• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မောင်တောတွင် ကျပ်သိန်းပေါင်း ၃၆၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများဖမ်းမိ

by မင်းအောင်ခိုင်
22 August 2017
in သတင်း
A A
ဖမ်းမိ မူးယစ်ဆေးများနှင့် တရားခံ / ဧရာဝတီ

ဖမ်းမိ မူးယစ်ဆေးများနှင့် တရားခံ / ဧရာဝတီ

8.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့ဦးအုပ်စု၊ ဇူလာရွာကျေးရွာအတွင်း ကျပ်သိန်းပေါင်း ၃ သောင်း ၆ ထောင်ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၂ သန်းခန့်ကို သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိကြောင်း သတင်း ရရှိသည်။

ကြိုတင်သတင်းအရ သွားရောက် ရှာဖွေ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး တရားခံ အာဆော့ဒူလာမှာ ယခင်ကတည်းက မူးယစ်ဆေးပြား ရောင်း ဝယ်ဖောက်ကားနေသူအဖြစ် သတင်းထွက်ပေါ်နေသူ ဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင် က ပြောသည်။

RelatedPosts

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
68
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
543
အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

19 July 2025
349

ဦးမြင့်ခိုင် က “မနေ့က ကျနော်တို့ သတင်းရတာနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးအဖွဲ့နဲ့ သွားရှာတဲ့အခါမှာ။ သူ့ရဲ့ မြို့လမ်းဘေးက ဆန်ဂိုဒေါင်ထဲ က ရှာတွေ့တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား အရေအတွက်မှာ ၁၈၁၃၅၀၀ ဖြစ်ပြီး ဆေးပြား ၁ ပြားကို ကာလတန်ဖိုး ကျပ် ၂၀၀၀ နှုန်းဖြင့် တွက်ချက်လျှင် ဖမ်းဆီးရမိသည့် ဆေးပြား များမှာ တန်ဖိုးကျပ်သိန်းပေါင်း ၃၆၂၇၀၀၀၀၀၀ တန်ဖိုး ရှိကြောင်း မောင်တောမြို့မ ရဲစခန်းမှ တာဝန်ရှိသူများက ဆိုသည်။

မောင်တောဒေသ အတွင်း အဆိုပါ မူးယစ်ဆေးပြားများ ရောင်းဝယ် ဖောက်ကားမှုများကို လုပ်ဆောင် နေသာ ဂိုဏ်းများသည် ဒေသအတွင်း ဖြန့်ဝေခြင်းမျိုးမဟုတ်ဘဲ ကုန်းလမ်းထက် ရေလမ်းကြောင်းကို အသုံးပြုကာ တစ်ဘက်နယ်စပ်သို့ ကုန်သွယ် ခြင်းမျိုးဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောသည်။

“မူးယစ်ဂိုဏ်းတွေကို ဖမ်းဆီးရမိရေးအတွက် ကျနော်တို့ လုပ်နေတယ်။ အဖွဲ့တွေဖွဲ့ပြီးတော့ပေါ့။ မြို့အဝင် အထွက်ဂိတ်၊ ကားလမ်းကြောင်း တလျောက် ဂိတ်တွေမှာ မူးယစ်နဲ့ ပတ်သက်ပြီးတော့ ဦးစားပေးပြီးတော့ ဆောင်ရွက်တာတွေ ရှိပါတယ်။ အခုဆိုရင် မူးယစ်ဆေးဖမ်းတဲ့ ခွေးတွေဘာတွေက အစ ရောက်လာပြီ။ အသံတွေ တစိုက်မတ်မတ် ထွက်လာတယ်။ ဆေးပြားတွေ မိတယ်ဆိုတာတွေက ကျနော်တို့ ဖမ်းလို့မိတာဖြစ်တယ်။ မူးယစ်ဆေးဝါးတွေ များလှချည်းလား ဆိုတာတွေက ဖမ်းလို့၊ မိလို့ ပေါ်လာတာပေါ့” ဟု ဦးမြင့်ခိုင်က ရှင်းပြသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လအတွင်း WY စိတ်ကြွ ဆေးပြား ကာလတန်ဖိုး ၁၂ ဒသမ ၇၃၈၆ ဘီလီယံ ကျော် ဖမ်းဆီးရမိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ယင်းသို့ စိတ်ကြွဆေးပြားများကို စံချိန်တင် ဖမ်းဆီးရမိရာတွင် စစ်တွေမြို့နယ်နှင့် မောင်တော မြို့နယ်များတွင် အများဆုံး ဖမ်ဆီးရမိကြောင်း၊ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိရာတွင် WY စိတ်ကြွဆေးပြားများအပြင် ဆေးခြောက်၊ ဗျူပရီနော်ဖိန်းများ ကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှ ဇူလိုင်လအထိ ဆေးခြောက် ၄၀၇၃၁ . ၅ ဂရမ် ကာလတန်ဖိုး ကျပ် ၁၂၂၁၉၄၅၀ နှင့် နော်ဖိန်း ၁၀၄၃ ပုလင်း ကာလတန်ဖိုး ကျပ် ၃၁၂၉၀၀၀ တို့ ဖမ်းဆီးရမိခဲ့ကြောင်းလည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ မူးယစ်းဆေးဝါး ဖမ်းဆီးရမိမှုများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် တရားခံ ကျား ၉၄ ဦးနှင့် မ ၁၂ ဦး၊ စုစုပေါင်း ၁၀၆ ဦးတို့ကို ဖမ်းဆီး တရားစွဲဆိုနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။

ရခိုင်ပြည်နယ်၏ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများကို နှိမ်နင်းရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မေယု အမည်ရှိ စစ်ဆင်ရေး တစ်ရပ်ကို ဆင်နွှဲကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများမှာ လက်ရှိအချိန်ထိ တွင်ကျယ်နေဆဲ ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: စိတ်ကြွဆေးပြား
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းမိသည့် မူးယစ်ဆေးများ။

မူးယစ်ရာဇာ ၂ ဦးကို စိတ်ကြွဆေးပြား ၉ သန်းနီးပါးနှင့်အတူ ရန်ကုန်မှာဖမ်းမိ

by ထွန်းထွန်း
30 October 2020
36.8k

မက်သာဖက်တမင်း (ICE) နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ချိနေသည့် မူးယစ်ရာဇာ နှစ်ဦးအား စိတ်ကြွဆေး ပြား ၈.၉ သန်းနှင့်အတူ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တွင် အောက်တိုဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းက ဖမ်း မိကြောင်း မူးယစ်ရဲတပ်ဖွဲ့က...

၂၀၁၆ ဇွန်လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၇ သန်းတန် မူးယစ်ဆေးများကို ရန်ကုန် အစိုးရက ဖျက်ဆီးရန် ပြင်ဆင်နေစဉ် / ဧရာဝတီ

ဘူသီးတောင်တွင် တပ်မတော်အရာရှိနှင့် အဖွဲ့ထံမှ ကျပ်သိန်း ၉,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

by ခင်ဦးသာ
2 May 2017
21.1k

ဘူးသီးတောင်အခြေစိုက် တပ်ရင်းတခုမှ တပ်မတော်အရာရှိတဦးပါဝင်သည့် အဖွဲ့ထံမှ ကျပ်သိန်း ၉,၀၀၀ ခန့် တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား ၄ သိန်းကျော် ဖမ်းမိ

တရားခံများအား ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်  / မောင်တောခရိုင်ရဲတပ်ဖွဲ့

မောင်တောတွင် ကျပ်သိန်း ၂၈၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

by မင်းအောင်ခိုင်
19 October 2017
8k

ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦးက “ကျနော်တို့ ရဲလုပ်ငန်းအရ နည်းလမ်းပေါင်းစုံသုံးပြီး ဖော်ထုတ်ဖမ်းဆီးတာပါ။ လူရော၊ ကားရော၊ ပစ္စည်းရော မိထားပြီးဆိုတော့ တရားခံတွေကို အမှုဖွင့်စစ်ဆေးနေပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

စိတ်ကြွဆေးပြား တပြားရဲ့ တန်ဖိုးက ကျဆင်းလာခဲ့ပြီး အသုံးပြုသူ ပမာဏကတော့ ပိုမို တိုးတက်လာခဲ့တယ်လို့ သိရပါတယ်

စိတ်ကြွဆေး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုမှာ ရှေ့တန်းရောက်လာတဲ့ အရှေ့တောင်အာရှ နိုင်ငံများ

by ညီညီသူ
11 June 2019
17.6k

အရှေ့တောင်အာရှ နိုင်ငံတွေမှာဆိုရင်တော့ စိတ်ကြွဆေးသုံးစွဲမှုက ဗီယက်နမ်နိုင်ငံအတွက်တော့ ခြွင်းချက်တခုဖြစ်နေပေမယ့် ဗီယက်နမ်နိုင်ငံရဲ့ အဓိကပြဿနာကတော့ ဘိန်းဖြူပါ။

ထောင်သားအတွက် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ပေးသည့် မြောင်းမြထောင် ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးမောင်စန်း  / ဧရာဝတီ

ထောင်သားအတွက် စိတ်ကြွဆေး သယ်ပေးသည့် ထောင်ကြီးကြပ်ရေးမှူး အဖမ်းခံရ

by ဆလိုင်းသန့်စင်
17 November 2018
17.2k

ဧရာဝတီတိုင်ဒေသကြီး၊ မြောင်းမြမြို့ အကျဉ်းထောင်အတွင် ပြစ်ဒဏ်ကျခံနေသည့် ထောင်သားတဦးထံသို့ ပေးပို့ရန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် မြောင်းမြအကျဉ်းထောင်မှထောင်မှ ဒုလက်ထောက် ကြီးကြပ်ရေးမူး တဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးဝါးများလက်ဝယ်သိမ်းဆည်းမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ ကျော်ဝင်း(ခ) လျိုရုန်းချမ်း  / ဒီလှိုင်းဝင်း

စိတ်ကြွဆေးပြား ၁၂ သိန်းကျော် ဖမ်းမိသည့်အမှု ကွင်းဆက်တရားခံများကို ရှာဖွေနေဆဲ

by ဒီလှိုင်းဝင်း
7 July 2017
22.3k

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ကျော်ဝင်း (ခ) လျိုရုန်းချမ်း၊ ဇနီးဖြစ်သူ ဖူးဝေခိုင်းနှင့် အိမ်စောင့် အောင်မင်းထွန်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၅၊ ၁၉ (က)၊ ၂၀ (က) နှင့် ၂၁ အရ...

Next Post
နာဂတိုင်းရင်းသား လူဦးရေအားဖြင့် ၄ သန်းခန့် ရှိပြီး မြန်မာပြည်ဘက်ရှိ လူဦးရေမှာ စုစုပေါင်း နာဂလူဦးရေ၏ ၁၀ ရာခိုင်နှုန်း ခန့်သာ ရှိသည် / Reuters

နာဂ တို့၏ လာရာနဲ့ လားရာ

စီးပွားရေးတိုးတက်မှုကို အစိုးရ ဦးစားပေးဆောင်ရွက်ရန် လူထုစစ်တမ်းဆန္ဒပြု

စီးပွားရေးတိုးတက်မှုကို အစိုးရ ဦးစားပေးဆောင်ရွက်ရန် လူထုစစ်တမ်းဆန္ဒပြု

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.7k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate