သတင်း

နိုင်ငံတကာအဖွဲ့အစည်းများ မောင်တောဒေသမှ ထွက်ခွာ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် လုပ်ကိုင်နေကြသော နိုင်ငံတကာ လူမှုကူညီထောက်ပံ့ရေး အဖွဲ့အစည်းများ ဖြစ်ကြသော WFP ၊ Unicef ၊ UNFPA ၊ UNHCR ၊ ACF ၊ BAJ ၊ MALTE SER ၊ NRC စသည့် အဖွဲ့အစည်းများသည် ယမန်နေ့ သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ မိနှစ် ၃၀ အချိန်က ထွက်ခွာသွားခဲ့ကြသည်။

အဆိုပါ နိုင်ငံတကာအဖွဲ့အစည်းများ အစုလိုက် ထွက်ခွာသွားမှုနှင့် ပတ်သက်၍ ၎င်းတို့အား မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။ သို့သော် သောကြာနေ့ မနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အသက်အန္တရာယ် လုံခြုံရေး အာမခံမှု လျော့ပါးကျဆင်းမှုကြောင့် အစိုးရဝန်ထမ်းများလည်း ရွှေ့ပြောင်းနေကြရသည်။

ဒေသခံ ရခိုင်လူထု၏အမြင်တွင် နိုင်ငံတကာအဖွဲ့အစည်းများသည် ဘင်္ဂလီများဘက်သို့ မျက်နှာပိုလိုက်သူများအဖြစ် မှတ်ယူထားကြကာ ၎င်းတို့ထွက်ခွာသွားမှုအတွက်လည်း အမျိုးသားရေးစိတ် ပြင်းထန်သူများ၏ ဆိုရှယ်မီဒီယာ စာမျက်နှာများပေါ်တွင် ဝမ်းသာကြောင်း ရေးသားနေခဲ့ကြသည်။

ယင်းအဖွဲ့အစည်းများ မထွက်ခွာမီ မိနှစ် ၃၀ အလိုကလည်း နိုင်ငံတော် အတိုင်ပင်ခံ ရုံးမှ ထုတ်ပြန်သော အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများနှင့် စပ်လျဉ်း၍ သတိပေးချက်တခုတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် ARSA က သြဂုတ်လ ၂၆ ရက်နေ့၌ တောင်ဘဇာကျေးရွာကို ပိတ်ဆို့ဝိုင်းထားစဉ် အချို့သော INGO ဝန်ထမ်းများ ပါဝင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေပြီး အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက် ရှိကြောင်း၊ အလားတူ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် မေယုတောင်ပေါ်၌ အကြမ်းဖက်သမားများ ခိုအောင်း စခန်းချရာ တဲများတွင်လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဖြန့်ဝေထားသော စွမ်းအားမြင့် ဘီစကစ်များ တွေ့ရှိခဲ့ ရကြောင်း ရေးသားထားသည်။

ရခိုင်ပြည်နယ်အတွင်း အခြေစိုက် လုပ်ဆောင်နေကြသော UNHCR ၊ WFP အပါအဝင် နိုင်ငံတာအဖွဲ့အစည်း ( INGOs ) များ အားလုံး သြဂုတ်လ ၂၇ ရက်နေ့တွင် အပြီးသတ် ထွက်ခွာပေးရန် စစ်တွေမြို့တွင် ဖွဲ့စည် ထားသော စည်းကမ်းထိန်းသိမ်းရေး နှင့်ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များနှင့် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြု ကော်မတီ တို့က ပြည်နယ် အစိုးရအဖွဲ့ထံ သြဂုတ်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရ ရုံးသို့ သွားရောက် တောင်းဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading