သတင်း

ရခိုင်ဒီမိုအရေစီအဖွဲ့ချုပ် ဗဟိုရုံး ကျောက်တော်မြို့တွင် ဖွင့်လှစ်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD ) ပါတီ၏ ဗဟိုရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်တွင် သြဂုတ်လ ၂၀ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

ပါတီဗဟိုရုံးအား ကျောက်တော်မြို့တွင် အခြေစိုက်ရခြင်းမှာ ပါတီထောက်ခံမှု အင်အားကောင်းသော နေရာ ဖြစ်သော ကြောင့် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

“အဓိကကတော့ ကျနော်တို့ အင်အားက ကျောက်တော်မှာ ကောင်းတယ်။ ပါတီ အင်အားရှိတဲ့ နေရာကို ကျနော်တို့ ရွေးလိုက်တာပါ ” ဟု ပြောသည်။

ALD ဌာနချုပ်ကို ကျောက်တော်မြို့၌ထားရှိ၍ တောင်ကုတ်နှင့် ရန်ကုန်မြို့တို့၌လည်း ရုံးခွဲများ ထားရှိမည့်အပြင် ALD ပါတီကို ထောက်ခံမှုအားကောင်းသည့် မြို့နယ်တိုင်းတွင် ရုံးခွဲများ ဖွင့်လှစ်သွားမည်ဟု ၎င်းက ပြောသည်။

ရမ်းဗြဲမြို့နယ် ကိုယ်စားပြု တက်ရောက်လာသော ဦးအောင်ချစ်သန်းကလည်း ရမ်းဗြဲ အမတ် ၄ ဦးစလုံး ALD ပါတီသို့ ဝင်ရောက် ပူးပေါင်းမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်မျိုးနွယ်စု ပါတီများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီများ ကို ရွေးချယ်ခဲ့ကြသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ( Arakan League for Democracy- ALD ) ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က တရားဝင် နိုင်ငံရေးပါတီအဖြစ် ဇူလိုင်လ ၁၈ ရက်နေ့က မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။

ALD ပါတီ သုံးစွဲမည့် ပါတီအမှတ်တံဆိပ်သည် ရခိုင်အမျိုးသားပါတီ (ANP ) ၏ အမှတ်တံဆိပ်နှင့် ဆင်တူနေသည်ဟု ANP ပါတီက ကန့်ကွက်ထားသော်လည်း ယင်းကော်မရှင်က အသုံးပြုခွင့် ပေးလိုက်ပြီ ဖြစ်သည်။

ANP ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ALD နှင့် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက် ရေး ပါတီ (RNDP ) တို့ကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပူးပေါင်းခဲ့သည့် ပါတီဖြစ်သည်။

ထိုသို့ ပူးပေါင်းခဲ့ကြသော်လည်း ပါတီထိပ်ပိုင်းခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်၊ ယ ခင် ALD ပါတီ ခေါင်းဆောင်ဟောင်းများကို ပါတီ၏စည်းကမ်းများကို မလိုက်နာဟုဆိုကာ ၂၀၁၆ ခုနှစ် အတွင်းက ထုတ် ပယ်ခဲ့သည်။

ယခု ALD ပါတီကို ဦးဆောင်မည့်သူများသည် ANP ပါတီမှ ထုတ်ခံခဲ့ရသူများ ဖြစ်သည်။ ALD ပါတီသည် ၁၉၉၀ ရွေး ကောက်ပွဲ၌ မြန်မာတနိုင်ငံလုံးတွင် တတိယအများဆုံး အနိုင်ရထားသည့် ပါတီဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အများဆုံး အနိုင်ရခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading