သတင်း

အကြမ်းဖက်လှုပ်ရှားမှုများ ဖော်ထုတ် အရေးယူရေးအဆို လွှတ်တော်အတည်ပြု

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ မောင်တော ဒေသအတွင်း အကြမ်းဖက်လှုပ်ရှာမှုများအား အကြမ်းဖက်ဥပဒေဖြင့် အရေးယူရန်နှင့် အကြမ်းဖက် ခြိမ်းခြောက်မှုကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် တိုင်းရင်းသားကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေး ဆောင်ရွက်ပေးရန် အစိုးရအားတိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော် က တည်ပြုလိုက်ပြီဖြစ်သည်။

ထိုအဆိုကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် က တင်သွင်း ခဲ့ခြင်း ဖြစ်ပြီး မဲပေးခွင့်ရှိသူ ၁၉၇ ဦးအနက် ထောက်ခံ ၁၈၇ မဲ၊ ကန့်ကွက် ၁ မဲ၊ ကြားနေ ၃ မဲတို့ဖြင့် သြဂုတ်လ ၃၀ ရက် နေ့က အတည်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုရှင် ဦးခင်မောင်လတ် က “အဆိုကို စောစောစီးစီးဆွေးနွေးပြီး လုပ်သင့်တာပါ၊ အခုနောက်ကျသွားလို့ စိတ်မကောင်းဘူး၊ ဆွေးနွေးတဲ့ကြားမှာပဲ အကြမ်းဖက်မှုက ထပ်ဖြစ်လာတယ်လေ” ဟု ပြောသည်။

ယင်းအဆိုအား အတည်ပြုလိုက်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုပ်ပိုင်ခွင့်ပိုမိုရရှိနိုင်မည် ဖြစ်ပြီး ဒေသတွင်း ပြန်လည် ထူထောင်ရေးနှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် ခြံစည်းရိုးကာရံခြင်းများ၊ ရဲကင်းများဆောက်လုပ်ခြင်း များကိုလည်း ဘက်ဂျက်များ တိုးမြှင့်သုံးစွဲခွင့် ရရှိလာမည်ကြောင်း အဆိုရှင် ဦးခင်မောင်လတ်က ပြောသည်။

မောင်တောဒေသတွင်း အကြမ်းဖက်မှုများကြောင့် လုံခြုံရေးအခြေအနေ တိုးမြှင့်ဆောင်ရွက်ပေးရန် ပြည်သူ့ လွှတ်တော်တွင် ရသေ့တောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှ အကြမ်းဖက်မှု မတိုင်မီ ရက်ပိုင်းအလိုတွင် အဆိုတင် ဆွေးနွေးခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေမှ အဆိုကိုမှတ်တမ်းအဖြစ်သာထားရှိရန် ဆွေးနွေးခဲ့ပြီး မဲခွဲရာတွင် ကန့်ကွက်မဲများသည့်အတွက် အဆိုကို အတည်မပြုနိုင်ခဲ့ပေ။

ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “ဖြစ်စဉ်အရခြုံကြည့်ရင် သဘောသဘာဝချင်းတူညီတယ် ထင်ရပေမယ့် တကယ့်အဆိုရဲ့ အဓိကအကြောင်းအရင်းတွေ ကွာခြားချက်ရှိပါတယ်၊ ဒီအဆိုကတော့ လက်ရှိ အစိုးရရဲ့ လုပ်ဆောင်ချက် တွေနဲ့ တထပ်တည်းဖြစ်တဲ့အတွက် အဆိုကိုအတည်ပြုပေးဖို့ ထောက်ခံတင်ပြခဲ့ တာဖြစ်ပါတယ်”ဟု ပြောသည်။

မောင်တောဒေသတွင် ရဲကင်းစခန်း ၃၀ မှာ သြဂုတ်လ ၂၅ ရက်နေ့နံနက် အစောပိုင်းက စတင်ကာ အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးခဲ့ရပြီး အကြမ်းဖက်သမား ၇၇ ဦးကို အသေ ဖမ်းမိခဲ့ကာ အကြမ်းဖက် အဖွဲ့တွင် ပါဝင်သူ၊ ထောက်ပံ့သူ၊ အားပေးသူအားလုံးကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ယင်းနေ့တွင်ပင် အစိုရက ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုများကို ရှုတ်ချကြောင်းနှင့် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ဦးလှဌေးဝင်းတို့က အရေးကြီးအဆိုတင်သွင်းရန် ကြိုးပမ်ခဲ့သော်လည်း တင်သွင်းခွင့် မရခဲ့ပေ။

အကြမ်းဖက်တိုက်ခိုက်မှု နောက်ဆက်တွဲအဖြစ် ဒေသခံတိုင်းရင်းသားများ နေ့ရပ်စွန့်ခွာတိမ်းရှောင်ရမှုများရှိ နေပြီး အစိုးရမှ ဒေသခံများလုံခြုံရေနှင့် အကြမ်းဖက်သမားများ ရှင်းလင်းရေးကို တပ်မတော်နှင့် ပူးပေါင်းကာ အင်းအားတိုးမြှင့် ဆောင်ရွက်လျှက် ရှိသော်လည်း ကျေးရွာအချို့တွင် အကြမ်းဖက်မီးရှို့များ၊ လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှုများမှာ ရှိနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က “အကြမ်းဖက် အုပ်စုကို အမြစ်ပါမကျန် လုံးဝချုပ်ငြိမ်းသွားအောင် ရှင်းလင်း သုတ်သင်ဖယ်ရှား ပေးရမှာဖြစ်ပါတယ်။ ခိုင်မာစွာခြေကုတ်မယူနိုင်ခင် အမြန်ရှင်းလင်းရမှာဖြစ်ပါတယ်”ဟု လွှတ်တော်တွင်ပြောသည်။

မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုများအတွင် နိုင်ငံတကာ NGO အဖွဲ့အစည်း ဝန်ထမ်းအချို့ ပါဝင် နေကြောင်း သတင်းရရှိထားပြီး ၎င်းတို့ ထောက်ပံ့ပစ္စည်းများ အသုံးပြုထားသည့် လက်လုပ်မိုင်းများဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများလည်းရှိနေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က သြဂုတ် ၂၉ ရက် နေ့က ရန်ကုန်မြို့တွင်ပြုလုပ်သည့် နိုင်ငံတကာ စစ်သံမှူးများနှင့် တွေ့ဆုံရာတွင် ပြောသည်။

ဗိုလ်ချုပ်အောင်စိုးက “မနေ့က နောက်ဆုံးရှင်းလင်းတဲ့ နေရာအထိ နိုင်ငံတကာအဖွ့ဲအစည်းတွေက ထောက်ပံ့ ထားတဲ့ အစား အသောက်တွေနဲ့ ပတ်သက်လို့ သမာရိုးကျ အစားအစာတွေ မဟုတ်ပါဘူး။ ဒါတွေက ရေရှည်အတွက် ထုတ်ထားတဲ့ အစား အသောက်တွေ ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ထုတ်ပိုးမှုပုံစံ စနစ်တကျနဲ့ တွေ့ရှိရတဲ့အတွက် အတူတူ ပါဝင် ပတ်သက်မှုတွေ ရှိနိုင်တယ်လို့ ဆက်စပ်ပြီးဖော်ထုတ်ထား တာဖြစ်ပါတယ်”ဟု ပြောသည်။

နိုင်ငံတကာမှ ထောက်ပံ့ထားသည့်ပစ္စည်းများ အကြမ်းဖက်သူများ၏ စခန်းများအတွင်းတွေ့ရှိမှုနှင့် ပတ် သက်၍ စုံစမ်း စစ်ဆေးလျှက်ရှိပြီး နိုင်ငံတကာဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading