သတင်း

ရန်ကုန်တိုင်းရှိ SME လုပ်ငန်းများကို စမတ်ကတ် ထုတ်ပေးမည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီးရှိ အသေးစားနှင့် အလတ်စား(SME)လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် စမတ်ကတ်ထုတ်ပေးမည် ဖြစ်ကြောင်း သြဂုတ်လ ၂၈ ရက်နေ့ UMFCCI တွင် ပြုလုပ်သည့် နိုင်ငံတော် ဒုသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ နဝမအကြိမ်မြောက် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ၌ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “SME လုပ်သူတိုင်းရဲ့ လက်ထဲမှာ နည်းပညာနဲ့ စမတ်ကတ်တခု ထုတ်ပေးထားမှာ ဖြစ်ပါ တယ်။ ဒီကတ်မှာ လုပ်ငန်းရဲ့ ဒေတာအချက်အလက် အားလုံးရှိနေမှာဖြစ်တယ်။ ချေးငွေနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးလည်း ပါဝင်နိုင်ဖို့ ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီလိုလုပ်တာက အရပ်စကားနဲ့ ပြောရင် ဘယ်သူက သူဌေးဖြစ်လာနိုင်လဲ ဆိုတဲ့သူကို ဆွဲတင်ဖို့ ဖြစ်တယ်။ မဖြစ်နိုင်တဲ့ သူတွေကို ချေးငွေတွေပေးပြီး ကြိုးပမ်းပေးနေမယ်ဆိုရင် သူဟာ အလုပ်ဝန် ပိုပိပြီး ဒုက္ခ ရောက်သွားနိုင်စရာရှိပါတယ်။ ဒီအတွက် သေချာပေါက် အောင်မြင်မယ့် စီးပွားရေးလုပ်ငန်း SME တွေကို ဆွဲတင်ဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

စမတ်ကတ် ထုတ်ပေးရန် စာရင်းကောက်ယူရာတွင် ရန်ကုန်တိုင်း မြို့နယ် ၄၅ မြို့နယ်ရှိ တမြို့နယ်ချင်းစီ၌ အသေးစား၊ အလတ်စား အပြင် အိမ်သုံး စက်မှုလက်မှု လုပ်ငန်းများကိုလည်း စာရင်းပြုစုမည် ဖြစ်ကာ ယင်းလုပ်ငန်းများ၏ အကြောင်း ကို အသေးစိတ် သိရှိနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ကိုကိုးကျွန်းရှိ SME လုပ်ငန်းများ ဖြစ်သည့် အုန်းနှင့် ပတ် သက်သော လုပ်ငန်းများကိုလည်း ထည့်သွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ပြုလုပ်ခြင်းဖြင့် မည်သည့် အသေးစား၊ အလတ်စားလုပ်ငန်းများကို အကူအညီပေးနိုင်လျှင် ပို၍ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး SME လုပ်ငန်းများအတွက် ချေးငွေရယူရန် စာရွက်စာတမ်း၊ ထောက်ခံချက်များ ပြုလုပ်ပေးသည်မှစ၍ စီးပွား ရေး အစီအစဉ်များကိုလည်း တိုင်းအစိုးရက အသေးစိတ် အကြံပေးနိုင်သည် အထိ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

သို့ဖြစ်၍ မြို့နယ်တမြို့နယ်ချင်းစီ စာရင်းကောက်ခံပြီး ရန်ကုန်တိုင်းဒေသကြီး၏ မြို့တော်ဘဏ္ဍာငွေထဲမှ ပုံစံတခုအဖြစ် ချေးပေးနိုင်ရန် ပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားမှ ဝင်ရောက်လာသော ဈေးကွက်ကုန်ပစ္စည်းများကိုလည်း ပြည်တွင်းအသေးစားလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်ရန် ဝန်ကြီးဌာနများ ပေါင်းစပ် ထိန်းညှိ ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

UMFCCI အသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး SME နှင့် SMI ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက “SME က အခုမှာလည်း အခြေခံ စာရင်းဇယား ရှိပါတယ်။ ရန်ကုန်မှာ ရှိတဲ့ လုပ်ငန်းတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို အသေးစိတ် သိနိုင် ဖို့အတွက် မြို့နယ် ၄၅ မြို့နယ်လုံးမှာ ရှိတဲ့ လုပ်ငန်းတွေကို စာရင်းကောက်မယ်။ တလက်စတည်း စမတ်ကတ်ပါ ထုတ် ပေးမှာ ဖြစ်တယ် ” ဟု ပြောသည်။

စမတ်ကတ်ထုတ်ပေးခြင်းဖြင့် နောက်ပိုင်းတွင်း SME လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ပေးခြင်းတို့တွင်လည်း အဆင်ပြေလာမည်ဖြစ်ပြီး စာရင်းကောက်ယူမည့် အခြေအနေနှင့် ပတ်သက်ပြီး အချိန်ကာလကို ပြောကြားသွားခြင်း မရှိကြောင်း ၎င်းက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ် စိန်ရတနာ ဆရာခို ပလတ်စတစ်ဘူးလုပ်ငန်းမှ ဦးဟန်ရွှေက “တချို့ SME လုပ်ငန်းတွေက လုပ်ငန်း ထပ်မံတိုးချဲ့လိုတယ်။ ဒါပေမယ့် မြေနေရာအခက်အခဲ၊ ငွေကြေးအရင်းအနှီးနဲ့ လုပ်ငန်းလုပ်ကိုင်ဖို့ ပါဝါမီတာအခက်အခဲတွေ ရှိနေတယ်။ ဒါတွေကို အစိုးရက ကူညီပေးရင် အဆင်ပြေတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့တွင်SME လုပ်ငန်းစုစုပေါင်း ၈၀၀၀ ကျော် ရှိပြီး ယခုအချိန်ထိ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ထားမှု လုပ်ငန်းပေါင်း ၁သိန်း၂သောင်းကျော်ထဲတွင် ၉၈ရာခိုင်နှုန်းက SME လုပ်ငန်းများ ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန SME ဖွံ့ဖြိုးရေးဌာန စာရင်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading