• English
Sunday, December 10, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          အမေရိကန်မှာ လူဖြူ အမျိုးသားရေးဝါဒီများ တစခန်းပြန်ထလာ

          by ဧရာဝတီ
          20 August 2017
          in သတင်း
          Reading Time: 1 min read
          A A
          နာဇီအလံများ၊ လူမည်းများအား ကျွန်ပြုမှုကို ထောက်ခံခဲ့သော ကွန်ဖယ်ဒရေးရှင်း အမေရိကန် တောင်ပိုင်း၏ အလံများကို ကိုင်ဆောင်ချီတက်ခဲ့ကြသူများ  / Twitter

          နာဇီအလံများ၊ လူမည်းများအား ကျွန်ပြုမှုကို ထောက်ခံခဲ့သော ကွန်ဖယ်ဒရေးရှင်း အမေရိကန် တောင်ပိုင်း၏ အလံများကို ကိုင်ဆောင်ချီတက်ခဲ့ကြသူများ / Twitter

          8.7k
          VIEWS
          Share on FacebookShare on Twitter

          ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ် Charlottesville တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခက အမေရိကန်တွင် လူဖြူကြီးစိုးရေးဝါဒ သို့မဟုတ် လူဖြူများက ကြီးမြတ်သည် ဆိုသည့် မဟာလူဖြူအယူဝါဒ နှင့် လူဖြူ အမျိုးသားရေးဝါဒီ အဖွဲ့ အစည်းများ ပြန်လည်ပေါ်ပေါက်လာခြင်းကို ဖော်ပြနေသည်။

          နာဇီအလံများ၊ လူမည်းများအား ကျွန်ပြုမှုကို ထောက်ခံခဲ့သော ကွန်ဖယ်ဒရေးရှင်း အမေရိကန် တောင်ပိုင်း၏ အလံများကို ကိုင်ဆောင်ချီတက်ခဲ့ကြသူ လူဖြူကြီးစိုးရေးဝါဒီများနှင့် ၎င်းတို့ကို ဆန့်ကျင်ဆန္ဒပြသူများကြား ထိပ်တိုက်ပဋိပက္ခဖြစ်မှုတွင် အမျိုးသမီးတဦး သေဆုံးပြီး လူ ၁၉ ဦး ဒဏ်ရာရသွားခဲ့ကြသည်။ ထိုအဖြစ်အပျက်သည် ယခုအခါ အမေရိကန် ပြည်ထောင်စုသာမက ကမ္ဘာတဝန်းသို့ ပျံ့နှံ့နေပြီး လူအများ စောင့်ကြည့် ဝေဖန်စရာ ဖြစ်လာခဲ့သည်။

          RelatedPosts

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          9 December 2023
          8.4k
          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          9 December 2023
          607
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          9 December 2023
          6.6k

          လူမျိုးရေး မုန်းတီးခွဲခြားသည့် အဖွဲ့အစည်းများက အမေရိကန်သမိုင်း၏ အစိတ်အပိုင်းတခု ဖြစ်ခဲ့သော်လည်း လတ်တလော တွင် သူတို့ပြန်လည် အင်အားကောင်းလာပုံက အံ့အားသင့်လောက်စရာ အမှတ်တခု အထိ ရောက်ရှိခဲ့သည်ဟု အစွန်းရောက် အဖွဲ့အစည်းများကို စောင့်ကြည့်လေ့လာနေသည့် ဥပဒေအဖွဲ့အစည်းတခု ဖြစ်သော Southern Poverty Law Center (SPLC) မှ စီမံကိန်း ဒါရိုက်တာ Heidi Beirich က ပြောသည်။

          “ဥပဒေအရ ခွဲခြားမှုတွေကို ကျနော်တို့ အဆုံးသတ်ခဲ့တဲ့ နိုင်ငံသား အခွင့်အရေး ဥပဒေ (Civil Rights Act) မပေါ်ခင် လူဖြူကြီးစိုးမှုက ပုံမှန်လို ဖြစ်ခဲ့တဲ့ ခေတ်ကတည်းကနေကြည့်ရင် ဒါက ကျမတို့မြင်ဖူးသမျှထဲမှာ တက်ကြွမှု အရှိဆုံး လှုပ် ရှားမှု ဖြစ်ပါတယ်” ဟု Heidi Beirich က ပြောသည်။

          အယ်လာဘားမား ပြည်နယ် အခြေစိုက် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတခု ဖြစ်သော SPLC ၏ ၂၀၁၇ ခုနှစ် အတွက် မုန်းတီးခွဲခြားရေး အဖွဲ့များနှင့် ပတ်သက်သော စာရင်း အချက်အလက်များ မရရှိနိုင်သေးသော်လည်း ပြီးခဲ့သည့် နှစ်အတွင်း က အမေရိကန်နိုင်ငံ အတွင်း အဆိုပါ အဖွဲ့အစည်းမျိုး ၉၁၇ ခု တွေ့ရှိခဲ့သည်ဟု သိရသည်။

          SPLC က ၎င်းအဖွဲ့များကို အုပ်စုခွဲခြား၍ စာရင်းပြုစုခဲ့ရာတွင် နာဇီလက်သစ် အဖွဲ့ ၉၉ ခု၊ Ku Klux Klan (၁၈၆၅ ခုနှစ်ခန့်က ပေါ်ပေါက်ခဲ့သည့် လူမည်း ဖိနှိပ်ရေးအဖွဲ့) အဖွဲ့ စခန်း ၁၃၀၊ ခေတ်သစ် တောင်ပိုင်း အမျိုးသားရေး ဝါဒီ အဖွဲ့ ၄၃ ခု၊ အဖွဲ့ဝင်များက ခေါင်းတုံးထားပြီး လူမျိုးရေးခွဲခြားသည့် (၎င်းတို့သည်လည်း နာဇီ လက်သစ်များဟု အချို့က သတ်မှတ် ကြသည့်) အဖွဲ့ ၇၈ ခု နှင့် လူဖြူ အမျိုးသားရေး ဝါဒီအဖွဲ့ ၁၀၀ တို့ ဖြစ်သည်။ နိုင်ငံခြားမှ ပြောင်းရွှေ့ အခြေချသူများ ဆန့်ကျင်ရေး၊ မွတ်ဆလင် ဆန့်ကျင်ရေး၊ ခရစ်ယန် အစွန်းရောက်များနှင့် မုန်းတီးခွဲခြားရေး အဖွဲ့အစည်းများ စသည့် အခြား အဖွဲ့အစည်းများသည်လည်း လူဖြူကြီးစိုးရေး သို့မဟုတ် လူဖြူ အမျိုးသားရေး ဝါဒီများနှင့် အချို့သော သဘောတရား ရေးရာ တူညီမှုများ ရှိသည်။

          SPLC ၏ သုတေသန အရ အမေရိကန်မှ မုန်းတီးခွဲခြားရေး အဖွဲ့အစည်းများ အရေအတွက် ၂၀၁၄ ခုနှစ်တွင် ၇၈၄ ခုရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်း ခုန်တက်လာကြောင်း သိရသည်။

          လတ်တလောနှစ်များအတွင်းတွင် အလွန်ကြီးထွားလာခဲ့ကြောင်း Heidi Beirich က မှတ်ချက်ပြုသည်။ နာဇီလက်သစ် သတင်းဝက်ဘ်ဆိုက်တခု ဖြစ်သည့် Daily Stormer နှင့် ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း များပြားလာသည်ကို သူက ထောက်ပြခဲ့သည်။

          “ “The Daily Stormer က ၂၀၁၅ ခုနှစ်မှာ အခန်းကဏ္ဍ တခုပဲရှိရာက ၂၀၁၆ ခုနှစ်မှာ ၃၀ လောက်အထိ ဖြစ်လာပါ တယ်” ဟု Heidi Beirich က ပြောသည်။ အဖွဲ့သစ် အများအပြားက အွန်လိုင်းတွင် ဆက်သွယ်ခြင်း သက်သက် မဟုတ် တော့ဘဲ လူကိုယ်တိုင် တွေ့ဆုံခြင်းများ ရှိလာသည်ဟု သိရသည်။

          Charlottesville မှ “Unite the Right” ချီတက်ပွဲတွင် ကားတစီးက ဆန့်ကျင် ဆန္ဒပြသည့် လူအုပ်အတွင်းသို့ ဝင်တိုက် ခဲ့သည့် အတွက် သေဆုံးခဲ့သော အမျိုးသမီးတဦးကို ပျက်ရယ်ပြု လှောင်ပြောင်ခဲ့ပြီးနောက် Daily Stormer ဝက်ဘ် ဆိုက်ကို ၂၄ နာရီအတွင်း ၎င်းတို့ ဝက်ဘ်ဆိုက်ကို လက်ခံပေးမည့် နေရာ (domain hosting) အသစ်တခု ရှာဖွေရန် ဝက်ဘ်ဆိုက်များကို လက်ခံနေရာပေးသည့် ကုမ္ပဏီတခု ဖြစ်သော GoDaddy က သတိပေးခဲ့ကြောင်း သြဂုတ်လ ၁၄ ရက်နေ့က AP သတင်းဌာနက ရေးသားခဲ့သည်။

          ထို့နောက် The Daily Stormer က Google သို့ ပြောင်းရွှေ့သွားခဲ့သော်လည်း ပယ်ဖျက်ခြင်း ခံခဲ့ရသည်။ The Daily Stormer က Google၏ စည်းကမ်းချက်များကို ချိုးဖောက်သည့်အတွက်ကြောင့် ဖြစ်ကြောင်း Google ၏ ကျေညာချက် တစောင်တွင် ဖော်ပြထားသည်။

          ယခုအခါတွင် အွန်လိုင်းတွင် ကြည့်၍မရနိုင်တော့ပြီ ဖြစ်သော The Daily Stormer ဝက်ဘ်ဆိုက်က လူသိရှင်ကြား တုန့်ပြန်ချက် ထုတ်ခဲ့ခြင်း မရှိသော်လည်း ဝက်ဘ်ဆိုက်၏ cached version (ဝက်ဘ်ဆိုက်တခုခု အလုပ်မလုပ်ချိန်တွင် Google၊ Yahoo၊ Bing အစရှိသည့် ရှာဖွေရေး အင်ဂျင်များတွင် ကျန်နေသည့်) တခုတွင်မူ Daily Stormer က အကြမ်း ဖက်မှုများကို ဆန့်ကျင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

          အထက်ဖော်ပြပါ အဖွဲ့အစည်းများ အပြင် Richard Spencer နှင့် David Duke တို့ကဲ့သို့ ကိုယ့်ကိုယ်ကို လူဖြူကြီးစိုးရေး ဝါဒီ များအဖြစ် ဖော်ပြသူ အများအပြားလည်း ပြီးခဲ့သည့် နှစ်က သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွင် လူမြင်ကွင်း သို့ ပြန်လည်ပေါ်ထွက်လာကြသည်။ လွီစီယားနား ပြည်နယ်မှ လွှတ်တော် အမတ်ဟောင်းတဦး ဖြစ်သည့် David Duke သည် တချိန်က Ku Klux Klan အဖွဲ့ခေါင်းဆောင် လည်း ဖြစ်ခဲ့ဖူးသည်။ ယခုသီတင်းပတ်ကုန်ပိုင်းက သူတို့ ၂ ဦးလုံး Charlottesville တွင် ရှိနေခဲ့သည်။ David Duke က “Unite the Right” ချီတက်ပွဲသို့ တက်ရောက်သူအများစုသည် Donald Trump သမ္မတ အဖြစ်ရွေးချယ်ခံရခြင်းကြောင့် ရဲရင့် တက်ကြွလာခဲ့ကြောင်း ပြောကြားခဲ့သည်။

          ဂျူးဆန့်ကျင်ရေး သဘောထားများကို တိုက်ဖျက်နေသော Anti-Defamation League ၏ ဒါရိုက်တာနှင့် အမှုဆောင် အရာရှိချုပ် Jonathan Greenblatt က ယခုနှစ်တွင် ကွဲပြားလာသည်မှာ လူဖြူကြီးစိုးရေးဝါဒီများနှင့် လူဖြူအမျိုးသားရေး ဝါဒီ များက ယခုအချိန်သည် “အစွန်အဖျားမှနေ၍ ပင်မရေစီးကြောင်းအတွင်းသို့ ပြောင်းရွှေ့ရမည့် အခွင့်အရေး ရှိသည့် အချိန် ဖြစ်ကြောင်း” ခံစားနေကြပုံရသည်ဟု ပြောသည်။

          “ဒီလှုပ်ရှားမှုကို Donald Trump က ထိန်းချုပ်ပြီးတော့ စွမ်းအင်တွေလည်း ဖြည့်ပေးခဲ့ပါတယ်” ဟု Jonathan Greenblatt က သြဂုတ်လ ၁၄ ရက်နေ့တွင် သတင်းထောက်များကို တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

          Donald Trump က “သူတို့ကို twitter မှာ ရေးသားမှုတွေ၊ လူမျိုးရေးခွဲခြားတဲ့ ကြေညာချက်တွေနဲ့ မျက်စိမှိတ်ပြ၊ ခေါင်းညိတ် ပြတာမျိုးတွေ လုပ်ခဲ့ပါတယ်” ဟုလည်း Jonathan Greenblatt က စွပ်စွဲခဲ့သည်။

          နာဇီလက်သစ်များနှင့် လူဖြူကြီးစိုးရေး ဝါဒီများကို တခါတရံတွင် Donald Trump ၏ အခန်းအနားများ၌ တွေ့ရှိခဲ့ရပြီးနောက် ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုက အမေရိကန် နိုင်ငံတွင် Ku Klux Klan အဖွဲ့ ၏ အခြေအနေနှင့် ပတ်သက်၍ မေးခွန်းများ မြင့်တက်စေခဲ့သည်။ Donald Trump ၏ မဲဆွယ်လှုပ်ရှားမှုမှ တယ်လီဖုန်းဖြင့် အလိုအလျောက် ဖြေကြားသည့် စကားများထဲတွင် မဲဆွယ်လှုပ်ရှားမှုသည် လူဖြူအမျိုးသားရေးဝါဒီ အဖွဲ့အစည်းများ၏ တရားဝင်မဟုတ်ဘဲ သွယ်ဝိုက်၍ ထောက်ပံ့သည့် ငွေကြေးနှင့် ပတ်သက်မှု မရှိကြောင်း ပြောကြားထားခြင်းက စဉ်းစားစရာ အကြောင်းများထဲမှ တခု ဖြစ်ခဲ့သည်။

          Donald Trump က သြဂုတ်လ ၁၂ ရက်နေ့တွင် လူဖြူကြီးစိုးရေးဝါဒီများနှင့် ၎င်းတို့ကို ဆန့်ကျင်ဆန္ဒပြသူများကြား ထိပ်တိုက်ပဋိပက္ခဖြစ်မှုကို ရည်ညွှန်းပြီး ၂ ဘက်လုံးမှာ “အရမ်းကောင်းသူတွေ ရှိတယ်”ဟု ပြောဆိုမှတ်ချက်ပေးခဲ့ခြင်း အပေါ် ဒီမိုကရက် နှင့် ရီပတ်ဘလစ်ကန် အများအပြားက ဝေဖန် ပြစ်တင်ခဲ့ကြသည်။ ဥရောပ နိုင်ငံရေး ခေါင်းဆောင်များကလည်း ဝေဖန်တုန့်ပြန်ကြသည်။

          ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက “ဖက်ဆစ်အမြင်ရှိသူတွေနဲ့ သူတို့ကို ဆန့်ကျင်သူတွေကြား ညီမျှခြင်းရှိတယ်လို့ ကျမ မမြင်ပါဘူး” ဟု ပြောဆိုသည်။ သို့သော် Donald Trump အား ဗြိတိန်သို့ ဖိတ်ကြားခဲ့ခြင်းအပေါ် ပယ်ဖျက်မည် မဟုတ်ဟု ဆိုခဲ့သည်။

          နောက် ၂ ရက်ကြာသော အခါ Donald Trump က ပိုမို ပြင်းထန်သည့် မှတ်ချက်များပေးခဲ့သည်။

          “လူမျိုးရေးခွဲခြားမှုဆိုတာ မကောင်းဆိုးဝါးပါ။ အဲဒါကို အကြောင်းပြုပြီး အကြမ်းဖက်မှုကျူးလွန်သူတွေက ရာဇဝတ်သား တွေ ဖြစ်ပါတယ်။ Ku Klux Klan၊ ခေတ်သစ်နာဇီတွေ၊ လူဖြူကြီးစိုးရေးဝါဒီတွေနဲ့ တခြား မုန်းတီးခွဲခြားရေး အဖွဲ့အစည်း တွေဟာ ကျနော်တို့ အမေရိကန်တွေ အနေနဲ့ တန်ဖိုးထားတဲ့ အရာအားလုံးအတွက် လုံးဝ လက်ခံနိုင်စရာ မရှိတဲ့ အရာ တွေ ဖြစ်ပါတယ်” ဟု Donald Trump က သြဂုတ်လ ၁၄ ရက်နေ့က အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။

          ယခုအပတ်တွင်မူ နယူးယောက်၊ ဆန်ဖရန်စစ်စကို၊ ချီကာဂို၊ ဝါရှင်တန်အပါအဝင် အမေရိကန်မြို့ကြီး ၃၀ တွင် လူများ လမ်းမပေါ်ထွက်ပြီး လူဖြူကြီးစိုးရေးဝါဒီများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ဘော်စတွန်မြို့ ဆန္ဒပြပွဲတွင် လူ ၃ သောင်းမှ ၄ သောင်းကြား ပါဝင် ဆန္ဒပြကြောင်း သိရသည်။

          Your Thoughts …
          Tags: ဒေါ်နယ်ထရမ့်အမျိုးသားရေး
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရဲတွေက ဖမ်းနေပုံအတုအား AI ဖြင့် ဖန်တီးထားသည့်ပုံ

          အုတ်အော်သောင်းတင်းဖြစ်လာတဲ့ AI ကမ္ဘာ

          by CWM
          25 March 2023
          18.9k

          ပြီးခဲ့တဲ့လကတည်းက သိပ်မကြာတော့တဲ့ အနာဂတ်မှာ အခုပေါ်လာတဲ့ AI နည်းပညာကြောင့် ပြဿနာမျိုးစုံ ပေါ်လာတော့မယ်လို့ သတိပေးမှုတွေ ရှိခဲ့တယ်။

          ဗြိတိန်-မြန်မာဆက်ဆံရေး ၇၅ နှစ်ခရီး

          by ဖီးနစ်
          8 November 2022
          3.1k

          လွတ်လပ်ရေးရပြီးနာက်ပိုင်း ၁၉၅၀ ပြည့်နှစ်တွေမှာ မြန်မာနဲ့ ဗြိတိသျှကြား ဆက်ဆံရေးကို အလွှမ်းမိုးဆုံး အရာကတော့ ကိုလံဘိုစီမံကိန်းပဲ ဖြစ်ပါတယ်။

          ၁၉၀၃ ခုနှစ် ဗြိတိသျှကိုလိုနီ အိန္ဒိယရှိ ဒေလီဒါဗာပွဲသို့ တက်ရောက်လာသော ဘားမားဟု ခေါ်သည့် မြန်မာပြည်မှ လာသော ရှမ်းခေါင်းဆောင်များ

          လက်စ မသတ်နိုင်သေးတဲ့ မြန်မာနိုင်ငံ

          by သန့်မြင့်ဦး
          23 June 2017
          9.6k

          မြန်မာနိုင်ငံအတွက် အဓိက ခြိမ်းခြောက်မှုမှာ အာဏာရှင်စနစ်သို့ နောက်ကြောင်းပြန်ရောက်သွားနိုင်ခြင်း မဟုတ်ဘဲ အပျက်သဘောဆောင်သော အမျိုးသားရေးဝါဒနှင့် ဆက်နွယ်နေသော မလွတ်လပ်သည့် ဒီမိုကရေစီ ဖြစ်သည်။

          ယနေ့ နေပြည်တော်တွင် တွေ့ရသည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေး  / ထက်နိုင်ဇော် / ဧရာဝတီ

          အမျိုးသားရေး တံတိုင်းများ ပြိုလဲကုန်ပြီဟု ကြံ့ခိုင်ရေးခေါင်းဆောင် ပြော

          by ထက်နိုင်ဇော်
          14 September 2019
          27.5k

          ယနေ့ ပါတီ၏ ၅ ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

          ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၄ ရက် စင်ကာပူတွင် ကျင်းပသော အာဆီယံ-တရုတ် ထိပ်သီး ဆွေးနွေးပွဲတွင် တွေ့ရသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် / Reuters

          အမျိုးသားရေးဝါဒမှိုင်းနဲ့ မြန်မာ့ဒီမိုကရေစီအကူးအပြောင်း

          by မွန်မွန်မြတ်
          26 December 2018
          25k

          မြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်မှာပဲ ဆက်ရှိနေအုန်း မလား၊ အမျိုးသားရေးဝါဒလွှမ်းမိုးမှုအောက်ကိုရောက်ပြီး အာဏာရှင်စနစ်ဆီကိုပဲ နောက်ကြောင်းပြန်သွားမလားဆိုတာကိုတော့ ၂၀၂၀ ရွေးကောက်ပွဲကို စောင့်ကြည့်ပြီး အဖြေရှာရမှာပါပဲ။

          လက်ရှိမှာ ဒေါ်နယ်ထရမ့်က အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းမာနေဆဲပါ။

          ထရမ့်ကို ဇနီးနဲ့ သမီးက ရွေးကောက်ပွဲရလဒ် လက်ခံဖို့ တိုက်တွန်း

          by Aurora
          11 November 2020
          13.5k

          ထရမ့် မိသားစုဝင်တွေထဲမှာကို ရွေးကောက်ပွဲ မဲရလဒ်နဲ့ ပတ်သက်ပြီး လက်မခံတဲ့ အဖွဲ့နဲ့ လက်ခံထားတဲ့ အဖွဲ့ဆိုပြီး ၂ ဖွဲ့ ကွဲနေတာပါ။

          Next Post
          နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း တွေ့ရသည့် ဒေါက်တာ မျိုးညွန့် / ထက်နိုင်ဇော် / ဧရာဝတီ

          တိုင်ကြားစာ ၄၀၀ တွင် ဝန်ကြီးချုပ် ၄ ဦး ပါဝင်နေကြောင်း NLD ပြော

          မှားယွင်းစွာ ပုံနှိပ်မိသော ဆီးဂိမ်း တရားဝင် လက်ကမ်းစာစောင် / Reuters

          ဆီးဂိမ်းမှာ အင်ဒိုနီးရှားကို မလေးရှား တောင်းပန်

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          2 days ago
          14.2k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 days ago
          11.3k

          Most Read

          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved