• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နမ္မတီးတွင် တိုက်ပွဲဖြစ်ပွား၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

by နန်းလွင်နှင်းပွင့်
11 August 2017
in သတင်း
A A
တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင် လာကြသော ဒေသခံများ  / Kachinwaves

တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင် လာကြသော ဒေသခံများ / Kachinwaves

7.4k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ ကဆုန် ကျေးရွာအတွင်း ယနေ့ နံနက်ပိုင်းက တပ်မတော်နှင့် ကချင် လွတ်လပ် ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံ ရာဂဏာန်းကျော် တိမ်းရှောင်နေရသည်ဟု သတင်း ရရှိသည်။

တိမ်းရှောင်လာကြသူများမှာ ကဆုန်ကျေးရွာအတွင်း နေထိုင်ကြသူများဖြစ်ပြီး လက်ရှိတွင် ၎င်းတို့ကို ကချင်နှစ်ခြင်း အသင်း တော်က မိုးကောင်းမြို့နှင့် နမ္မတီးမြို့ရှိ ဘုရားကျောင်းများတွင် ခိုလှုံရန် ကားများဖြင့် သယ်ဆောင်နေသည်ဟု သိရ သည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
89
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
33
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
927

နမ္မတီးမြို့ ကချင်နှစ်ခြင်း ခရစ္စယာန် အဖွဲ့ချုပ် (KBC) မှ သိက္ခာတော်ရ ဆရာတော်ကြီး ဦးလရိန်က “ဘယ်အချိန်က စပစ် ခတ်ကြတယ်ဆိုတာ စစ်ရေးစစ်ရာကို မသိပါဘူး။ ပစ်နေလို့ အခုပဲ တောက်လျှောက် ပြေးလာကြတာပါ။ ဟိုက ပြေးလွှား လာကြတော့ ဘယ်အချိန်ထိ ရောက်လာကြမလဲဆိုတာ မသိသေးဘူး။ ရောက်လာတဲ့ သူတွေကိုတော့ ကျွေးဖို့ မွေးဖို့နဲ့ လိုတာတွေ စီစဉ်ပေးဖို့ အရေးပေါ် လုပ်နေပါတယ်” ဟု ပြောပြသည်။

ကဆုန်ကျေးရွာ အတွင်း အိမ်ထောင်စု ၂၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၁၆၀၀ ကျော် နေထိုင်ကြကြောင်း သိရသော်လည်း ယခု တိမ်းရှောင်လာကြသူများ၏ အရေးအတွက်ကိုမူ အတိအကျ မသိရှိရသေးပါ။

နမ္မတီးမြို့ KBC မှ ကား ၂စီးဖြင့် ပြေးလာကြသူများကို ခေါ်ဆောင်နေပြီး အခြားလူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများ ကလည်း လာရောက်ကူညီနေသည်ဟု ဦးလရိန်က ပြောသည်။

ဦးလရိန်က “လောလောဆယ်တော့ ထမင်းစားဖို့ ထမင်းထုပ်တွေ စီစဉ်ပေးနေတယ်။ နေဖို့ အခင်းတွေ ခင်းပေး နေတယ်။ သောက်ရေတွေ စီစဉ်ပေးတယ်။ နောက်သူတို့ မနက်စာ မစားရသေးဘူးပြောလို့ မုန့်လေးတွေ ကျွေးထားပါတယ်။ လမ်းမှာ တော့ ပြေးလာသူတွေ ရှိနေပါသေးတယ်။ မကုန်သေးပါဘူး” ဟုလည်း ပြောဆိုသည်။

ကယ်ဆယ်ရေး ကူညီပေးနေသည့် ဒေသခံများကို ဧရာဝတီက မေးမြန်းရာ ပစ်ခတ်မှုများမှာ ၁၁ နာရီ ဝန်းကျင်တွင် စတင် ကြားရပြီး ရွာအတွင်း ဝင်ရောက် ပစ်ခတ်မှုများပါ ဖြစ်လာသဖြင့် ပြေးလာကြခြင်း ဖြစ်သည်ဟု ပြောကြသည်။

စစ်ဘေး ရှောင်လာသူများကို လာရောက်ကူညီပေးနေသည့် ဦးနော်ဘောက် ဆိုသူကလည်း “အချို့က ရွာမှာ ကျန်နေတဲ့ သူတွေလည်း ရှိတယ်တဲ့။ တချို့က ချောင်းတလျှောက် ပြေးသွားကြတော့ ဘယ်ရောက်နေလဲ မသိရသေးဘူး။ မိုးကောင်း ဘက် ပြေးတဲ့ သူတွေလည်း ရှိတယ်။ ရုတ်တရက် ပြေးလာကြတော့ အဝတ်တထည် ကိုယ်တခုတင် မဟုတ်ဘူး။ တချို့ဆို မိသားစုပါ တကွဲတပြား ပျောက်နေကြတယ်”ဟု ပြောပြသည်။

ပြေးလာကြသူများအတွင်း သေနတ်ထိမှန်သူများ၊ ဖမ်းဆီးခံရသူများလည်း ရှိသည်ဟူသည့် သတင်းစကားများ ပျံ့နေသဖြင့် မိသားစုနှင့် ကွဲနေသည့် စစ်ဘေးရှောင်များမှာ စိုးရိမ်ပူပန်နေကြသည်ဟုလည်း ဦးနော်ဘောက်က ပြောသည်။

မိုးကောင်းမြို့တွင် ကယ်ဆယ်ရေး ဆောင်ရွက်နေသူ တဦးကလည်း KBC မှ ကားများဖြင့် စစ်ဘေးရှောင် လာသူများကို သယ်ဆောင်နေကြောင်း၊ လက်ရှိတွင် စာရင်းအတိအကျ မသိနိုင်သေးကြောင်း၊ ခန့်မှန်းခြေ အရ ၂၀၀ ဝန်းကျင်ခန့် ရှိပြီး သက်ကြီးရွယ်အို အဘွားများလည်း ပါဝင်ကြောင်း ပြောဆိုသည်။

ဧရာဝတီက တပ်မတော် ပြောရေးဆိုခွင့်ရှိသူများကို သတင်းမေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

KIA ဘက်ကို မေးမြန်းရာတွင်လည်း KIA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက မိုးကောင်းမြို့နယ် အတွင်း တိုက်ပွဲဖြစ်သည်ဟူသည့် သတင်းကို မြေပြင်မှ ပေးပို့လာခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် မသိသေးပါ ဟု ပြော သည်။

သို့သော် သြဂုတ်လ ၁၀ ရက်က မိုးကောင်းမြို့နယ် နမ့်ခမ်း ရေအား လျှပ်စစ်အနီးတွင် တပ်မတော်နှင့် KIA တပ်ရင်း (၁၁) တို့ကြား တိုက်ပွဲငယ် တခု ဖြစ်ပွားထားသည်ဟု KIA ဒုဗိုလ်မုးကြီး နော်ဘူက ပြောသည်။

ကဆုန်ကျေးရွာမှာ KIA ၏ တပ်ရင်း (၁၁) နှင့် ၄ မိုင်ခန့် အကွာတွင် တည်ရှိကြောင်း သိရသည်။

Your Thoughts …
Tags: ကချင် စစ်ဘေး ဒုက္ခသည်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စင်ကြိုင် စစ်ဘေး ဒုက္ခသည် စခန်း  /  မျိုးမင်းစိုး / ဧရာဝတီ

စင်ကြိုင် ကချင် စစ်ဘေး ဒုက္ခသည် စခန်းကို ပြောင်းရွှေ့ခိုင်း

by နန်းလွင်နှင်းပွင့်
15 February 2017
9.5k

ကချင်ပြည်နယ် ထာဝရငြိမ်းချမ်းရေးဒေသ အထူးဒေသ (၁) ဆဒုံးမြို့နယ်အတွင်းရှိ လူဦးရေ ၁၀၀၀ နီးပါး ခိုလှုံနေသည့် စင်ကြိုင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို အမြန်ဆုံး ရွှေ့ပြောင်းရန် ဒေသအာဏာပိုင်က ပြောဆိုထား သည်ဟု စခန်း တာဝန်ခံ များက...

အင်ဒွပ်ယန် စစ်ဘေးရှောင်စခန်းမှ ထွက်ပြေး တိမ်းရှောင်လာကြသော ဒုက္ခသည်များကို တောတွင်း တနေရာတွင် တွေ့ရစဉ်  / ဖာသာ ဗင်းဆင့်ရှန်လွန်း

ဆွမ်ပရာဘွမ်ရှိ ဒုက္ခသည်စခန်း အနီး လက်နက်ကြီးများ ကျ၍ ဒုက္ခသည်များ ထပ်မံ တိမ်းရှောင်ရ

by နန်းလွင်နှင်းပွင့်
23 January 2018
16.5k

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲ များ ဖြစ်ပွားပြီး စစ်ဘေးရှောင်ဒုက္ခသည် စခန်းအနီး လက်နက်ကြီး ကျည်များ ကျ၍

ဒီဇင်ဘာလ အတွင်းက တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ်မှ KIA ထိန်းချုပ်နယ်မြေ ရှအိယန်ဒေသ ကို ပြောင်း ရွှေ့လာသည့် စစ်ဘေး ဒုက္ခသည်များ၏စစ်ရှောင် စခန်းတခု / မျိုးမင်းစိုး / ဧရာဝတီ

ကချင် စစ်ဘေး ဒုက္ခသည်များ အတွက် ထောက်ပံ့ငွေ အလေအလွင့်မရှိရန် စီစဉ်နေဟု ဆို

by နန်းလွင်နှင်းပွင့်
9 February 2017
5.7k

ကချင်စစ်ဘေး ဒုက္ခသည်များအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးအပ် သည့် ထောက် ပံ့ငွေကျပ် သိန်း ၃၀၀၀ ကို အလေအလွင့်မရှိဘဲ အမှန်တကယ်ထိရောက်စွာ စီမံခန့်ခွဲ၍ သုံးစွဲရန် စီစဉ် နေပြီ ဖြစ်ကြောင်း...

Next Post
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့် စက်မှုုဇုန်တည်ထောင်ခွင့်ကိုလည်း သြဂုတ်လအတွင်း ပထမဆုံး အကြိမ် ခွင့်ပြုခဲ့သည်။ / ဧရာဝတီ

ပြည်တွင်းကုမ္ပဏီကို စက်မှုဇုန်တည်ထောင်ခွင့် ပထမဆုံးအကြိမ်ခွင့်ပြု

စည်ပင်ဈေးများဌာနကို ဆန္ဒပြသည့် အလုံဈေးသူဈေးသားများ / သက်ထွန်းနိုင် / ဧရာဝတီ

စည်ပင်ဈေးများဌာနကို အလုံဈေးသူဈေးသားများ ဆန္ဒပြ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

6 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate