သတင်း

မောင်တောကို လွတ်မြောက်နယ်မြေ ဖန်တီးရန် အကြမ်းဖက်တိုက်ခိုက်ခြင်းဟု တပ်မတော် ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသကို လွတ်မြောက်နယ်မြေအဖြစ် ဖန်တီးနိုင်ရေး မွတ်စလင် အားလုံးပါဝင်သည့် ဂျီဟတ် စစ်ပွဲ ဆင်နွဲ၍ “ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA)”က အဆင့် ၄ ဆင့်ဖြင့် အကြမ်းဖက် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း တပ်မတော် ခေါင်းဆောင်များက ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မ တော်၏ သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် နိုင်ငံတကာ စစ်သံမှူးတချို့နှင့် သီးသန့်ဖိတ်ကြားခြင်း ခံရသည့် မီဒီ ယာများကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အကြမ်းဖက်သူများသည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ မတိုင်မီကပင် ဂျီဟတ်စစ်ပွဲ ဆင်နွဲမည်ဟု ကြွေးကြော်ထားကြောင်း၊ ယင်းကြွေးကြော်သည့်အတိုင်း အဆင့် ၄ ဆင့် ဖြင့် ဆောင်ရွက်ရာ ပထမတွင် ဌာနဆိုင်ရာနှင့် ပတ်သက်သည့် ဘင်္ဂါလီများကို စတင် သတ်ခြင်း၊ ဒုတိယတွင် သြဇာမခံသည့် ဘင်္ဂါလီများကို သတ်ခြင်း၊ တတိယတွင် ဒေသခံ တိုင်းရင်းသားများကို ထွက်ပြေးစေခြင်းနှင့် နောက်ဆုံး အဆင့်တွင် လုံခြုံရေးစခန်းများကို တိုက်ခိုက်၍ လက်နက်များ ရယူခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ရဲ့အဓိက ရည်မှန်းချက်က အကြောက်တရားနဲ့ စည်းရုံးမယ်၊ အခြေခံ နယ်မြေ၊ အမာခံနယ်မြေတွေ တည်ဆောက်မယ်။ ပြီး ရင် ဒီဒေသတခုလုံးကို သူတို့ရဲ့လွတ်မြောက်နယ်မြေအဖြစ် ကြေညာဖို့ ဖြစ်ပါတယ်။ သူတို့အကြောက်တရားနဲ့ စည်းရုံးထားလို့ ဘူး သီးတောင်၊ မောင်တောဒေသ ဘင်္ဂါလီ ၅၀ ရာခိုင်နှုန်းကို စည်းရုံးထားနိုင်ပြီ။ စည်းရုံးထားမှုတွေမှာ နေရာတွေခွဲပြီး တအိမ် တ ယောက်နှုန်း ပါဝင်တိုက်ခိုက်တဲ့အထိ ပါဝင်ပါတယ်”ဟု တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်းက ပြောသည်။

လက်ရှိတွင် ဒေသခံတိုင်းရင်းသားသည် နေရပ် စွန့်ခွာသည့် အဆင့်သို့ ရောက်ရှိလာပြီး သမိုင်းတွင် မေ့ဖျောက်၍ မရနိုင်သည့် ဘင်္ဂါ လီများ၏ အကြမ်းဖက် သတ်ဖြတ်မှုများ၊ ဒေသခံများကို မောင်းထုတ်ပြီး နယ်မြေ သိမ်းပိုက်မှုလိုခြင်းသည် ယခုဖြစ်ပွားနေသည့် ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ၏ ပဋိပက္ခ အစပင် ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ဒုတိယ ဥက္ကဌလည်း ဖြစ်သူ ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောသည်။

၎င်းက “သူတို့ဟာ နယ်မြေ လိုချင်တယ်။ သီးခြားနယ်မြေ လိုချင်တယ် ဒီဘင်္ဂါလီတွေဟာ။ ဒါကြောင့်မို့ ရခိုင်လူမျိုးတွေကို မောင်း ထုတ်တယ်။ မောင်းထုတ်တဲ့အခါမှာ ပဋိပက္ခတွေ စတင်ဖြစ်ပွားတယ်။ ဘင်္ဂါလီတွေဟာ သူတို့နယ်မြေရဖို့အတွက် စစ်ရေး၊ နိုင်ငံရေး အရ လှုပ်ရှား တောင်းဆိုခဲ့တာ ဖြစ်ပါတယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ်လူဦးရေ၏ ၃၄ ရာခိုင်နှုန်းမှာ မွတ်စလင်များဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောဒေသတွင် ဗလီ ၁၂၇၂ လုံးရှိ၍ ဘာ သာရေးနှင့် ပတ်သက်ပြီး ပိတ်ပင်တားဆီးမှု မရှိကြောင်း၊ ဘူးသီးတောင်၊ မောင်တော ဖြစ်စဉ်သည် ဘာသာရေးကြောင့် မဟုတ်ဘဲ နိုင်ငံသား စိစစ်မှုကို လက်မခံနိုင်ခြင်းနှင့် နယ်မြေ ရလိုခြင်းကြောင့် ဖြစ်ကြောင်း တပ်မတော်က ပြောသည်။

ဘူးသီးတောင်၊ မောင်တောဒေသကို ၎င်းတို့၏ စည်းရုံးရေးနယ်မြေအဖြစ်မှ အခြေခံ အမာခံနယ်မြေအဖြစ် ကူးပြောင်းနိုင်ရေး အတွက် ယင်းဒေသက ရခိုင်လူမျိုးများ ပိုင်သည့် လုပ်ငန်းများ၊ အကျိုးတူ လုပ်ငန်းများကို ဘင်္ဂလီ အများစုက အစုတူ၊ အစပ်တူ လုပ်ကိုင်လာပြီး တဖက်တွင် အကြမ်းဖက်မှုများကြောင့် ရခိုင်များ ထွက်ပြေးသည့်အခါ ယင်းနေရာများကိုဘင်္ဂလီလူမျိုးများက ရယူမည့် အခြေအနေရှိကြောင်းလည်း ဆိုသည်။

ထိုသို့ ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေများနှင့် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို လွှတ်တော်များမှတဆင့် အဆိုများကို တပ်မတော်က တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း၊ ယခုအချိန်တွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားမှာ ပျက်ယွင်းကာ ၂ ဖက် လူ့အဖွဲ့အစည်းကြားတွင် အမုန်းတရားများမှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးမှ ဒုတိယ စစ်ဘက် အရာရှိချုပ် ဗိုလ်ချုပ် သန်းထွဋ်သိန်းက ပြောသည်။

“တပ်မတော်က နယ်မြေတည်ငြိမ် အေးချမ်းရေး ရရှိဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ သို့သော်လည်း အကြမ်းဖက် တိုက်ခိုက် မှု၊ မီးရှို့ဖျက်စီးမှု ဖြစ်စဉ်များ ယခုထက်ပိုမို ပြင်းထန်လာပါက မိမိနိုင်ငံရဲ့ အနောက်ဘက် လုံခြုံရေးတံခါး ကျိုးပေါက်သွားနိုင်တာ ကြောင့် အစွန်းရောက်ဘင်္ဂါလီများရဲ့ လွတ်မြောက်နယ်မြေ ဖြစ်သွားနိုင်တဲ့အတွက် နိုင်ငံတော် လုံခြုံရေး ဆောင်ရွက်မှုမှာ အဆင့် မြင့်ဆုံး ဖြစ်တဲ့ ကာ/လုံ အစည်းအဝေးကို ခေါ်ယူပြီး လိုအပ်သလို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် သိန်းထွဋ်သိန်းက ပြောသည်။

ရခိုင်မြောက်ပိုင်း ဖြစ်စဉ်များတွင် တပ်မတော်သည် အစိုးရနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီး တခုုခု လုပ်မည်ဆိုပါက အစိုး ရထံသို့ တင်ပြပြီး အဆုံးအဖြတ်ယူရကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးတို့သည် အစိုးရနှင့် တွေ့သည့်အခါ ရခိုင်ဖြစ်စဉ်များ ဖြစ်နေသည့် အနေအထား၊ ဖြစ်သင့်သည့် အနေအထားနှင့် တပ်မတော်က ဖြစ်ချင်သည့် အနေအထားများကို ဆွေးနွေးပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောသည်။

“ကာ/လုံသာ ခေါ်မိရင် တပ်မတော်က လုပ်ချင်တာ လုပ်မယ်ဆိုပြီးတော့ ထင်မြင်နေတာတွေ အများကြီး ရှိပါတယ်။ တကယ်တော့ ဘယ်လိုပဲ ဆွေးနွေး၊ ဆွေးနွေး နောက်ဆုံး အဆုံးအဖြတ်သည် သမ္မတ ဖြစ်ပါတယ်။ ဒီဟာသည် အစိုးရက ခေါ်တာလား၊ မခေါ်တာလားဆိုတာ အစိုးရရဲ့ အပိုင်း၊ ကာလုံခေါ်ခြင်း၊ မခေါ်ခြင်းကတော့ အစိုးရအပေါ်မှာပဲ မူတည်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင်လည်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) ခေါ်ခဲ့ကြောင်း၊ ခေါ်သည့် အခါ တိုင်းတွင်လည်း ဖြစ်နေသည့် အနေအထား၊ ဖြစ်သင့်သည် အနေအထားနှင့် ဖြစ်ချင်သည့် အနေအထား ၃ ခုကိုသာ ဆွေးနွေး ကြောင်း၊ နောက်ဆုံး အဆုံးအဖြတ်သည် သမ္မတဖြစ်ကြောင်း၊ သို့သော် အများအမြင်အရ ကာ/လုံ တွင် တပ်မတော်က ၆ မဲ၊ အရပ်ဘက် ၅ မဲဟု ထင်မြင်နေကြကြောင်း ဗိုလ်ချုပ်အောင်ရဲဝင်းက ရှင်းပြသည်။

ထို့ပြင် သြဂုတ်လ ၂၈ ရက်နေ့ကလည်း သမ္မတရုံးက ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)သို့ ရခိုင်ပြည်နယ် ကိစ္စရပ်များကို ဆောင် ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆက်လက် ပူးပေါင်းရန် ညွှန်ကြားသည့်စာ ပေးပို့ခဲ့ကြောင်း သိရသည်။

“အကြမ်းဖက်သူတွေက များစွာသော သာလွန်အင်အားနဲ့ အကြမ်းဖက်တိုက်ခိုက်နေတာ ဖြစ်လို့ ရဲတပ်ဖွဲ့အင်အားနဲ့ မထိန်းချုပ်နိုင် လို့ တပ်မတော်က ပါဝင် တိုက်ခိုက်နေရတာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် သန်းထွဋ်သိန်းက ပြောသည်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ တယ်လီဖုန်းဖြင့် ဆွေးနွေးညှိနှိုင်းရာတွင်လည်း တပ် အင်အား တိုးမြင့် သုံးစွဲရန်နှင့် တပ်မတော် ရဟတ်ယာဉ်များ သုံးစွဲခွင့်ပြုကြောင်းကို ညှိနှိုင်းခဲ့ပြီး ဖြစ်သလို ညှိနှိုင်းထားသည့် အတိုင်း ရဲနှင့် ပူးပေါင်းဆောင်ရွက်ရန် ထပ်မံ ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အစိုးရကို အကြမ်းဖက် တိုက်ခိုက်နေသည့် ARSA အဖွဲ့သည် ၂၀၁၇ ခုနှစ် မတ်လ ၂၉ရက်နေ့တွင် နိုင်ငံတော်အစိုးရအဖွဲ့ဆီသို့ တောင်းဆိုချက် ၂၀ ပါဝင်သည့် စာတစောင်ပေးပို့ခဲ့ကြောင်း၊ ယင်းအဖွဲ့သည် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ပြည်သူများ စိတ်အေးချမ်းသာစွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေသည့် နိုင်ငံတော်၏ လုပ် ဆောင်မှုများကို မျက်ကွယ်ပြုပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန် လျှို့ဝှက် ကြံစည်ခဲ့ကြောင်း တပ်မတော် ခေါင်းဆောင်များက ပြောသည်။

ဧရာဝတီ သတင်းထောက် ထွန်းထွန်း ပူးပေါင်း ပါဝင်ရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading