သတင်း

မြို့ငါးမြို့တွင် ပဲဖိုး ငွေလိမ်ပြေးသည့်ကိစ္စ ဒိုင်ငြင်း

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံက ပဲစင်းငုံနှင့် မတ်ပဲတင်သွင်းခွင့် ကန့်သတ်လိုက်၍ ပဲဈေးထိုးကျသွားချိန်တွင် မြို့ငါးမြို့၌ ငွေကြေး လိမ်ပြေးမှု ဖြစ်သည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ယင်းမြို့များရှိ ပဲနှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိ သူများက ဧရာဝတီကို အတည်ပြု ပြောကြားသည်။

“သတင်း အမှားကြီးပါ။ ဒိုင်မှာ ဘာမှမဖြစ်ပါဘူး။ မနှစ်က စာရင်းဆိုတာလည်း မဟုတ်ပါဘူး” ဟု မန္တလေးပဲနှမ်း ကုန် စည်ဒိုင်မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်သွင်က ပြောသည်။

ယခုလအတွင်း အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှု ကန့်သတ်လိုက်သဖြင့် ပဲဈေးများ ကျသွားသည့် သတင်းကို သတင်းဌာန များက ဖော်ပြကြပြီးနောက် သြဂုတ် ၂၂ရက် ညနေတွင် မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ တောင်တွင်းကြီးနှင့် ကျောက်ပန်း တောင်းမြို့များ၌ ကျပ်သိန်းထောင်ကျော်သည့် ကုန်ဖိုးများ မပေးနိုင်ဘဲ ပြေးသွားကြသည်ဟု ဖေ့စ်ဘုတ်တွင် ပျံ့နှံ့ ခဲ့သည်။

မုံရွာကုန်စည်ဒိုင်၏ သတင်းပြန်ကြားရေး ဦးကြည်လှိုင်ကလည်း “ဒီမှာ ဘာမှမဖြစ်ပါဘူး။ မနေ့က အဲဒီပို့စ်ကို တင်ထား တဲ့ နေဇင်လတ် ဆိုတဲ့ အကောင့်အောက်မှာလည်း မဟုတ်တဲ့အကြောင်း ကျနော်တို့ဒိုင်ကလူတွေ ပြန်ရှင်းထားတယ်။ ပခုက္ကူနဲ့ တောင်တွင်းကြီးက လူတွေကလည်း သူတို့ဆီမှာ ဘာမှမဖြစ်တဲ့အကြောင်း ကျနော့် ကွန်မန့်အောက်မှာ ထပ်ရှင်းထားကြသေးတယ်” ဟု ပြောသည်။

ယခုလို ပဲဈေးနှုန်းများ ဂယက်ထနေချိန်တွင် စီးပွားရေး၊ နိုင်ငံရေး လှည့်ကွက်တခုလို မြင်မိကြောင်း ၎င်းက ဆက်လက် ပြောသည်။

နေဇင်လတ်၏ ပို့စ်တွင် ပဲပြေးဆိုသည့် ခေါင်းစဉ်ဖြင့် မုံရွာ ၁ ဦး ၊သိန်းတသောင်းခန့်၊ ပခုက္ကူ ၂ ဦး၊ သိန်း ၆၅၀၀ကျော်၊ တောင် တွင်းကြီး ၁ ဦး၊ သိန်း ၅၇၈၀ ခန့် ၊ မန္တလေး ၆ ဦး၊ သိန်း၇သောင်းကျော်၊ ကျောက်ပန်းတောင်း ၃ ဦး၊ သိန်း ၃၅၀၀ ခန့် ဟု ရေးသားထားသည်။

အိန္ဒိယနိုင်ငံ ဈေးကွက်တွင် ပဲစင်းငုံများစွာ ရှိနေ၍ ဈေးကျလာသောကြောင့် ၎င်းတို့နိုင်ငံရှိ တောင်သူနှင့် ကုန်သည် များ မနစ်နာစေရန် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို ကန့်သတ်ကုန်အဖြစ် သြဂုတ်လ ပထမပတ်အတွင်းက သတ်မှတ် လိုက်ပြီးနောက် မန္တလေး ဈေးကွက်တွင် ပဲဈေးများ ထိုးကျသွားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading