သတင်း

ပုဒ်မ ၆၆(ဃ) ကို ပြစ်ဒဏ်လျှော့ ချ အာမခံပေးရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

Want create site? Find Free WordPress Themes and plugins.

ဆက်သွယ်ရေးဥပဒေအား ပြင်ဆင်သည့်ဥပဒေတွင် ပုဒ်မ ၆၆(ဃ)အား ထောင်ဒဏ်၊ ပြစ်ဒဏ်လျှော့ချကာ အာမခံပေးရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း ယနေ့ကျင်းပသည့် ပြည်ထောင် စုလွှတ်တော်တွင် အတည်ပြုလိုက်သည်။

ဝေဖန်မှုများရှိနေသည့် ပုဒ်မ ၆၆(ဃ)အား ပယ်ဖျက်ရန် လွှတ်တော်ကိုယ်စားလှယ်အချို့မှ လွှတ်တော်တွင်း ဆွေးနွေးကြိုးပမ်းခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပြီး သြဂုတ်လ ၂၄ ရက်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေး တွင်လည်း ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များအတိုင်း အတည်ပြုခဲ့ပြီဖြစ်သည်။

ပုဒ်မ ၆၆(ဃ)အားပြင်ဆင်သည့် အဓိကအချက်များမှာ သုံးနှစ်ထက်မပိုသောပြစ်ဒဏ်အစား နှစ်နှစ်ထက်မပို သော ပြစ်ဒဏ်ဟုလည်းကောင်း၊ အာမခံပေးနိုင်သည့် ပုဒ်မဟုလည်းကောင်း၊ တရားစွဲဆိုရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူရမည်ဟုလည်းကောင်း၊ တရားစွဲဆိုရာတွင် ကာယကံရှင်ကိုယ်တိုင် သို့မဟုတ် တရားဝင်ကိုယ်စားလှယ် လွှဲအပ်ထားသူမှ စွဲဆိုရမည်ဟုလည်းကောင်း ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုမှုသည် သြဂုတ်လ ၂၀ ရက်နေ့အထိ ၈၄ မှုရှိပြီး ပြစ်ဒဏ်ချမှတ်ပြီး အမှု ၁၃ မှုနှင့် လတ်တလောအာမခံမရရှိဘဲ အချုပ်ကျနေသည့်အမှု ၄ မှုရှိကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းအမှုများတွင် တပ်မတော်မှစွဲဆိုသောအမှုမှာ ၇ မှု၊ NLD ပါတီမှစွဲဆိုသည့်အမှုမှာ ၇ မှုနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ကြားခံလူများမှ တရားစွဲဆိုသည့်အမှုမှာ ၉ မှုရှိပြီး သတင်းမီဒီယာများအပေါ် တရားစွဲဆိုမှုမှာ ၁၀ မှုရှိရာ သတင်းသမား ၁၇ ဦးတရားရင်ဆိုင်နေရကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading