သတင်း

အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေ ကိစ္စ လွှတ်တော်ကို တောင်းပန်ရန် မရှိဟု OMI ပြော

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပြန်လည်ပြင်ဆင်သည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်များကို လေ့လာ စောင့်ကြည့်နေသည့် ပွင့်လင်းမြန်မာ ရှေ့ဆောင် အဖွဲ့ (OMI)၏ မှတ်ချက်သည် မှားယွင်းနေသည်ဟု ဆိုကာ ပြန်လည် တောင်းပန်ရန် ပြည်ထောင်စု လွှတ်တော်က ပြောဆိုထားမှုအပေါ် OMI ၏ သုတေသန ဒါရိုက်တာ ဦးထင်ကျော်အေး က တောင်းပန်ရန် မရှိဟု တုံ့ပြန်လိုက်သည်။

“ရှေ့လာမယ့်တပတ်အတွင်းမှာ သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ ရှိတယ်။ ကျနော်တို့ဘက်က ဘာကြောင့် ဒီဟာကို ပျောက်ဆုံး နေတဲ့ ဥပဒေ တရပ် အနေနဲ့ ဖော်ပြရလဲဆိုတဲ့ ရှင်းလင်းချက်ကို ထုတ်ပြန်ဖို့လည်း ရှိတယ်။ အဲဒီ ရှင်းလင်း ချက်ကိုလည်း လွှတ်တော်ကို စာနဲ့ပြန်ပေးပို့သွားဖို့ ရှိပါတယ်။ မှားယွင်းတယ် ဆိုတာမျိုး တောင်းပန်ဖို့တော့ မရှိပါဘူး” ဟု ၎င်းက ဧရာဝတီကို ပြောသည်။

OMI ၏ ၂၀၁၇ ဇူလိုင်လထုတ် လွှတ်တော်ရေးရာ သုတေသန စာစဉ် အမှတ်(၃) စာမျက်နှာ ၁၇ တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ‘ပျောက်ဆုံး နေသော ဥပဒေ’ တရပ်ဟု ထည့်သွင်း ဖော်ပြခဲ့ခြင်း၊ ယင်းနှင့်စပ်လျဉ်းပြီး မီဒီယာများကို ဖြေကြားခြင်း၊ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခြင်းများ ပြုလုပ်ခဲ့သည့်အပေါ် လွှတ်တော်က ပြန်လည် ဖြေရှင်း ပေးစေလိုခြင်း ဖြစ်ကြောင်း သိရ သည်။

ပြည်ထောင်စု လွှတ်တော်က သြဂုတ် ၂၄ ရက်တွင် OMI သို့ အကြောင်းကြားလိုက်ခြင်း ဖြစ်ပြီး OMI အနေဖြင့် သတင်းစာ ရှင်းလင်းပွဲ ပြန်လည်ပြုလုပ်၍ မှားယွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ မှားယွင်းခဲ့မှု အတွက် ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်ရုံးသို့ တောင်းပန်စာ ပေးပို့မည်ဟု ရှင်းလင်း ထုတ်ပြန်ပေးရန် ပြောဆိုထား သည်။
အထက်ပါအတိုင်း ၇ ရက်အတွင်း ရှင်းလင်းခြင်းမပြုပါက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဟုလည်း ပြည်ထောင်စု လွှတ်တော်၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ပြင်ဆင်သည့် ဥပဒေကြမ်း၏ ပုဒ်မ ၁၁ တွင် ပါရှိသော ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းဆိုသည့် စကား ရပ် ကို ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေး လုပ်ငန်းဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟူသော ပြင်ဆင်ချက် တပိုဒ် သာပါရှိပြီး နိုင်ငံတော်သမ္မတ၏ ပါတီဟူသောစကားရပ်ကို ချန်လှပ်ရန် မသင့်ကြောင်း သဘောထားမှတ်ချက်အတိုင်း ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုဆုံးဖြတ်ခဲ့မှုအရ ဥပဒေအဖြစ် ထုတ်ပြန်ရန်မလိုကြောင်း လွှတ်တော်က အကြောင်းပြထားသည်။

OMI ကထုတ်ပြန်ထားသည့် သုတေသန စာစဉ်တွင်မူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆ (ခ) အရ သမ္မတထံ ပြန်လည် ပေးပို့သော ဥပဒေကြမ်းကို သမ္မတက ခုနစ်ရက်အတွင်း လက်မှတ်ရေးထိုးခြင်း မပြုလျှင်လည်း သမ္မတ၏ လက်မှတ် ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်ဖြစ်ပြီး ယင်းဥပဒေကို ပြဋ္ဌာန်းသည့် ဥပဒေများ စာအုပ် တွင်သော် လည်းကောင်း၊ နိုင်ငံတော် ပြန်တမ်းတွင် သော်လည်းကောင်း ဖော်ပြပါရှိခြင်း မရှိသည့်အတွက် ပျောက်ဆုံး အဖြစ် မှတ်တမ်း တင်လိုက်ကြောင်း တွေ့ရသည်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြည်ထောင်စု လွှတ်တော်အနေဖြင့် ယခု လုပ်ရပ် မျိုးသည် မသင့်လျော်ကြောင်း၊ သုတေသန အဖွဲ့တခုက မှားနေသည် ဆိုလျှင်လည်း ပြန်လည်ရှင်းလင်း ထောက်ပြ လိုက်ရုံဖြင့် လုံလောက်ကြောင်း၊ ယခုက အနည်းငယ်ဝေဖန်ရုံမျှနှင့် ဆတ်ဆတ်ထိမခံဘဲ အကဲဆတ်သကဲ့သို့ ဖြစ်နေ ကြောင်း၊ လူထုအစိုးရ တရပ်အနေဖြင့် အဝေဖန်မခံနိုင်ပါက ကျရှုံး လိမ့်မည်ဖြစ်ကြောင်း ပြောသည်။

ဦးမောင်မောင်စိုးက “သိပ်ပြီး အကဲဆတ်လွန်းအားကြီးရင် ဆတ်ဆတ်ထိမခံ ဖြစ်နေရင် တစ် အမျိုးသားရင်ကြား စေ့ရေး ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ နှစ် လူထုရဲ့ဝေဖန်မှုကို နားမစွင့်ဘူးဆိုရင် လူထုနဲ့ ကင်းကွာသွားလိမ့်မယ်” ဟု ဆိုသည်။

ပြည်ထောင်စု လွှတ်တော်က OMI အနေဖြင့် ယင်းဥပဒေကြမ်း အတွက် ဆောင်ရွက်မှု လုပ်ငန်းစဉ်ကို ကဃနဏ သိရှိ ရန် လေ့လာဆန်းစစ်ခြင်း မပြုဘဲ ယခုကဲ့သို့ မှတ်ချက်ပြုခြင်းသည် ဥပဒေပြုရေး တာဝန် ထမ်းဆောင်နေသည့် လွှတ်တော် အသီးသီးအပေါ် မထီမဲ့မြင်ပြုရာ ရောက်သည့်အပြင် ပြည်သူများကလည်း အမှန်ကိုမသိရှိဘဲ လွှတ်တော် များ အပေါ် ယုံကြည်မှုကို ထိခိုက်စေနိုင်ကြောင်း သုံးသပ်ထားသည်ကို တွေ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading