သတင်း

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု အရေးကြီးအဆိုတင်သွင်းခွင့်မရ

ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း ဒုတိယအကြိမ်မြောက် အကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆိုတင်သွင်းရန် ကြိုးပမ်းခဲ့ သော်လည်း တင်သွင်းခွင့်မရခဲ့ကြောင်း သိရသည်။

အရေးကြီးအဆိုအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးမှ တင်သွင်းရန်ကြိုးပမ်းခဲ့သော်လည်း တင်သွင်း ခွင့်မရသည့်အပေါ် ၎င်းမှအသေးစိတ်ပြောကြားခြင်းတော့ မရှိခဲ့ပါ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက “လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတာထက် အဲဒီဒေသက လူတွေအတွက်ပဲစိတ်မကောင်းဖြစ်မိပါတယ်”ဟု မီဒီယာများသို့ပြောသည်။

မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီအကြမ်းဖက်သမားများမှ ယနေ့ သြဂုတ် ၂၅ ရက်နံနက်အစောပိုင်းမှ စတင်ကာ ရဲကင်းစခန်းအများအပြားကို တပြိုင်နက်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြပြီး လက်ရှိအချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးခဲ့ရပြီး အကြမ်းဖက်သမား ၁၆ ဦးကို အသေဖမ်းဆီး ရရှိထားကြောင်း နိုင်ငံတော်အတိုင်ပင်ရုံးက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ရဲကင်းစခန်းများသာမက တပ်မတော် ခမရ (၅၅၂) ဂိတ်သို့ဝင်ရောက်တိုက် ခိုက်ခံရပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းသည်လည်း မိုင်းဆွဲတိုက်ခိုက်ခံရ မှုကြောင့် တပ်မတော်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

လတ်တလောအခြေအနေအရ လုံခြုံရေးရဲကင်းစခန်းအချို့တွင်လည်း နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများ ရှိနေသေးကြောင်း သိရသည်။

သြဂုတ် ၂၄ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ တင်သွင်းသော ရခိုင် ဒေသ တွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေ တည်တံ့ ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြုံရေးတို့ကို များစွာ ထိပါး နှောက်ယှက်လာ၍ ပိုမို ကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး ဖော်ဆောင်ရန် အစိုးရကို တိုက်တွန်းထားသည့် အဆိုသည် မဲပေးသူ ၃၉၆ ဦးတွင် ယင်းအဆိုကို ထောက်ခံသူ ၁၅၀ ဦး၊ ကန့်ကွက်သူ ၂၃၂ ဦးနှင့် ကြားနေသူ ၆ ဦးဖြင့် အဆိုမှာ ရှုံးနိမ့်ခဲ့သည်။

Loading