• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းတွင် မြန်မာအိမ်အကူ တဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

by ခင်ဦးသာ
10 August 2017
in သတင်း
A A
သေဆုံးသွားသူ မညိုညိုအေး / ရဲမင်း / Facebook

သေဆုံးသွားသူ မညိုညိုအေး / ရဲမင်း / Facebook

16.9k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ လပ်ဘူရီခရိုင်၊ ဘန်ပုံနယ်မြေရှိ ထိုင်းလူမျိုး တဦးနေအိမ်တွင် အိမ်အကူ လုပ်နေသည့် အသက် ၁၇ နှစ်အရွယ် မြန်မာမိန်းကလေး တဦးသည် ဦးခေါင်း၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ မညိုညိုအေးသည် အသက် ၁၇ နှစ် ရှိပြီဖြစ်ပြီး တနင်္သာရီတိုင်း၊ ပုလောအလောက်မြို့နယ်မှ ကရင်တိုင်းရင်းသူ တဦး ဖြစ်ကြောင်း သိရ သည်။ သြဂုတ်လ ၆ ရက်နေ့က ဦးခေါင်း၌ သေနတ်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း ထိုအမှုအား လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသည့် (AAC) မဟာမိတ်အဖွဲ့မှ ဦးကိုကိုနိုင် က ဧရာဝတီ ကို ပြောသည်။

RelatedPosts

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

22 May 2025
853
မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

22 May 2025
40
မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
243

၎င်းက “အလုပ်ရှင်သူဌေးကတော့ မိန်းကလေး က သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး သေဆုံးတာဖြစ်တယ်လို့ ပြောဆိုထားပါ တယ်၊ ဒါပေမယ့် ရုပ်အလောင်းကို ကျနော်တို့ စစ်ဆေးကြည့်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ပစ်ခတ်သေဆုံးတာမျိုး မဖြစ်နိုင်ဘူး လို့ ယူဆရတဲ့ မသင်္ကာစရာ အချက်တွေ တွေ့ထားပါတယ်” ဟု ဆိုသည်။

မညိုညိုအေး၏ ဦးခေါင်းအား သေနတ်ဖြင့် ပစ်ခတ်ထားသည်ဟု ယူဆရကြောင်း၊ ဦးခေါင်းဒဏ်ရာသည် ညာဘက်မှ ကျည် ဆန်ဝင်ပြီး ဘယ်ဘက်က ဖောက်ထွက်သွားကြောင်း၊ ထို့အတူ ကျည်ဆန်ခွံ နှစ်ခုလည်း ရရှိထားကြောင်း၊ မိသားစုဝင်များ ကလည်း မညိုညိုအေးသည် ပစ်သတ်ခြင်း ခံရသည်ဟုသာ ယုံကြည်နေကြကြောင်း သိရသည်။

ဦးကိုကိုနိုင် က “မညိုညိုအေးက ဘယ်သန်တဦးလို့ သူ့မိသားစုက ပြောပါတယ်၊ အခု ပစ်ခတ်ခံရတဲ့ ဒဏ်ရာက ညာဘက် မှာ ဖြစ်နေတယ်၊ သူ့ရဲ့ အလောင်းကို သေချာစစ်ကြည့်တဲ့အခါမှာ သူ့ကိုယ်သူ ပစ်သတ်တာ လုံးဝမဖြစ်နိုင်ပါဘူး၊ သေနတ် ပစ် ကျွမ်းကျင်သူ တဦးက ပစ်သတ်လိုက်တဲ့ လက္ခဏာမျိုးကို တွေ့ရတယ်” ဟု ဆိုသည်။

ထိုအမှုနှင့်ပတ်သက်၍ ပတ်သက်၍ မညိုညိုအေး၏ အစ်မ ဖြစ်သူက ဘန်ပုံနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း၊ ထိုင်းရဲများကလည်း မိသားစုဝင်များ၏ ထွက်ဆိုချက် အတိုင်းမှတ်တမ်းတွင် မရေးသားဘဲ အမှုကို လျော့ပေါ့ မှတ်တမ်း တင်နေသည်ကို တွေ့ရကြောင်း ဦးကိုကိုနိုင် က ရှင်းပြပြောဆိုသည်။

