• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လုံ/နယ် ဝန်ကြီးဟောင်း ၇ ဦး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာ

by ထွန်းထွန်း
23 August 2017
in သတင်း
A A
လွှတ်တော်အတွင်း တွေ့ရသည့် တပ်မတော်သားကိုုယ်စားလှယ်များ / ထက်နိုင်ဇော် / ဧရာဝတီ

လွှတ်တော်အတွင်း တွေ့ရသည့် တပ်မတော်သားကိုုယ်စားလှယ်များ / ထက်နိုင်ဇော် / ဧရာဝတီ

10.7k
VIEWS
Share on FacebookShare on Twitter

လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ၇ ဦးသည် အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စား လှယ်များအဖြစ် တာဝန်ထမ်းဆောင်ရန် ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ကျမ်းကျိန်ခဲ့ရကြောင်း သိရှိ ရသည်။

လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူများမှာ ချင်းပြည်နယ် လုံ/နယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးကျော်ကျော်၊ ရှမ်းပြည် နယ် လုံ/နယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးစိုးမိုးအောင်၊ ကရင်ပြည်နယ် လုံ/နယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးအောင်လွင်၊ ရန်ကုန်တိုင်း လုံ/နယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ ရခိုင်ပြည်နယ် လုံ/နယ် ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ထိန်လင်း၊ မကွေးတိုင်း လုံ/နယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးနိုင်ဦးနှင့် မန္တလေးတိုင်း လုံ/နယ် ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မျိုးမင်းအောင်တို့ ဖြစ်ကြသည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
188
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
849
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.2k

၎င်းတို့ ၇ ဦးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရသစ် စတင်ဖွဲ့စည်းချိန်တွင် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးများအဖြစ် ခန့်အပ်ခံရပြီးနောက် တနှစ်ကျော်အကြာတွင် ကာကွယ်ရေးဦးစီးချုပ်က ၎င်းတို့ကို အနား ပေးကာ လွှတ်တော်တွင် အစားထိုးခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်တဦးက “အမှန်က တပ်မတော်မှာ ပြန်တာဝန်ပေးရမှာ ဖြစ် ပေမယ့် ဒီဘက်မှာ အစားထိုးလိုက်တာ၊ သာမန်ထက်စာရင် သူတို့က နိုင်ငံရေးဘက်မှာ တကယ် တာဝန်ထမ်းဆောင် ခဲ့သူတွေ ဖြစ်တဲ့အတွက် အတွေ့အကြုံတွေ အများကြီး ရှိထားသူတွေပါ ” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သက်ပြည့်ပင်စင်များ၊ ရာထူးတိုး ရွှေ့ပြောင်းမှုများ၊ ကျန်း မာရေးအရ နုတ်ထွက်ခွင့် တင်ပြမှုများ ရှိနေသည့် ၎င်းတို့နေရာတွင် ပြန်လည်အစားထိုးသည့် သဘောလည်းဖြစ် ကြောင်း ၎င်းကပြောသည်။

လုံ/နယ်ဝန်ကြီးဟောင်းများအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်တာဝန် ထမ်းဆောင်စေခြင်းသည် တပ်မတော်အနေဖြင့် ၎င်းတို့၏ အတွေ့အကြုံများကို လွှတ်တော်တွင်း ဖလှယ်ကာ အသုံးချနိုင်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်ဟု ထင်မြင်မိကြောင်း NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်းက သုံးသပ် ပြောကြားသည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်သူများတွင် လက်နက်ကိုင် တိုက်ပွဲ နှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ရှိနေသည့် နယ်စပ်ဒေသများ၌ တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်နေသည်။

ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “အုပ်ချုပ်ရေး အတွေ့အကြုံ ရှိတဲ့သူ တွေ ဆိုတော့ တပ်က သုံးချင်မှာပေါ့၊ အနည်းဆုံး လွှတ်တော်မှာ အကြံပေးလို့ရတယ်၊ အရပ်ဘက်နဲ့ ဆက်ဆံရေး လည်း အတွေ့အကြုံရှိလာလို့ ပြန်ခန့်တာ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ၎င်းတို့ ၇ ဦးအား ကာကွယ်ရေးဦးစီးချုပ်က တိုင်း ဒေသကြီး၊ ပြည်နယ်လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များအဖြစ် အမည်တင်သွင်းကာ လုံ/နယ်ဝန်ကြီးများ အဖြစ် ခန့်အပ်ခြင်းခံရပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ပြန်လည်အစားထိုးခဲ့ခြင်း ဖြစ်သည်။

လုံ/နယ် ဝန်ကြီးဟောင်း ၇ ဦးအား အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များအဖြစ် အစားထိုး ပြောင်းလဲကြောင်းကို သြဂုတ် ၂၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာခဲ့ပြီး ယင်းနေ့တွင် ပင် ပြည်သူ့လွှတ်တော်၌လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦး အစားထိုး ပြောင်းလဲကြောင်း ကြေညာခဲ့သည်။

Your Thoughts …
Tags: လုံ/နယ် ဝန်ကြီးဟောင်း
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အမိမဲ့ ဆင်ကလေးတွေရဲ့ ထိန်းကျောင်း အမေ (ရုပ်/သံ)

အမိမဲ့ ဆင်ကလေးတွေရဲ့ ထိန်းကျောင်း အမေ (ရုပ်/သံ)

မောင်တော အကြမ်းဖက်ခံရမှု နောက်ပိုင်း ရွေ့ပြောင်းထားသည့် တပ်မတော် ရဟတ်ယာဉ် အချို့  / ထက်နိုင်ဇော် / ဧရာဝတီ

ရခိုင်မြောက်ပိုင်း လုံခြုံရေး တိုးမြှင့်ရေး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate