• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖမ်းဆီးခံသတင်းထောက် ၃ ဦး ဒုတိယအကြိမ် အာမခံပယ်ချခံရ

by ကျော်ခ
18 August 2017
in သတင်း
A A
ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခံထားရသည့် သတင်းသမားများကို သီပေါတရားရုံးတွင် ရုံးထုတ် စစ်ဆေးစဉ် / ဇော်ဇော် / ဧရာဝတီ

ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခံထားရသည့် သတင်းသမားများကို သီပေါတရားရုံးတွင် ရုံးထုတ် စစ်ဆေးစဉ် / ဇော်ဇော် / ဧရာဝတီ

6.2k
VIEWS
Share on FacebookShare on Twitter

မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် သီပေါမြို့နယ်တွင် ဖမ်းဆီးခံထားရသည့် ဧရာဝတီနှင့် DVB သတင်းဌာန တို့မှ သတင်းထောက်သုံးဦး၏ အာမခံလျှောက်ထားမှုကို သီပေါမြို့နယ်တရားရုံးက ယနေ့ ထပ်မံပယ်ချလိုက်သည်။

ဧရာဝတီ သတင်းထောက် ဦးသိန်းဇော် (လဝီဝမ်)၊ DVB သတင်းဌာန သတင်းထောက် ဦးအေးနိုင်နှင့် ကိုပြည့်ဘုန်းအောင် တို့၏ ရှေ့နေများက အာမခံလျှောက်ထားမှုအပေါ် ယခုလ ၄ ရက်နေ့က ရုံးချိန်းတွင်လည်း ပယ်ချခံခဲ့ရပြီး ယခုအကြိမ်သည် ဒုတိယမြောက် ပယ်ချခံလိုက်ရခြင်းဖြစ်သည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
134
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.5k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
491

သီပေါမြို့နယ်တရားရုံးကို ရောက်ရှိနေသည့် MJN အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်လည်းဖြစ်သူ ဦးဇေယျာလှိုင်က လုပ်ဖော်ကိုင်ဘက် သတင်းစာဆရာများကို သံကြိုးများ ခတ်ပြီး လက်နက်ကိုင် လုံခြုံရေးအပြည့်ဖြင့် ရုံးထုတ်လာသည့်မြင်ကွင်းသည် စိတ်မချမ်းမြေ့စရာမြင်ကွင်းဖြစ်သည်ဟု ဆိုသည်။

ဦးဇေယျာလှိုင် က “ကျနော်တို့ လုပ်ငန်းက သူခိုး၊ လူဆိုး ဓားပြအလုပ်မဟုတ်ဘူး။ နောက်တခုရှိတာက မြို့လယ်ခေါင်မှာ ရဲဒင်းကိုင်ပြီးရမ်းသွားတဲ့ အဆိုတော် တယောက်တောင်မှ အာမခံရသေးတာ ကျနော်တို့ သတင်းစာဆရာတွေက ဘာလို့ အာမခံမရတာလဲ။ ကျနော်တို့ ဓားတို တချောင်းတောင်မှ မကိုင်ပါဘူး။ ဆိုတော့ တရားစီရင်ရေးစနစ်ကို မေးခွန်း ထုတ်စရာ ဖြစ်လာတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

အာမခံလျှောက်ထားမှုနှင့် ပတ်သက်ပြီး တရားသူကြီးက ယခုအမှုသည် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်သည့် အမှုဖြစ်အခင်း ဖြစ်ပြီး အများပြည်သူသိရှိနိုင်စေရန် သတင်းရေးသားပေးပို့နေသော သတင်းမီဒီယာသမားများဖြစ်သဖြင့် အာမခံပေးလျှင် အမှုကြန့်ကြာသွားနိုင်သဖြင့် အာမခံမပေးခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးသည်။

နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားပြုလုပ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) လှုပ်ရှားနယ်မြေသို့ သတင်းသွားရောက် ရယူခဲ့သည့် သတင်းသမား ၃ ဦး အပါအဝင် တပ်မတော်က ဖမ်းဆီးခဲ့သူ ၆ ဦးကို ဇွန်လ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို သွားနေကြောင်း ဟစ်ကြွေးနေကြချိန်တွင် သတင်းမီဒီယာ သမားများက တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ဖော်ထုတ် ရေးသားပြရန် သွားရင်း အဖမ်းခံရမှု အပေါ်လည်း ဦးဇေယျာလှိုင်က မေးခွန်းထုတ်သွားသည်။

“ကျနော်တို့ တိုင်းရင်းသားတွေကြားမှာ နားလည်မှုလွဲနေတာတွေ အများကြီးပဲ။ ဒါကို ညှိနှိုင်းအောင်လို့ သတင်းစာဆရာတွေက သွားလုပ်တယ်။ ဒါကို တပ်မတော်က သူနဲ့ ဆန့်ကျင်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့နဲ့ မတရားအသင်းဆိုပြီး စွပ်စွဲပြီးတော့ ဖမ်းဆီးတယ်။ အဲဒီတော့ စဖမ်းကတည်းကိုက မဖြစ်သင့်တာပဲ။ ဒီနေ့လိုမျိုး စမြင်ကတည်းကိုက ကျနော်တို့ရင်ထဲမှာ မကောင်းဘူး” ဟု ဦးဇေယျာလှိုင် က ပြောသည်။

မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ သည် လိုရာဆွဲသုံးသကဲ့သို့ ဖြစ်နေသဖြင့် အမြန်ဆုံးပြုပြင်သင့်ကြောင်း၊ လူထုက ရွေးချယ်တင်မြောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ထိုဥပဒေသည် လူထုကို ပြဿနာ မည်သည့် အတိုင်းအတာထိ ရှိနေသည် ဆိုသည့် အချက်ကို မေးခွန်းထုတ်ရန် လိုအပ်ကြောင်း ဦးဇေယျာလှိုင် က ထောက်ပြသွားသည်။

Your Thoughts …
Tags: ပုဒ်မ ၁၇ (၁)
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

သတင်းသွားယူ၍ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသည့် သတင်းထောက်များ / ဇော်ဇော် / ဧရာဝတီ

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ပြင်ဆင်ရန် မရှိသေးဟုဆို

by ထက်နိုင်ဇော်
1 September 2017
3.5k

မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁)ကို ပြင်ဆင်ရန် အစီအစဉ် မရှိသေးကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

တောင်ကုတ်မြို့

တောင်ကုတ် မိုးပညာဒါန ဥက္ကဋ္ဌကို မတရားအသင်း ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲ

by ဧရာဝတီ
9 August 2021
9k

မိုးပညာဒါန ပရဟိတ သင်တန်းကျောင်းမှ ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင် အပါအဝင် ၇ ဦးသည် ပြီးခဲ့ သည့် ဇွန်လ ၅ ရက်က တောင်ကုတ်မြို့မှ သံတွဲမြို့သို့ ကားဖြင့် သွားရောက်စဉ် စစ်တပ်က ပိတ်ဆို့ ဖမ်းဆီးခြင်း ခံရပြီး နောက်ပိုင်း ၂ လကျော်ကြာသည်အထိ...

၂၀၁၈ ခုနှစ် မြောက်ဦးအဓိကရုဏ်းကာလက မြင်တွေ့ရသော မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံး / မင်းအောင်ခိုင်

မြောက်ဦး ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ နီးပါး နုတ်ထွက်

by မင်းအောင်ခိုင်
2 March 2019
13.1k

ကျေးရွာအုပ်ချုပ်ရေးမှူး ၈၉ ဦးက လက်မှတ်ထိုးကာ နုတ်ထွက်ရန် ဆုံးဖြတ် လိုက်ကြကြောင်း သတင်း ရရှိသည်။

ABSDF ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးအား မိသားစုဝင်များနှင့် တွေ့ရစဉ် / သူရ / facebook

မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံ ABSDF မှ ရဲဘော်မင်းဌေး တရားသေလွတ်မြောက်လာ

by ချစ်မင်းထွန်း
1 September 2017
23.8k

ဦးမင်းဌေးသည် ABSDF ၏ ဗဟိုကော်မတီဝင် တဦး ဖြစ်ပြီး ABSDF သည် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက် က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် NCA လက်မှတ် ရေးထိုးထားသော အဖွဲ့ဖြစ်သည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်၏ တိုက်ခိုက်မှုကို ရန်ကုန်မြို့တွင် ဆန့်ကျင်ဆန္ဒပြစဉ်  / Reuters

စစ်ပွဲတွေရှိရာအရပ်မှာ မွေးလာခြင်းက ရာဇဝတ်မှုလို့ ပြောကြတယ်

by စတယ်လာနော်
19 March 2017
5.3k

ကချင်ရှေ့နေများကွန်ရက်က ၂၀၁၁ နှင့် ၂၁၀၄ အတွင်း ပုဒ်မ ၁၇ (၁) အမှု ၅၀ ခန့်ရှိသည်ဟု ပြောသည်။ ၂၀၁၆ ခုနှစ်တွင် အဆိုပါ ဥပဒေဖြင့်ပင် လူငယ် ၄၉ ဦးအပါအဝင် လူ...

မိုးပညာဒါန ပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌဖြစ်သူ ကိုအောင်နိုင်ဝင်း

တောင်ကုတ်က ပရဟိတ ကျောင်းအုပ် AA နှင့် ဆက်နွယ်မှုဖြင့် ထောင် ၂ နှစ် ချခံရ

by ဧရာဝတီ
15 March 2022
3.5k

ထောင်ဒဏ် ချမှတ်လိုက်ပြီးဆိုတော့ ဘာပြောလို့ရတော့မလဲ၊ သူတို့ခေတ် ဆိုတော့။ စိတ်မကောင်းတော့ ဖြစ်ရတာပေါ့။ ကျမတို့ အနေနဲ့ကတော့ မတရားခံရတဲ့အတွက် အယူခံတော့ တက်သွားမယ်

Next Post
ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

မန္တလေးဘူတာကြီးရှေ့ မြင်ကွင်း / ဧရာဝတီ

ပုသိမ်ကြီး မြို့မရဲစခန်းမှ ရဲအုပ်ကို အဂတိ လိုက်စားမှုဖြင့် အမှုဖွင့်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate