သတင်း

မြန်မာနိုင်ငံတွင် နေထိုင်သူများ မြန်မာစိတ် မွေးရမည်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

တိုင်းရင်းသား အစွဲများ မထားဘဲ မြန်မာပြည်တွင် နေထိုင်သူအားလုံး မြန်မာစိတ် မွေးကြရမည်ဟု တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၂၁ ရက်၊ နံနက်တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ မြန်မာနိုင်ငံ ဆိုင်ရာ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်ဟု တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်သက်၍ ဥပဒေနှင့်အညီသာ လုပ်ဆောင်ကြရမှာ ဖြစ်ပြီး တိုင်းရင်းသားအစွဲများ မထားဘဲ မြန်မာပြည်တွင် နေထိုင်သူ အားလုံး မြန်မာစိတ် မွေးကြရမှာ ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်း ပြောကြားခဲ့သည်ဟု ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆရာတော် ကာဒီနယ်ချားလ်ဘိုတို့ တွေ့ဆုံရာတွင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်း စဉ် အကြောင်းအရာများ၊ တပ်မတော်နှင့် ပဋိပက္ခဖြစ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် သက် ဆိုင်သည့် အကြောင်းအရာများ၊ ပဋိပက္ခအတွင်း ဒေသခံ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်နေခြင်းများ ကို အပြန်အလှန် ဆွေးနွေးကြသည်ဟု သိရသည်။

ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုက ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲပြီးနောက် နိုင်ငံရေးလွှဲပြောင်းမှုများကို အောင်မြင်စွာ ဆောင်ရွက်ပေးသဖြင့် တပ်မတော်ကို ကျေးဇူးတင်ကြောင်း၊ ပြည်သူလူထု၏ အခွင့်အရေးကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါကြောင်း စတင် ပြောဆိုသည်ဟုလည်း ရေးသားထား သည်။

ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုက တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို အသိအမှတ်ပြုသည့် အပြင် ငြိမ်းချမ်းရေးခရီးလမ်းတွင် တပ်မတော်နှင့် အစိုးရတို့က အခက်အခဲများ ရင်ဆိုင်နေရသည်ကို သိရှိပါကြောင်း၊ အပြစ်မဲ့ ပြည်သူလူထုတို့၏ ဘဝများမှာလည်း ပိုမိုခက်ခဲနေသည့်အတွက် စိုးရိမ်ပူပန်နေကြောင်း ဆိုသည်။

ထို့ပြင် “မိမိတို့ ဆရာတော်များအနေဖြင့် အကြမ်းမဖက်သော ငြိမ်းချမ်းရေးလမ်းစဉ်ကို ထောက်ခံပြီး လိုက်ပါ လျှောက်လှမ်းရန် တိုက်တွန်းလိုကြောင်း၊ မည်သည့် အဖွဲ့အစည်း၏ နာကြည်းမှုများပင် ဖြစ်စေ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ယုံကြည်မှု တည်ဆောက်ကာ ဖြေရှင်းနိုင်ကြောင်း၊ ဆွေးနွေးညှိနှိုင်းသော စားပွဲဝိုင်းသို့ ပြန် လည်စုရုံးကြရန် တောင်းပန် ဆန္ဒပြုကြောင်း” ကိုလည်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ဖြစ်စဉ် များ၊ တပ်မတော်၏ ရပ်တည်ချက်များကို ပြောပြပြီး တိုင်းပြည်ဖွံ့ဖြိုးရန် အခြေခံမှာ ငြိမ်းချမ်းရေး ဖြစ်သည်ဟု ဆိုကာ ငြိမ်းချမ်းရေး မရှိသဖြင့် ဖွံ့ဖြိုးရေးမှာ လိုရာ ခရီးမပေါက်ဟုလည်း ပြောဆိုသည်။

တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ တပ်မတော်က တိုင်းရင်းသားများကို နံပါတ်တစ် ဦးစားပေး ကာကွယ်မည် ဖြစ်ပြီး လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများမှာ တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်း မဟုတ်ဘဲ အစိုးရ အဖွဲ့ အဆင့်ဆင့်၏ အုပ်ချုပ်ရေးယန္တရားများကို ထိပါးနှောင့်ယှက်နေသဖြင့် တိုက်ခိုက်နေခြင်းသာ ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်များအပေါ် ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုက ငြိမ်းချမ်းရေး အ တွက် ဆုမွန်ကောင်း တောင်းပေးပြီး အားလုံးပူးပေါင်း ဆောင်ရွက်လာစေရန် အားပေးတိုက်တွန်းခြင်းများ လုပ်ဆောင် သွားမည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧရာဝတီက ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုထံ ဆက်သွယ်ရာ သီးသန့်အမေးအဖြေ မလုပ်လိုကြောင်း၊ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် ဆွေးနွေးမှုများ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘို တို့ ယခုတွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီး ချုပ် (ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ကာကွယ် ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုနှင့်အတူ မော်လမြိုင်၊ လားရှိုး၊ ချင်း နှင့် တောင်ကြီးတို့မှ ကက်သလစ် ဆရာတော် ၄ ပါးလည်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading