သတင်း

မောင်တောဒေသသို့ စစ်သည်အင်အား တိုးချဲ့ပို့ဆောင်

Want create site? Find Free WordPress Themes and plugins.

မောင်တောဒေသသို့ ပို့ဆောင်မည့် တပ်မတော် တပ်ရင်းကြီးတခု ယနေ့ နံနက်ပိုင်းတွင် ရခိုင် ပြည်နယ်၊ စစ်တွေမြို့ လေဆိပ်သို့ ဆိုက်ရောက်လာပြီး လူ၊ လက်နက်နှင့် ရိက္ခာပစ္စည်းများ ပါဝင်ကြောင်း ပြည်နယ် အစိုးရအဖွဲ့နှင့် နီးစပ်သူများက ဧရာဝတီသို့ အတည် ပြုသည်။

“ဒီမနက် ၉ နာရီလောက် တပ်က လေယာဉ် ၂ စီး စစ်တွေ လေဆိပ်ကို ဆိုက်တယ်။ သွားခေါ်လိုက် ပြန်လာလိုက်နဲ့ လူတွေကို ကဲ့ နေတာ။ အကုန် စစ်သားတွေချည်းပဲ။ တစီးစာကို ၁၀၀ ဝန်းကျင်လောက် ရှိမယ်။ အခု ရာသီဥတုက ဆိုးနေတော့ မောင်တော ဘက် ဆက်မသွားသေးဘဲ စစ်တွေမှာပဲ နားနေတယ်လို့ သိရတယ်”ဟု လေဆိပ်သို့ ရောက်ရှိခဲ့သူ စစ်တွေမြို့ခံတဦးက ပြောသည်။

ယခုတပ်ရင်းသည် တိုက်ရည်ခိုက်ရည် အရှိဆုံး တပ်ရင်းတခု ဖြစ်ပြီး စစ်ဆင်ရေးများတွင် တိုက်ရိုက် သုံးစွဲမည် မဟုတ်ဘဲ ရဲ လုံခြုံ ရေး တပ်ဖွဲ့များကို ဝိုင်းဝန်း၍ ထောက်ပံ့ပေးမည် တပ်ဖွဲ့ဖြစ်ကြောင်း၊ အရေအတွက် အတိအကျ မသိရကြောင်း သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။

“ရခိုင်ပြည်နယ် လုံခြုံရေးအတွက် တပ်မတော် အင်အားကို တိုးချပေးဖို့ တရားဝင် တောင်းဆိုခဲ့တယ်။ တိုင်းရင်းသား ကျေးရွာတွေကို ကာကွယ်ဖို့ လုံခြုံရေး အင်အား လျော့နည်းနေတာကို တင်ပြခဲ့တယ်။ တပ်ချုပ်ကြီးကလည်း လိုအပ်ရင် တိုးပေးမယ်။ တပ်မတော်မှာ အင်အားအပြည့်ရှိတယ်လို့ ပြောတယ်။ ပြောတဲ့အတိုင်း ဒီနေ့ ထပ်တိုးပေးလိုက်တာပဲ”ဟု ရခိုင် အမျိုးသား ပါတီ (ANP) မှ မြေပုံမြို့နယ် အမတ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။

တပ်မတော်မှ အမည်မဖော်လိုသော အရာရှိကြီးတဦးကမူ ANP က တောင်းဆို၍ ယခုကဲ့သို့ ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း၊ သို့သော် တဖက်ရန်သူများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည်ကို စိုးရိမ်၍ သတင်းထုတ်ပြန်မည် မဟုတ်ကြောင်း၊ မီဒီယာက လုံခြုံရေးအတွက် နားလည်ပေးရန် လိုကြောင်း ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တဦးကမူ စစ်ဘက်ရေးရာ သတင်းများကို အရပ်ဘက်မှ သိရှိခြင်း မရှိကြောင်း၊ Facebook တွင် ဖော်ပြနေသလောက်သာ ၎င်းတို့လည်း သိ၍ အသေးစိတ် ရှင်းမပြနိုင်ဟု ဆိုသည်။

ယခုအခါ ရခိုင်ပြည်နယ် ပြဿနာသည် အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်သည့် အခြေအနေတခုအဖြစ် တပ်မတော်က ယူဆလာပြီး အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရမှာ ရခိုင်အရေး ချည်းကပ် ဖြေရှင်းရာတွင် နိုင်ငံတကာ ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံရေး အင်အားစုများက သုံးသပ်လျက်ရှိသည်။

ယခု တပ်အင်အား တိုးချဲ့ချထားမှုကို သံတမန်အသိုင်းအဝိုင်းကလည်း စောင့်ကြည့်လျက် ရှိသည်။

ဆက်စပ်ဖတ်ရှုရန် – မောင်တောတွင် ဘင်္ဂါလီ ကင်းမဲ့ဇုန် သတ်မှတ်ပေးရန် ANP တောင်းဆို 

Did you find apk for android? You can find new Free Android Games and apps.
Loading