၎င်းက “ဒီအမှုမှန် ပေါ်ပေါက်ဖို့အတွက် မြန်မာသံရုံး အပေါ်မှာ ကျနော်တို့ အရမ်းကို အားကိုးမိပါတယ်၊ ကျနော်တို့အ ဖွဲ့က သံရုံးကို အကြောင်း ကြားထားပေမယ့် အခုချိန်ထိတော့ ပြန်ဆက်သွယ်လာတာကို မရှိသေးပါဘူး” ဟု ဆိုသည်။

အမှုနှင့်ပတ်သက်၍ ဘန်ကောက်ရှိ မြန်မာ သံရုံးမှ အလုပ်သမား သံအရာရှိတချို့ထံ ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။

မညိုညိုအေးသည် ဘန်ပုံအရပ်၌ အစ်မဖြစ်သူနှင့်အတူ အိမ်အကူအလုပ်ကို လုပ်ကိုင်နေသည်မှာ ၃ နှစ် ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း၊ ၎င်းသေဆုံးချိန်တွင် အစ်မ ဖြစ်သူသည် တခြားနေရာသို့ ရောက်ရှိနေကြောင်း၊ အိမ်ပိုင်ရှင်က မညိုညိုအေးနှင့်အတူ အလုပ်လုပ်ခဲ့သည့် မြန်မာ မိန်းကလေး တဦးထံ ဆက်သွယ်၍ အဆုံးစီရင်၍ သေသွားသည်ဟု အကြောင်းကြားခဲ့ ခြင်း ဖြစ်သည်။

မညိုညိုအေး၏ ရုပ်အလောင်းအား ယခုအခါ ၎င်းသေဆုံးရာ အရပ်ရှိ ခရစ်ယာန် သချိုင်္င်းတခုတွင် သြဂုတ်လ ၉ ရက် နေ့က ဂူသွင်းထားကြောင်း၊ ထို့အတူ မသေဆုံးမီ အဓမ္မ ပြုကျင့်ခံရမှု ရှိ၊ မရှိဆိုသည်ကိုလည်း စစ်ဆေးမှု မပြုလုပ်ရသေးကြောင်း ဦးကိုကိုနိုင် က ပြောသည်။

၎င်းက “တကယ်လို့ အမှုအတွက် အလောင်းကို စစ်ဆေးမယ်ဆိုရင်လည်း အလွယ်တကူ ထုတ်ယူနိုင်အောင်ဆိုပြီး တော့ ဂူသွင်းထားပါတယ်၊ ကျနော်တို့ အနေနဲ့လည်းပဲ အမှုမှန်ပေါ်ပေါက်တဲ့အထိ ဆောင်ရွက်သွားမှာပါ၊ မြန်မာသံရုံးနဲ့ မြန်မာ အစိုးရ အနေနဲ့လည်းပဲ အမှုမှန် ဖြစ်အောင် ကူညီပေးစေချင်ပါတယ်” ဟု ပြောသည်။

ထိုအမှုနှင့်ပတ်သက်၍ ဘန်ဘုံနယ်မြေ ရဲစခန်းတွင် သေဆုံးသူ၏ အစ်မ ဖြစ်သူက အမှု ဖွင့်ထား၍ စစ်ဆေးနေဆဲ ဖြစ် သည်။ ဘန်ဘုံမြို့နယ်သည် ဘန်ကောက်မြို့မှ ကီလိုမီတာ ၈၀ ကျော် ဝေးကွာကြောင်း သိရသည်။

Your Thoughts …
Tags: အိမ်အကူ
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

အလုပ်ရှင် ဂိုင်ယာသီရိ မူရူဂါယန်နှင့် မပိုင်ငေးဒွန်

မြန်မာအိမ်အကူများ သေဆုံးခြင်းနှင့် စင်ကာပူ၏ ဥပဒေဟာကွက်

by Jean Lau
29 June 2023
6.5k

သေမှုသေခင်း စစ်ဆေးမှုအရ မပိုင်ငေးဒွန်၏ ခန္ခာကိုယ်တွင် အမာရွတ် ၃၁ ခုနှင့် ပြင်ပဒဏ်ရာ ၄၇ ခု ရှိကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် တန်းစီနေကြသူများ

အရှေ့အလယ်ပိုင်း နိုင်ငံများရောက် မြန်မာအလုပ်သမများ အခက်အခဲကြုံ

by ဧရာဝတီ
20 October 2022
2.3k

ယခုနှစ်ပိုင်းတွင် ပြည်တွင်း၌ စီးပွားရေးကျပ်တည်းနေခြင်းကြောင့် ငွေကြိုပေးစရာမလိုဘဲ လုပ်ခ လစာ ကျပ် ၁၀သိန်း ဝန်းကျင်ရရှိမည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အိမ်အကူ အဖြစ် သွားရောက် လုပ်ကိုင်မှုများ မြင့်တက်လာသည်။

၂၀၁၅ မှ ၂၀၂၀ အတွင်း နှိပ်စက် ညှဉ်းပန်းခံရသည့် အလုပ်သမား တချို့၏ ပုံများ / ဧရာဝတီ

၂၀၁၅ မှ ၂၀၂၀ ထိ အလုပ်သမား နှိပ်စက်ညှဉ်းပန်းမှုများ

by သဇင်လှိုင်
7 March 2020
24.9k

၂၀၁၅ ခုနှစ်မှ ယခု ၂၀၂၀ အထိ လူသိထင်ရှား ဖြစ်ပွားခဲ့သည့် လုပ်သားများ နှိပ်စက်ညှင်းပန်းခံရမှု အမှုများစွာ ရှိခဲ့သည်။

လူမှု ကွန်ရက်တွင် မျှဝေနေကြသည့် မင်းရာဇာ အဖမ်းခံရသည့် ပုံများ

မင်းရာဇာအိမ်က အိမ်အကူအမှု တရားမျှတမှုရပါ့မလား

by ရွှေရည် & မယ်လွန်း
19 April 2020
31.2k

သမီး တက်သွားတဲ့အချိန် (မြို့တက်အလုပ်လုပ်ချိန်) ကို အမေတို့ မှတ်ထား၊ အမေတို့ ဘယ်တော့မှ စိတ်မ ဆင်းရဲရဘူး၊ သမီး အမေတို့ကို ရှာကျွေးမယ်ဆိုပြီး ၁၀ နှစ်သမီးကတည်းကနေ သူတက်သွားတယ်

စင်ကာပူတွင် မြန်မာ မိန်းကလေး မဇင်မာဦး ခုန်ချ သေကြောင်းကြံစည်ခဲ့သော ကွန်ဒို တိုက်ခန်းတွဲ / ခင်လေး ဖေ့စ်ဘုတ်

စင်္ကာပူတွင် တိုက်ပေါ်မှ ခုန်ချသတ်သေခဲ့သည့် မြန်မာအိမ်အကူ၏ အေးဂျင့်များကို စုံစမ်းနေ

by ထွန်းထွန်း
15 June 2017
11.3k

ကိုဝေဟင်အောင်က “ဒီနေ့ပဲ ကျနော်သူ့အဖိုးနဲ့အဖွားဆီသွားတွေ့ခဲ့တယ်၊ လောလောဆယ် သူ့အတွက် အလှူလုပ်ပေးနိုင်ဖို့ ၅ သိန်းပဲလှူခဲ့သေးတယ်၊ အေးဂျင့်နဲ့ အဆက်အသွယ်ရပြီပြောတယ်” ဟုပြောသည်။

၂၀၁၆ ခုနှစ်က ရုံးထုတ်လာသော ဂိုင်ယာသီရိ မူရူဂါယန် / Getty Image

စင်ကာပူတွင် မြန်မာအိမ်အကူ သတ်မှု ထောင်ဒဏ်နှစ် ၃၀ အယူခံကို ပယ်ချ

by ဧရာဝတီ
1 July 2022
6.7k

ပရီမာနှင့် ဂိုင်ယာသီရိ၏ အမျိုးသား အသက် ၄၂ နှစ်အရွယ် ရာထူးချခံထားရသော ရဲတပ်ကြပ်ကြီး ကီဗင် ချယ်လ်ဗမ်တို့သည်လည်း ညှဉ်းပန်းနှိပ်စက်မှုအတွက် စွဲချက်ပေါင်း ၄၉ ခုနှင့် ၅ ခု အသီးသီးစွဲဆိုခံရသည်။

Next Post
H1N1 Positive လူနာ ၁၉၄ဦး နှင့် သေဆုံးသူ၂၀ဦးအထိ ရှိနေပြီဖြစ်သည်။ / ချမ်းစွန်း  / ဧရာဝတီ

သြဂုတ် ၆ ရက်နေ့က သေဆုံးကလေးငယ် H1N1 ဟု အတည်ပြု

မီးရှို့သူများ

မီးရှို့သူများ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate