူညီမှု ရရှိသွားသော်လည်း စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် ကာလအတွင်း ဖဲကြိုးပြာလှုပ်ရှားမှုကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာ၊ ဆရာမများက ပြောသည်။

“ဖဲကြိုးပြာက မရပ်သေးပါဘူး။ လောလောဆယ်က နစ်နာနေတဲ့ ဆရာမတွေက အများစုဖြစ်နေတော့ အရင်ဦးစားပေး တောင်းလိုက်တဲ့ သဘော။ ဒီတောင်းဆိုမှုကို ဟိုဘက်က ညှိနှိုင်းလိုက်တဲ့အခါ ထုတ်ပြန်ထားတဲ့အတိုင်း လက်ခံလိုက် တယ်။ ဒါပေမယ့် ဒီမူတွေကို နောက်နောင်အတွက် တသမှတ်တည်းဖြစ်ဖို့ အချိန်တွေယူပြီး လုပ်ငန်းစဉ်တွေ ချမှတ်ပြီး လုပ်သွားရမှာတွေရှိပါတယ်” ဟု နည်းပညာ တက္ကသိုလ် (မှော်ဘီ)မှ လက်ထောက်ကထိက ဒေါ်သူသူအောင်က ဆိုသည်။

အဆိုပါတွေ့ဆုံပွဲတွင် ရာထူးတိုးနှင့် ပြောင်းရွှေ့ရေး မူဝါဒများ ချမှတ်ရာတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပါမောက္ခချုပ် များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် TTF တို့ ပူးပေါင်းပြီး မျှတသော မူဝါဒဖြစ်အောင် ရေးဆွဲရန်နှင့် အားလုံး သဘောတူညီမှုရရှိမှသာ မူဝါဒကို အတည်ပြုဆုံးဖြတ်ရန်ဟူသည့် အချက်များလည်း သဘောတူညီမှု ရခဲ့ကြောင်း ဆရာ ဇော်မြင့်နိုင်ဦးက ဖြည့်စွက် ပြောသည်။

နည်းပညာဆိုင်ရာ ဆရာများ အဖွဲ့ချုပ် (Technological Teachers’ Federation – TTF) ကို တနိုင်ငံလုံးရှိ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်များနှင့် ၎င်းတို့နှင့်ဆက်စပ် သုတေသနဌာနများရှိ ဆရာ၊ ဆရာမများ သုတေသီများနှင့် ဝန်ထမ်းများ၏ သဘောဆန္ဒများကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ရေး အတွက် အများစုသဘောဆန္ဒအရ ဦးဆောင် ကော်မတီ အဖွဲ့ဝင် ၃၅ ဦးဖြင့် ၂၀၁၇ သြဂုတ် ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: ပညာရေး
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ကျောင်းသားများ တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ ဝင်ရန် စစ်ကောင်စီ ပြော

ကျောင်းသားများ တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ ဝင်ရန် စစ်ကောင်စီ ပြော

by ဧရာဝတီ
28 February 2024
12.7k

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်နှင့် တောင်ငူတို့တွင် UTCs များရှိကြောင်း စစ်ကောင်စီ၏ ကြေးမုံသတင်းစာက ဖော်ပြသည်။

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

by မွန်မွန်မြတ်
26 July 2024
6.2k

အာထူးနှင့် ဝေါတားစ်တို့၏ စာအုပ်တွင် နေဝင်း၏ ဗမာဇာတ်သွင်းရေးမူဝါဒ မဏ္ဍိုင်ကြီး သုံးခုကို ဖော်ထုတ်ထားသည်။

သူတို့ ပျော်မနေကြပါ

သူတို့ ပျော်မနေကြပါ

by သာဦး
28 December 2024
4.9k

“ကျနော် ၁၆ နှစ်ကတည်းက တပ်ထဲဝင်တာ။ အိမ်ပြန်မရောက်တာ နှစ်ပေါက်နေပါပြီ။ အမေ့ဆီ ဖုန်းဆက်တော့ ‘နင် ပြန်မလာနဲ့၊ ရွာက နင့်ကို သတ်ချင်နေတာ၊ ရွာလည်း မီးရှို့ခံရလို့ ကုန်ပြီ’ လို့ ပြောတယ်”

တရားရုံးက ကြားဖြတ် မတားဆီးခင် ထရမ့်အမိန့်ကြောင့် အမေရိက ကမောက်ကမဖြစ်

တရားရုံးက ကြားဖြတ် မတားဆီးခင် ထရမ့်အမိန့်ကြောင့် အမေရိက ကမောက်ကမဖြစ်

by ဧရာဝတီ
30 January 2025
3.6k

ထရမ့်၏ အမိန့်သည် ဒီမိုကရက်တစ်ပြည်နယ် ရှေ့နေချုပ်များထံမှ နောက်ထပ် စိန်ခေါ်မှုတခုကိုလည်း ရင်ဆိုင်ရသည်။

လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ

လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ

by အောင်ဇော်
26 February 2024
3.6k

နောက်ဆုံးတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေသည် မြန်မာအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။

နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

by Rajeev Bhattacharyya
21 November 2023
2.8k

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွင် အမျိုးသမီးများသည် တိုက်ခိုက်ရေးအခန်းကဏ္ဍမှ ဖြစ်စေ၊ တိုက်ခိုက်ရေး မဟုတ်သည့် တော်လှန်ရေး လှုပ်ရှားမှုမှဖြစ်စေ ၆၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။

Next Post
မူးယစ်ဆေးဝါး ပြဿနာနှင့်ပတ်သက်ပြီး အသိပညာပေးမှုများ ပြုလုပ်ခဲ့သည့် ကွတ်ခိုင်ဒေသခံများ / Izawng / Facebook

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ဝင်က လူနှစ်ဦးကို သတ်ဖြတ်

ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်သစ်ကြီးဆီ

ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်သစ်ကြီးဆီ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.3k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.8k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate