• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပြန်လည်သုံးသပ်ရန် ပူးတွဲအစည်းအဝေး ခေါ်ယူရန် လိုအပ်

by ငြိမ်းငြိမ်း
11 August 2017
in သတင်း
A A
ပြီးခဲ့သည့် ဇူလိုင်လဆန်းက ချင်းမိုင်တွင် ပြုလုပ်ခဲ့သည့် PPST အစည်းအဝေး / ဧရာဝတီ

ပြီးခဲ့သည့် ဇူလိုင်လဆန်းက ချင်းမိုင်တွင် ပြုလုပ်ခဲ့သည့် PPST အစည်းအဝေး / ဧရာဝတီ

3.5k
VIEWS
Share on FacebookShare on Twitter

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံအပြီး မကျေလည်မှုများ အပေါ် ဖြေရှင်းနိုင်ရန် ပြန်လည်သုံးသပ်ပြီးနောက် NCA ပူးတွဲအကောင်အထည်ဖော်ရေး အစည်းအဝေး (JICM) ထပ်မံ ခေါ်ယူနိုင်ရေးကို အလေးထား ပြောဆိုသည်။

NCA ပူးတွဲအကောင်အထည်ဖော်ရေးအစည်းအဝေး (JICM) တွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့ များက NCA ပြန်လည်သုံးသပ်ရေးကို ဆွေးနွေးဆုံးဖြတ်နိုင်သည်။

RelatedPosts

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

14 July 2025
1.3k
အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

14 July 2025
605
မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

14 July 2025
39

PPST အစည်းအဝေးကို ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် သြဂုတ်လ ၉ မှ ၁၀ အထိ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး၊ အပစ်ရပ် ၈ ဖွဲ့အဖွဲ့ဝင်များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဥက္ကဋ္ဌ များက ဦးဆောင်သည်။

NCA မှ ဖြစ်ပေါ်လာသည့် ပူးတွဲစောင့်ကြည့်ရေးကို အကောင်အထည်မဖော်နိုင်သေးခြင်းသည် အစိုးရနှင့် လူမျိုးစု လက်နက်ကိုင် အဖွဲ့များအကြား NCA ပြဌာန်းချက်များအပေါ် နားလည်မှု တူညီမှုမရှိခြင်း၊ ဆုံးဖြတ်ပိုင်ခွင့် အခြေအနေများ မရှင်းလင်းခြင်း၊ အချိန် မလုံလောက်ခြင်းတို့ကြောင့် မကျေလည်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက ဆိုသည်။

ထို့ကြောင့် NCA ကတဆင့် ဖြစ်ပေါ်လာသည့် ပူးတွဲစောင့်ကြည့်ရေးကော်မတီများ၏ လုပ်ငန်းများ ပီပီပြင်ပြင် ဖြစ်လာစေရေးအတွက် ကြိုးပမ်းနေသည် ဟု ၎င်းက ဆိုသည်။

PPST အဖွဲ့သည် ဇူလိုင်လ ၂၀-၂၇ ရက်အတွင်း KNU ဗဟိုဌာနချုပ် လေးဝါး (လောခီးလာ)တွင် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံက သဘောတူခဲ့သည့် ပြည်ထောင်စုုစာချုပ် အစိတ်အပိုင်း ၁ ပါ အချက် ၃၇ ချက် အပါအဝင် NCA အကောင်အထည်ဖော်မှုလုပ်ငန်းများကို ပြန်လည်သုံးသပ်မှုများ ပြုလုုပ်ခဲ့သည်။ ၎င်းအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ (PPWT) ကလည်း သြဂုတ်လ အစောပိုင်းတွင် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ ထိုဆွေးနွေးချက်များကို ခေါင်းဆောင်များက သြဂုတ် ၁၀ ရက်နေ့တွင် ရှေ့လုပ်ငန်းစဉ်များအဖြစ် အတည်ပြုခဲ့သည်။

PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျနော်တို့ ပြန်လည်သုံးသပ်မှုတွေက NCA အကောင်အထည်ဖော်တဲ့ကိစ္စ အောင်မြင်ဖို့မကဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တခုလုံးအောင်မြင်ဖို့ အကောင်းဘက် ချဉ်းကပ်ပြီး သုံးသပ်မှုတွေ ပြုလုပ်တာပဲ ဖြစ်ပါတယ်။” ဟု သြဂုတ် ၁၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

၎င်းက NCA အကောင်အထည်ဖော်မှုများကိုု ဆောင်ရွက်ရခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေခိုင်မာရေးအတွက် လုပ်ဆောင်ရခြင်း ဖြစ်ပြီး၊ တိုင်းရင်းသားအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်သည်ဆိုသည့်အပေါ် အစိုးရ၊ ပြည်တွင်းမှ လေ့လာသူများ၊ နိုင်ငံတကာ အကဲခတ်ပုဂ္ဂိုလ်များနှင့် သံတမန်များဘက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြဿနာတစုံတရာ ရှိနေသလား၊ နောက်ပြန်သွားနေသလား ဆိုသည့် စိုးရိမ်ချက်များ ရှိသည့်အပေါ် စိတ်မပူရန် ပြောဆိုသည်။

“ ပြုပြင်ပြောင်းလဲမယ်၊ နည်းနည်းပါပါး ကိုင်တွယ်မယ်ဆိုတာက ကျနော်တို့ အခု စုုဖွဲ့ထားတဲ့ JICM၊ UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ)၊ JMC (ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ)၊ သက်ဆိုင်ရာ အလုပ်အဖွဲ့များ၊ အတွင်းရေးမှူး အဖွဲ့ အဆင့်ဆင့်တွေကို အပြန်အလှန် ဆက်စပ်မှုအားကောင်းဖို့နဲ့ နောက်နောင်မှာ ပိုပြီးတော့ အလုပ်ဖြစ်နိုင်တဲ့ နည်းနာတွေကို ကျနော်တို့ စဉ်းစားကြတယ်။ အဲဒီလို စဉ်းစားတဲ့အတွက် ပြုပြင်ပြောင်းလဲမှုကတော့ လုပ်ရမယ်။ သို့သော် လက်ရှိ အခြေအနေမှာ ပြုပြင်ပြောင်းလဲမှု လုပ်မယ့်ကိစ္စ အကောင်အထည်ဖော်မှုကို လာမည် အောက်တိုဘာလ ၁၅ ရက်နောက်ပိုင်းမှာမှ တရားဝင် လုပ်သွားမယ်။” ဟု ခွန်ဥက္ကာက ပြောဆိုသည်။

အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များအကြား လက်ရှိ ရှိပြီးသား နားလည်မှုနှင့် လုပ်ငန်းချောမွေ့စေရေးအတွက် လာမည့်နှစ်လအတွင်း လက်ရှိ လုပ်နည်းလုပ်ဟန် နှင့် စုဖွဲ့မှု ပုံသဏ္ဍာန်များ အတိုင်း ဆက်သွားမည်ဟု PPST က ဆိုသည်။

ယခင်လက KNU အဖွဲ့က အဖွဲ့တွင်း ငြိမ်းချမ်းရေးကိုယ်စားလှယ်နေရာ အပြောင်းအလဲ ပြုခဲ့ပြီး၊ လက်ရှိ KNU ဒုုဥက္ကဌ လည်းဖြစ် UPDJC တွင် ဒုတိယ ဥက္ကဌ ၁ ဖြစ်သည့် ဖဒိုုကွယ်ထူးဝင်း နေရာတွင် KNU အထွေထွေ အတွင်းရေးမှူး ဖဒိုတာဒိုမူးအား အစားထိုး တာဝန်ပေးရန် ရှိသည်။ သို့သော် သြဂုတ်လ ၃ ရက်နေ့ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် UPDJC တွင် လူအပြောင်းအလဲ လုပ်ပါက အလုပ်လုပ်ဆောင်ရာတွင် အခက်အခဲ ရှိလာမည်လား၊ ရရှိထားပြီးသား ညီညွတ်ရေးနှင့် ရရှိပြီးသား နားလည်မှု အားလျော့သွားမည်လား ဆိုသည့်အပေါ် စိုးရိမ်မှု ရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

PPST ခေါင်းဆောင်များအနေဖြင့် ယခုနှစ်အတွင်းတွင် NCA လက်မှတ်ရေးထိုးသည့် အဖွဲ့ဝင် တိုးလာမည်ဟု မျှော်လင့်သည့်အတွက် နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြင်ဆင်ရေးနှင့် NCA အကောင်အထည်ဖော်ရေးဆိုင်ရာ စုဖွဲ့မှု ကော်မတီအသီးသီး ပြုပြင်ရေးကိုလည်း အချိန်ယူ ပြင်ဆင်နေခြင်း ဖြစ်သည်။

အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ၏ ယခုအပတ် ရန်ကုန်မြို့ တွင် ပြုလုပ်သည့် ဆွေးနွေးညှိနှိုင်းမှုများမှ ရလဒ်ကောင်းများ ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း PPST ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Your Thoughts …
Tags: JICMNCA
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.4k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
၂၀၁၄ ခုနှစ် ဇွန်လတွင် အာဆီယံအစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့စဉ်က / Reuters

နှစ် ၅၀ ပြည့် အာဆီယံတွင် စီးပွားရေးပေါင်းစည်းမှု အလျင်အမြန် လိုအပ်နေပြီ

ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

6 days ago
3.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate