• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်အရေး ကာ/လုံ ခေါ်ပေးရန် ANP ဥက္ကဋ္ဌ တောင်းဆို

by ထက်နိုင်ဇော်
25 August 2017
in သတင်း
A A
ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် / ထက်နိုင်ဇော် / ဧရာဝတီ

ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် / ထက်နိုင်ဇော် / ဧရာဝတီ

33.3k
VIEWS
Share on FacebookShare on Twitter

လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်ခံမှုများသည် အစိုးရတွင် တာဝန်ရှိပြီး သမ္မတ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ခေါ်ယူပေးရန် အချိန်ကျရောက်ပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်တွင် အင်အား အကြီး ဆုံး ပါတီတခု ဖြစ်သော ရခိုင်အမျိုးသား ပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။

“လုံခြုံရေးစည်း ကျိုးသွားပြီ။ အစိုးရက မနိုင်မနင်း ဖြစ်နေတယ်။ အကောင်းဆုံးက အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ အစည်းအဝေး ခေါ်ရမယ်။ ကာ/လုံ ခေါ်ကို ခေါ်ရမယ်။ အရေးပေါ်ကာလ သတ်မှတ်ဖို့ လိုကောင်း လိုလာနိုင်တယ်။ ရခိုင် ဖြစ်စဉ်ကို သုံးသပ်တဲ့အခါ ပေါ့သေးသေး မတွေးပါနဲ့”ဟု ဒေါက်တာ အေးမောင်က ပြောသည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
588
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
67
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
1.5k

ယခုအကြိမ် တိုက်ခိုက်ခံရမှုသည် မြန်မာနိုင်ငံ၏ အနောက်ခြမ်းကို ဖဲ့ထုတ်ရန် တပြိုင်တည်းလုပ်သည့် စစ်ဆင်ရေး ဖြစ်ကြောင်း၊ အ ခြေအနေများကို ကြိုတင်မြင်သောကြောင့် ကိုဖီအာနန် ကော်မရှင်ကို အစောကြီး ကတည်းက ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံ တကာမှ စွက်ဖက်လာအောင် တမင်အကွက်ဆင်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

ဒေါက်တာ အေးမောင်က“အမျိုးသား လုံခြုံရေးအတွက် အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြန်တိုင်ပင်ဖို့ လိုတယ်။ အမျိုးသား လုံခြုံ ရေး စည်းပေါက်မယ့် လက္ခဏာတော့ တွေ့နေပြီ။ အဲဒါကြောင့် ကာ/လုံ ခေါ်ခိုင်းတာ။ သမ္မတကြီးသည် သမ္မတကြီး တာဝန်ကို မထမ်းဆောင်ဘူး။ သမ္မတကြီး ပါတဲ့ ကာ/လုံ ထိုင်မှပဲ ကာကွယ်ရေးအမြင်၊ လုံခြုံရေးအမြင်နဲ့ အုပ်ချုပ်ရေး ယန္တရားတို့ ပေါင်းစပ်ပြီး လုပ်မှ ရတော့မှာ”ဟု ပြောသည်။

ကြံ့ခိုင်ရေးပါတီမှ စက်မှုဝန်ကြီးဟောင်း ဦးမောင်မြင့်ကလည်း တိုင်းပြည်၏ လက်ရှိ အခြေအနေအရ ကာ/လုံ ခေါ်ဆိုခြင်းကို ထောက်ခံကြောင်း၊ နိုင်ငံခြားရေး ဒုဝန်ကြီးဘဝဖြင့် ကာ/လုံ အစည်းအဝေးများစွာ တက်ခဲ့ဖူးကြောင်း၊ နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ကာ/လုံကို တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ပြောသည်။

“ကာ/လုံဆိုတာက အားလုံး ၁၁ ယောက်ပါတယ်။ သူတို့ယူဆတာက တပ်ဘက်က များနေတဲ့အတွက် မဲခွဲရင်ရှုံးမယ်ပေါ့။ ကာ/လုံ ဆိုတာ မဲခွဲတဲ့နေရာမှ မဟုတ်ဘူး။ မဲခွဲမယ်လို့ ပြောတဲ့သူက အရူးပဲ။ ကာ/လုံဆိုတာ ဆွေးနွေးတယ်။ ပြဿနာတွေ တင်ပြတယ်။ အဲဒီအပေါ်မှာ အားလုံးက ဝိုင်းဆွေးနွေးကြတာ”ဟု ဗိုလ်မှူးချုပ်(ငြိမ်း) ဦးမောင်မြင့်က ပြောသည်။

အရပ်သားအစိုးရ အနေဖြင့် ရခိုင်အရေးကို အချိန်တခုအတွင်း ပြေပြေလည်လည် ကိုင်တွယ်နိုင်မည်ဟု ယုံကြည်ပြီး ၂၀၀၈ အခြေခံ ဥပဒေအရ ကာ/လုံကို ဆောင်ရွက်ခွင့် ပေးထားသော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင်သည် အရပ်သား အစိုးရ ထဲတွင် ပါပြီးဖြစ်၍ တပ်မတော်က တည်ဆဲ လုံခြုံရေး ဥပဒေများနှင့် အညီ ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။

“တပ်မတော်အနေနဲ့ အရပ်သား အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ သေသေချာချာနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အချိန်ကာလ တခုမှာ ဒီပြဿနာကို ကျော်လွှားနိုင်မှာပါ။ မြန်မြန်ဆန်ဆန်နဲ့ ကျော်လွှားနိုင်ဖို့ဆိုရင်တော့ တပ်မတော်နဲ့ ပြည်သူ့ ရဲ့တပ်ဖွဲ့တွေ အတွက် လိုအပ်တာတွေကို အစိုးရဘက်က လျင်လျင်မြန်မြန် ပံ့ပိုးပေးဖို့ လိုပါတယ်”ဟု ဦးလွင်ကိုလတ်က ပြောသည်။

ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဒေါ်ပြုံးကေသီနိုင်ကလည်း “ရခိုင်အရေးကိစ္စကို ကာ/လုံ ခေါ်လောက် သည်အထိ လိုအပ်တယ်လို့ မမြင်ဘူး။ ဒါမျိုးတွေက အစိုးရတဖွဲ့တည်းက ကော်မတီတွေဖွဲ့ပြီး ဆောင်ရွက်သလို အချင်းချင်း ညှိနှိုင်း ပြီးလည်း ဆောင်ရွက်လို့ရတယ်။ ဒီလိုဆောင်ရွက်လို့ရတဲ့ အခြေအနေမှာ ကာ/လုံ ခေါ်ပါဆိုတာမျိုးက အရမ်းကြီး ပိုကဲလွန်းတယ်လို့ မြင်တယ်”ဟု သုံးသပ်သည်။

ရခိုင်အရေးတွင် တပ်မတော်၏ သဘောထားကမူ ဒို့တာဝန် အရေး ၃ ပါးကို ထိပါး နှောက်ယှက်မည့် ကိစ္စ၊ တိုင်းရင်းသား လူမျိုး များ အရေးကိစ္စနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနဲ့အညီ တန်ပြန် ဆောင်ရွက်နိုင်ရေးအတွက် အစဉ် ထာဝရ အသင့်ပြင်ထားပါကြောင်း မနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး အောင်ကျော်နှင်းက ပြောဆိုထားသည်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များရှိ တပ်မတော်နှင့် လုံခြုံရေး တပ်စခန်းများ သြဂုတ်လ ၂၅ ရက်နေ့ နံနက် အရုဏ်တက်ချိန်က တပြိုင်တည်း တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး ကျဆုံးသွားပြီး ယခုအချိန်ထိလည်း တိုက်ခိုက်မှုများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ဒေါက်တာ အေးမောင်က “နိုင်ငံတခုရဲ့ အချုပ်အခြာ အာဏာကို ထိပါးတာ ဟုတ်မဟုတ် ကာ/လုံက သုံးသပ်ရမယ်။ ထိပါးတာ ဟုတ်ရင် လုံခြုံရေး၊ ကာကွယ်ရေး အမြင်တွေနဲ့ စဉ်းစား၊ နိုင်ငံခြားရေးကလည်း ဆွေးနွေး၊ ပြည်သူ့တွေရဲ့ ဆန္ဒနဲ့လာတဲ့ လွှတ်တော် ကလည်းပါ။ တပ်မတော်ကလည်း ပါဝင်ပြီး အမြင်တွေ အားလုံးကို အဲဒီမှာ ဆွေးနွေးနိုင်မယ်။ အဲဒါမှ တမျိုးသားလုံးနဲ့ ပတ်သက်တဲ့ ကာကွယ်ရေး လုံခြုံရေး အမြင်ကို ဖော်ဆောင်နိုင်တော့မှာ”ဟု ပြောဆိုသည်။

Your Thoughts …
Tags: ကာ/လုံရခိုင်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.1k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.4k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

by ဧရာဝတီ
5 March 2024
11.2k

ရခိုင်စစ်မျက်နှာတွင် အထိနာနေသည့် စစ်ကောင်စီသည် လက်လွှတ်ခဲ့ရသည့် မြို့များ၊ စခန်းများမှ တပ်ဖွဲ့ဝင်များအား စစ်တွေနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတို့တွင် ပြန်လည်စုစည်းမှုများ ပြုလုပ်ကာ ခံစစ်ပြင်နေသည့်အခြေအနေဖြစ်ကြောင်း

Next Post
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တွေ့ရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ / ဧရာဝတီ

အမျိုးသား ကိုယ်စားလှယ်လောင်းကို မြန်မာမဲဆန္ဒရှင်အများစု ပိုမို လိုလား

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

ဆေးလိပ် ဖြတ်ဖို့ နည်းလမ်းကောင်းများ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate