သတင်း

ချောင်းဆုံ NLD အလုပ်အမှုဆောင်ကော်မတီဖျက်သိမ်းခံရ

Want create site? Find Free WordPress Themes and plugins.

၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ အတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်၍ NLD ပါတီအား ပြန်လည် ဆန္ဒပြ ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ချောင်းဆုံ မြို့နယ် NLD ပါတီ၏ အလုပ်အမှုဆောင် ကော်မီတီအား ဖျက်သိမ်း၍ ယာယီ ကော်မီတီအသစ်ဖြင့် အစားထိုး ဖွဲ့စည်း ခဲ့ကြောင်း သိရှိရသည်။

“ဗဟိုကနေ ညွှန်ကြားချက် ရောက်လာတာက ချောင်းဆုံ မြို့နယ် ပါတီ စည်းရုံးရေး ပဏာမ ကော်မီတီ ဆိုပြီး ဖွဲ့ခိုင်းတယ်၊ ယာယီ သဘောပေါ့။ ဒီကော်မီတီ အသစ်ကို ဖွဲ့လိုက်ပြီ ဆိုတော့ နဂို အဟောင်းကို ဖျက်လိုက်ပြီ၊ လက်ရှိ ကော်မီတီကို ဖွဲ့လိုက်ပြီ ဆိုတော့ နဂို ကော်မီတီကို အရေးယူ လိုက်ပြီပေါ့” ဟု NLD ပါတီ၏ မွန်ပြည်နယ် ပါတီ ဗဟို ကော်မီတီ ဝင် ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။

ယင်းကော်မီတီ အသစ်အား ပါတီ စည်းရုံးရေး ပမာဏ ကော်မီတီဟု ခေါ်ကာ မြို့နယ်ပါတီ ရွေးကောက်ပွဲ မတိုင်မီ အထိ ပါတီ၏ အလုပ်အမှုဆောင် တာဝန်များကို ဆောင်ရွက် ရမည် ဖြစ်သည်။

ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုအပေါ် မြို့နယ် NLD ပါတီဝင်များက မကျေနပ်ဟုဆိုကာ ဆန္ဒပြသဖြင့် မြို့နယ် အလုပ်အမှုဆောင် ၂၁ ဦးကို တာဝန်မှ ယာယီရပ်နားရန် ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့က ပါတီဗဟိုက ညွှန်ကြားခဲ့ရာ ဇူလိုင် ၁၇ ရက်နေ့တွင် ပါတီဗဟိုမှ စုံစမ်း စစ်ဆေးရေး ကော်မီတီ ဖွဲ့၍ လာရောက် စုံစမ်း ခဲ့ပြီး တွေ့ရှိချက် အစီရင်ခံစာအား ပါတီ ဗဟိုသို့ ပြီးခဲ့သည့် သြဂုတ် လဆန်းခန့်တွင် တင်ပြ ထားပြီး ဖြစ်သည်။

ထိုအတောအတွင်း ပါတီ လုပ်ငန်းများ ဆက်လက် လုပ်ဆောင် နိုင်ရန်အ တွက် ယာယီ စည်းရုံးရေး ပမာဏ ကော်မီတီအား ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆန္ဒပြမှုများကြောင့် ပြီးခဲ့သည့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် ချောင်းဆုံ မြို့နယ်၌ အားနည်းချက် များစွာ ကြုံတွေ့ခဲ့ရပြီး ယခုကဲ့သို့ လုပ်ဆောင် ရခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံမှ ပြောသည်။

“အားနည်းချက်တွေ ကတော့ များလွန်းလို့ပေါ့ဗျာ၊ နောက်ဆုံးတော့ ပါတီကို ပြန်ပြီး ဆန္ဒပြ တာပေါ့၊ ပါတီက ချမှတ် ထားတဲ့ ဗဟိုမူတွေကို လိုက်နာ ရမယ်၊ မလိုက်နာပဲနဲ့ ပါတီကိုပါ ပြန်ဆန္ဒပြတဲ့ အတွက်ကြောင့် အရေးယူ လိုက်ရတာပါ” ဟု ၎င်းက ဆိုသည်။

အသစ်ဖွဲ့စည်းသည့် ယာယီကော်မတီတွင် ယခင် အလုပ်အမှုဆောင်ကော်မတီဝင် ၄၀ ရာခိုင်နှုန်း ပြန်လည် ပါဝင်ခဲ့ကြောင်း သိရသည်။

“ရပ်ကျေး ကော်မီတီတွေ ကတော့ ဒီအတိုင်းပဲ၊ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ကိုပဲ စည်းရုံးရေး ကော်မီတီ အနေနဲ့ ယာယီ ပြန်ဖွဲ့ ထားတယ်၊ ပြီးခဲ့တဲ့ မြို့နယ် အလုပ်အမှုဆောင်တွေကို ဘယ်လို တိတိကျကျ အရေးယူ မလဲ ဆိုတဲ့ စာက မရောက် သေးပါဘူး” ဟု မွန်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်ဆောင်မှ ပြောသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ချောင်းဆုံမဲဆန္ဒနယ်မှ NLD ကိုယ်စားလှယ်လောင်း ဦးအေးဝင်းက အဓိက ပြိုင်ဖက်ဖြစ်သည့် USDP ပါတီမှ ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းကို မဲ ၇၀၀၀ ကျော်ဖြင့် အပြတ် အသတ် ရှူံးနိမ့် ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading