• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နမ္မတူရှိ စစ်ရှောင်ဒုက္ခသည် ၅၀၀ ကျော် စားနပ်ရိက္ခာများ လိုအပ်နေ

by ချစ်မင်းထွန်း
14 August 2017
in သတင်း
A A
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ စစ်ရှောင်စခန်းတခုမှ ရှမ်းအမျိုးသားများကို တွေ့ရစဉ်  / ဧရာဝတီ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ စစ်ရှောင်စခန်းတခုမှ ရှမ်းအမျိုးသားများကို တွေ့ရစဉ် / ဧရာဝတီ

4.9k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်၊ နမ္မတူရှိ စစ်ရှောင်ဒုက္ခသည် ၅၀၀ ကျော် အတွက် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီ စောင့်ရှောက်ပေးနေသည့် ဦးအောင်ဆန်းမြင့်က ပြောသည်။

မန်တုံမြို့နယ်အတွင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွား နေ၍ မန်တုံမြို့အတွင်းရှိ ကျေးရွာများမှ ဒေသခံ ၅၃၂ ယောက်သည် နမ္မတူရှိ စစ်ရှောင်စခန်းသို့ လာရောက် တိမ်းရှောင် နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် နန့်ဆန်မြို့ရှိ ပန်ဂေါ်၊ လွယ်ကန်၊ ပန်ဝါ ၊မိုင်းဟော် ၊အောင့်နန်း၊ နမ့်ဟိုင်းနှင့် မန့်နန် ကျေးရွာတို့မှ ဒေသခံများနှင့် အနီးရှိ ကျေးရွာများမှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။

RelatedPosts

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
745
တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
100
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
865

ဦးအောင်ဆန်းမြင့်က “ဒီမှာတော့ စစ်ရှောင် ၅၃၂ ယောက် ရှိသေးတယ်။ အဟောင်းတွေပဲကျန်တာပေါ့။ အသစ် စစ်ရှောင် လာတဲ့ လူတွေက ပြန်သွားကြပြီ။ အခုလိုနေတာက စားနပ်ရိက္ခာပေါ့။ INGO တို့ NGO တို့ကလည်း လှူတာတော့ လှူ တယ် မလောက်ဘူး ပေါ့ဗျာ”ဟု ဧရာဝတီကို ပြောသည်။

သြဂုတ် ၅ ရက်နေ့တွင် မန်တုံမြို့နယ်အတွင်း အဝင်အထွက် ဂိတ်ပေါက်များ ပိတ်ခြင်းနှင့် တပ်မတော်၏ ယာဉ်တန်းကို လက်နက်ကိုင်အဖွဲ့ တဖွဲ့က ချုံခိုတိုက်ခဲ့ခြင်းတို့ကြောင့် စစ်ရေးတင်းမာကာ လုံခြုံရေး တင်းကျပ်မှုများ ရှိခဲ့သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) တို့က လူသစ်စုဆောင်းမှုများ ပြုလုပ်နေ၍ နမ္မတူ စစ်ရှောင်စခန်းသို့ ၂၅၂ ဦး ရောက်လာခဲ့သော်လည်း သြဂုတ် ၁၂ ရက်နေ့တွင် ၎င်းတို့နေရပ်ဖြစ်သည့် မန်တုံမြို့နယ် ရှိ အထက်မှန်ဝဲ ၊ အောက်မှန်ဝဲနှင့် ခေးခေတ်ကျေးရွာများသို့ ပြန်သွားကြကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။

SSPP နှင့် TNLA မှ တာဝန်ရှိသူများက မိမိတို့အနေဖြင့် မန်တုံမြို့နယ်အတွင်း လူသစ်စုဆောင်းမှုများ မရှိကြောင်းပြောသည်။

TNLA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်အိုက်ကျော်က “ နဂိုတုန်းကတော့ ကောက်တာ ရှိပါတယ်။ အခု ကောက်ခံတာ မရှိဘူး။ ဘာလို့ဆို ကျနော်တို့ သွားကောက်တော့ တဦးက ပညာသင်ကြားနေလို့ ၊ နောက်တယောက်က အရည်အချင်းမပြည့်မီလို့၊ တယောက်က နိုင်ငံခြား ထွက်မယ်ဆိုလို့ မကောက်ခံခဲ့ပါဘူး။ ပလောင်လူမျိုးဖြစ်မယ် ၊ သတ် မှတ် အရည်အချင်းတွေ ရှိတယ်ဆိုရင် တအိမ်တယောက် စစ်မှုမထမ်း အနေနဲ့ ကောက်ခံတာတော့ ရှိပါတယ်” ဟု ပြော ဧရာဝတီကို ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၌ တပ်မတော်နှင့် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး ကချင် ပြည်နယ်၊ နမ္မတီးဘက်တွင်လည်း တပ်မတော်နှင့် KIA တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

Your Thoughts …
Tags: စစ်ရှောင်ဒုက္ခသည်
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် ရောက်ရှိနေသည့် ချင်းစစ်ရှောင်ဒုက္ခသည်များ / မျိုးမင်းစိုး / ဧရာဝတီ

ဘဝကို သုညက ပြန်စရမယ့် ရန်ကုန်ရောက် ချင်းဒုက္ခသည်များ

by နန်းလွင်နှင်းပွင့်
4 June 2020
22.9k

ရန်ကုန်က စစ်ဘေးရှောင်ဒုက္ခသည်တွေကတော့ ပလက်ဝကို လက်ရှိအခြေအနေမှာ ပြန်လို့ မရတာ သေချာနေတာ ကြောင့် လတ်တလောမှာတော့ ဒုက္ခသည်စခန်းမှာပဲ မှီခိုပြီး ရန်ကုန်မှာပဲ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်ရှာကြမယ်လို့ ဆိုပါတယ်။

နှင်းများကြားက ရှအိယန်စခန်း / မျိုးမင်းစိုး/ဧရာဝတီ

စစ်ရှောင်တွေကို စာနာပါ

by နန်းလွင်နှင်းပွင့်
7 February 2017
20.5k

ရှအိယန်ကို ရောက်လာတဲ့သူတွေကတော့ ဒီတကြိမ်ဟာ ပထမဆုံးအကြိမ် အဖြစ် စစ်ဘေးရှောင်ဖြစ်ကြရတာ မဟုတ်ပါဘူး။ ထပ်မံပြေးလာရတဲ့ နှစ်ထပ်ကွမ်း စစ်ဘေးရှောင်တွေပါ။

KIA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

KIA နှင့် စစ်တပ် စစ်ရေးတင်းမာ၊ စစ်ဘေးရှောင် ၄၀ ကျော် ထပ်တိုး

by ဧရာဝတီ
17 March 2021
41k

အင်ဂျန်းယန်မြို့နယ်တွင်း မြစ်ဆုံစီမံကိန်း ဧရိယာနှင့် အနီးဆုံးဖြစ်သည့် ဂွေထောင်ကျေးရွာတဝိုက်က စစ် တပ်၊ တပ်စခန်းတခုကို KIA က မတ် ၅ ရက်၊ ညနေပိုင်းက ဝင်တိုက်ခိုက်ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်ရှိ ကျေးရွာများမှ ပအို့ဝ် ဒုက္ခသည် တချို့ သံလွင်မြစ် အရှေ့ဘက်ရှိ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ဒေသအတွင်းတွင် ဇန်နဝါရီ ၇ ရက်နေ့က ခိုလှုံလာစဉ် / Nyi Rang / Facebook

ဝ ဒေသတွင် ပအို့ဝ် ရွာသားများ စစ်ရှောင်

by ငြိမ်းငြိမ်း
8 January 2019
15.3k

မိုင်းပန်မြို့ နယ် နားမွန်ကျေးရွာအုပ်စုမှ ရွာ ၃ ရွာ တို့မှ ပအို့ဝ် ကျေးလက်ပြည်သူ အနည်းဆုံး ၃၀၀ နီးပါး သံလွင်မြစ် အရှေ့ဘက်ခြမ်းသို့ ထွက်ပြေးကြရသည်

လိုင်ဇာမြို့ရှိ ဂျေယန်း စစ်ဘေးရှောင်စခန်းများ / နန်းလွင်နှင်းပွင့် / ဧရာဝတီ

ဝိုင်းမော်ရှိ စစ်ဘေးရှောင်ဒုက္ခသည် အိမ်ထောင်စု ၅၀ ကျော် လိုင်ဇာမြို့သို့ ပြောင်းရွှေ့

by နန်းလွင်နှင်းပွင့်
17 January 2017
21.9k

မဂါ့ယန်အပြင် ဝိုင်းမော်မြို့နယ် အတွင်းရှိ ဇိုင်းအောင်နှင့် ခေါင်ရှောင် စစ်ဘေးရှောင် စခန်းအနီး၌လည်း လက်နက်ကြီးကျည်များ ကျသဖြင့် ဇန်နဝါရီလ ၁၁ ရက်မှစ၍ ဘေးကင်းသည့် နေရာများသို့ ထွက်ပြေးနေကြရသည်

စစ်ရှောင်ဒုက္ခသည်တဦး / China Daily

စစ်ရှောင်ဒုက္ခသည် ၃ ထောင်ခန့် တရုတ်နိုင်ငံဘက် ခိုလှုံ

by Reuters
22 November 2016
7.5k

မြန်မာ အစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြားမှ တိုက်ပွဲများ ဖြစ်ပေါ်လာပြီးနောက် ထွက်ပြေး တိမ်းရှောင်လာသူ ၃၀၀၀ ကျော်ကို တရုတ်နိုင်ငံက လက်ခံထားသည်

Next Post
မန္တလေးတိုင်းတွင် H1N1 ဖြစ်၍ ကုသနေသူ ၂၀ ဦးရှိပြီး ၎င်းတို့အနက် ၅ဦး သေဆုံးခဲ့သည်။ / ဧရာဝတီ

မန္တလေး H1N1 ဖြစ်သူ ၂၀ တွင် ၅ ဦး သေဆုံးခဲ့

မွန်ပြည်နယ်အတွင်း လူထုသို့ ဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အားလိုင်းများ / ဟင်္သာနီ(မွန်မြေ) / ဧရာဝတီ

မွန်ပြည်နယ်ရှိ အိမ်ထောင်စုထက်ဝက်ကျော်ကို အစိုးရမီးပေးနိုင်ပြီ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate