• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တတိယပင်လုံ ညီလာခံ မတိုင်မီ NCA ထိုးနိုင်ရန် မွန်ပြည်သစ် ကြိုးပမ်းမည်

by ဟင်္သာနီ (မွန်မြေ)
24 August 2017
in သတင်း
A A
မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက တွေ့ဆုံပွဲ အပြီး၌ သတင်းမီဒီယာများနှင့် တွေ့ဆုံနေစဉ် / ဟင်္သာနီ (မွန်မြေ) / ဧရာဝတီ

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက တွေ့ဆုံပွဲ အပြီး၌ သတင်းမီဒီယာများနှင့် တွေ့ဆုံနေစဉ် / ဟင်္သာနီ (မွန်မြေ) / ဧရာဝတီ

2.8k
VIEWS
Share on FacebookShare on Twitter

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) အား လက်မှတ် ရေးထိုး၊ မထိုးနှင့် ပတ်သက်၍ ယတိပြတ် ဆုံးဖြတ်ချက်ချရန် ၃ လခန့် အချိန်ယူသွားမည် ဖြစ်ပြီး လာမည့် ၂၁ ရာစု ပင်လုံ ညီလာခံ တတိယအကြိမ် အစည်းအဝေး မတိုင်မီ ရေးထိုးနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများ တွေ့ဆုံပွဲအပြီး၌ နှစ်ဖက်တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခဲ့သည်။

“NCA ကျတော့ ကျနော်တို့ အမြဲ ပြောခဲ့ပါတယ်၊ ထိုးမယ် ထိုးမယ်လို့ ပြောခဲ့တယ်၊ အခုလည်းပဲ ကျနော်တို့ ၂၁ ရာစု ပင်လုံ ညီလာခံ တတိယအကြိမ် အစည်းအဝေးမှာ ပါဝင်နိုင်အောင် ဒီကြားထဲမှာ ထိုးနိုင်အောင် ကြိုးစားနေတယ်” ဟု မွန်ပြည် နယ် အစိုးရအဖွဲ့နှင့် သြဂုတ်လ ၂၃ ရက်နေ့ တွေ့ဆုံပွဲအပြီးတွင် မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှ က မီဒီယာများအား ပြောကြားခဲ့သည်။

RelatedPosts

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

15 July 2025
68
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
1.1k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
893

NCA လမ်းကြောင်းအတိုင်း သွားရန် မွန်ပြည်သစ်ပါတီက ဆုံးဖြတ်ထားကာ ထပ်မံ၍လည်း ၃ လခန့် အချိန်ပေးရန် သြဂုတ် ၂၃ ရက် တွေ့ဆုံပွဲ၌ မွန်ပြည်သစ် ပါတီ တာဝန်ရှိသူများက တင်ပြခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မွန်ပြည် နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“NCA မှာ လက်မှတ်ထိုးဖို့ သူတို့ကို အချိန် ၃ လလောက် ပေးဖို့အတွက် သူတို့ မေတ္တာရပ်ခံခဲ့တယ်၊ နောက်ပြီးတော့ UNFC မှာ ကျန်ခဲ့တဲ့ အဖွဲ့တွေလည်း ပါဝင်လာနိုင်အောင် သူတို့က စည်းရုံးရေး ဆင်းနေတယ်၊ ကျန်တဲ့အဖွဲ့တွေ ဘယ်လို သဘော ထားရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ နောက် ၃ လ ကျရင် ဆုံးဖြတ်ချက် သဘောထား တခုခုကို ချမှတ်ပေးမယ်လို့ ကျနော်တို့ကို ပြောပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် မွန်ပြည်သစ်ပါတီက ကျောင်းချိန်တွင်း မွန်စာပေသင်ကြားရေးကိစ္စနှင့် ၎င်းတို့၏ မော်လမြိုင်ခရိုင် တဝိုက် အစိုးရ တပ်များ ဝင်ရောက်နေမှု ကိစ္စများအား တင်ပြခဲ့သော်လည်း ၎င်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်တို့နှင့် တိုက်ရိုက် ဆက်စပ်မှု ရှိနေသည့် ကိစ္စများ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ကိုမင်းဇေယျာဦးကလည်း “အောက်တိုဘာ ၁၅ ရက် က NCA နှစ်ပတ်လည်နေ့ ရှိတယ်၊ အဲဒီ နှစ်ပတ်လည်နေ့မှာ ထိုးမယ်ဆိုပြီး စဉ်းစားချက် ရှိသလားပေါ့။ သူတို့ ပြောနေတဲ့ ပုံစံအရ အဲဒါကို နည်းနည်း ညွှန်းနေ သလားလို့ ၊ ပထမတော့ DOC မူဘောင် ၉ ချက် လက်မှတ်ထိုးပြီးတော့ အောက်တိုဘာ ၁၅ မှာ NCA ထိုး၊ ပြီးရင် ညီလာခံ ဆက်တက်၊ အဲဒီလို လျာထားတဲ့သဘော ဖြစ်နေသလားလို့ပေါ့” ဟု ၎င်း၏ အမြင်ကို သုံးသပ် ပြောဆိုခဲ့သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် UNFC တွင် ကျန်ရှိနေသည့် ရခိုင်အမျိုးသား ကောင်စီ (ANC), ဒီမိုကရက်တစ် ယူနီယံ (LDU) , ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) တို့နှင့်အတူ NCA အား လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းနေကြောင်း ၂၀၁၇ ခုနှစ် မေလ အတွင်းက မီဒီယာများအား ပြောကြားထားခဲ့သည်။

NCA လက်မှတ် မရေးထိုးမီ အာမခံချက်ရှိရန် မူဘောင် DOC ၉ ချက်ကို ညှိနှိုင်းရာတွင်လည်း ၄ ချက်ကို သဘောတူညီ ချက် ရထားပြီး ကျန် ၅ ချက်အား ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

NCA စာချုပ် ပြုစုခဲ့ရာတွင် တပ်မတော်ဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုအပ်ချက်များကို ပိုမို ဇောင်းပေးထားပြီး ယင်းစာချုပ် ပြုစုခဲ့စဉ်၌ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များ ကိုယ်တိုင် ပါဝင်ခဲ့သဖြင့်လည်း သီးခြား ညှိနှိုင်းစရာ မလိုဘဲ ရေးထိုးရန် အမြဲ တံခါးဖွင့် ကြိုဆိုကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆိုသည်။

လက်ရှိတွင် မွန်ပြည်သစ်ပါတီသည် NCA မရေးထိုးရသေးသဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရာ၌ အားနည်းချက် များစွာရှိကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။

ယနေ့ ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများ၏ တွေ့ဆုံမှုသည် တတိယအကြိမ် ဖြစ်ကာ ဝန်ကြီးချုပ် ဦးမင်းမင်းဦး လက်ထက်၌ တကြိမ်၊ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ဆက်လက် ၍လည်း လစဉ် နှစ်ဖက် တွေ့ဆုံကြရန် သဘောတူခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်၍ မွန်ပြည်နယ် အစိုးအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ် ဥပဒေချုပ် ဒေါ်အေး အေးမိုးတို့ တက်ရောက်ခဲ့ကြပြီး မွန်ပြည်သစ်ပါတီဘက်မှ တွဲဖက်အတွင်းရေးမှူး နိုင်ဂျော်ယဲ့ ဦးဆောင်၍ ဗဟိုအလုပ် အမှု ဆောင် ကော်မတီနှင့် ဗဟိုကော်မီတီ ၁၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။

Your Thoughts …
Tags: မွန်ပြည်သစ်ပါတီ
ဟင်္သာနီ (မွန်မြေ)

ဟင်္သာနီ (မွန်မြေ)

Similar Picks:

စစ်ကောင်စီကို တိုက်ရန် မွန်ပြည်သစ်ပါတီမှ အတွင်းရေးမှူးနှင့်အဖွဲ့ ခွဲထွက်

စစ်ကောင်စီကို တိုက်ရန် မွန်ပြည်သစ်ပါတီမှ အတွင်းရေးမှူးနှင့်အဖွဲ့ ခွဲထွက်

by စောရယ်
14 February 2024
2.8k

NMSP-AD သည် စစ်ကောင်စီတပ်နှင့် အပစ်အခတ်ရပ်စဲကာ ဆွေးနွေးမည်ဆိုသည့် မွန်ပြည်သစ်ပါတီ၏ မူဝါဒကို လက်မခံနိုင်သဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်မှ စတင်ကာ တသီးတခြား ခွဲထွက်ရပ်တည်လာသည့် မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်

မွန်ပြည်သစ်ပါတီ ဘာကြောင့် ၂ ဖွဲ့ကွဲသွားသလဲ

မွန်ပြည်သစ်ပါတီ ဘာကြောင့် ၂ ဖွဲ့ကွဲသွားသလဲ

by ဧရာဝတီ
25 March 2024
1.6k

မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော တို့ ဦးဆောင်တဲ့ နိုင်ငံရေးပိုင်း၊ တပ်ပိုင်းဆိုင်ရာအင်အား ရာနဲ့ချီတဲ့ အဖွဲ့ဝင်တွေဟာ "စစ်အာဏာရှင် တိုက်ဖျက်ရေး" ကြေညာပြီး MNSP...

တော်လှန်ရေးတပ်တွေနဲ့ ပူပေါင်းတိုက်ပွဲဝင်လာတဲ့ ခွဲထွက် မွန်ပြည်သစ်

တော်လှန်ရေးတပ်တွေနဲ့ ပူပေါင်းတိုက်ပွဲဝင်လာတဲ့ ခွဲထွက် မွန်ပြည်သစ်

by ယဉ်မွန်
26 March 2024
325

မွန်ပြည်သစ်ပါတီကနေ ခွဲထွက်လိုက်တဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေး တပ်ဖွဲ့ဟာ ကရင်နဲ့ မွန် နယ် အစပ်မှာ တော်လှန်ရေး တပ်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲတွေမှာ စတင်ပါဝင်နေပြီဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်

အုပ်စုကွဲနေသည့် ရာမည နိုင်ငံရေး

by စောရယ်
21 October 2022
5.5k

စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်မည်ဆိုသည့် မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များတွင်လည်း အမိန့်ပေးစနစ်တခုတည်း အောက်၌ မစုစည်း မိနိုင်ကြသေး

စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များ တွေ့ဆုံမှု

အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးသည့် မွန်ပြည်သစ်ပါတီ ဝေဖန်ခံနေရ

by ဧရာဝတီ
24 May 2022
8k

စစ်ကောင်စီနှင့် သွားရောက်ဆွေးနွေးခဲ့သည့် မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့အပေါ် စစ်တပ်က အာဏာသိမ်းမှုနှင့် ပြည်သူလူထုအား သတ်ဖြတ်နေမှုအပေါ် ဆန့်ကျင်နေကြသည့် မွန်လူထုက အပြင်းအထန် ဝေဖန် ရှုတ်ချနေကြလျှက်ရှိသည်။

၇၆ နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပနေစဉ်

စစ်အာဏာသိမ်းပြီး လူထု ဒုက္ခပိုများလာဟု မွန်ပြည်သစ်ဆို

by ဧရာဝတီ
6 February 2023
8.3k

စစ်တပ် အာဏာသိမ်းပြီးနောက် ကောင်းမွန်သည့်အပြောင်းအလဲများ မျှော်လင့်ခဲ့သော်လည်း ထူးခြားမှု ရှိမလာခဲ့ကြောင်းနှင့် ပြည်သူလူထုအပေါ် ဒုက္ခ ပိုမိုများပြားလာပြီး စားဝတ်နေရေး အကျပ်အတည်း ကြီးမားလာကာ နေအိမ်များ မီးရှို့ခံရမှုနှင့် သတ်ဖြတ်မှုပြဿနာများလည်း များပြားလာခဲ့

Next Post
ဆန်ထွယ်၊ ယိင်းဟန်ဖ၊ နော်ကညောဖော၊ ဒေါ်ခွန်ဂျာ၊ ဒီဒီပိုးကျိန်

တပ်မတော်နှင့် နိုင်ငံတကာ စစ်ဘက်ဆက်ဆံရေး အပေါ် တိုင်းရင်းသူများ စိုးရိမ်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် /  ထက်နိုင်ဇော် / ဧရာဝတီ

“တရားဥပဒေ ဆိုတာ ဘာလဲ”ဟု လွှတ်တော် ဥက္ကဋ္ဌ မေးခွန်းထုတ်ရသည့် မြေသိမ်းယာသိမ်း ပြဿနာ

No Result
View All Result

Recommended

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

1 day ago
5.4k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate