• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်အကြမ်းဖက်မှုမှ ARSA အစွန်းရောက်အကြမ်းဖက်သမား ၃၇၀ ကျော် အသေဖမ်းမိ

by ချစ်မင်းထွန်း
1 September 2017
in သတင်း
A A
မောင်တောမြို့ပေါ်တွင်လုံခြုံရေး ယူနေသည့် တပ်မတော်သားများ / မိုးမြင့် / ဧရာဝတီ

မောင်တောမြို့ပေါ်တွင်လုံခြုံရေး ယူနေသည့် တပ်မတော်သားများ / မိုးမြင့် / ဧရာဝတီ

23.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်တွင် “ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ”၏ တိုက်ခိုက်မှုကြောင့် သြဂုတ် ၂၅ ရက်မှ ၃၀ ရက်ထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA တို့အကြား ထိတွေ့တိုက်ပွဲ ၉၀ ကြိမ်ဖြစ်ပွားပြီး ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား အလောင်း ၃၇၀ လောင်း၊ ၉ ဦးကို အရှင်ဖမ်းမိထားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သြဂုတ် ၃၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ပွိုင့် ၂၂ သေနတ်အပါအဝင် လက်နက်ငယ် ၈ လက်၊ ကျည်မျိုးစုံ ၇၉ တောင့်၊ မိုင်း ၂၃ လုံး၊ ဓား ၆၁ ချောင်း၊ ဂျင်ကလိ ၁၂၃ ချောင်း၊ ဆက်သွယ်ရေးစက် ၄ လုံး၊ လှံ ၁၅ ချောင်း၊ ယမ်းထုပ် ၂၇ ထုတ်နှင့် ဝါယာကြိုးခွေများ၊ ပြောက်ကျားယူနီဖောင်းများ၊ WFP တံဆိပ်ပါ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးပစ္စည်းမျိုးစုံတို့ကို သိမ်း ဆည်းရမိခဲ့သည်ဟု ဆိုထားသည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
837
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
48
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2k

တိုက်ပွဲများကြောင့် ဒေသခံ တိုင်းရင်းသား ၁ သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

တပ်မတော်မှ စစ်သည် ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦးတို့ အသက်စွန့်ခဲ့ရကြောင်း၊ စစ်သည် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ စစ်သည် ၁ ဦး ပျောက်ဆုံးနေကြောင်း၊ ဟိန္ဒူဘာသာဝင် ၇ ဦး၊ ဒိုင်းနက်တိုင်းရင်းသား ၃ ဦး၊ ရခိုင်တိုင်းရင်းသား ၄ ဦး စုစုပေါင်း အပြစ်မဲ့ တိုင်းရင်းသားပြည်သူ ၁၄ ဦးသေဆုံးခဲ့ပြီး ဒိုင်းနက်တိုင်းရင်းသား ၂ ဦး ဒဏ်ရာရရှိခဲ့ကာ ၂ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ARSA ဘင်္ဂါလီအကြမ်းဖက်သမားများသည် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှ စတင်ကာ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ရသေ့တောင် မြို့နယ် ၃ မြို့နယ်ရှိ ရဲကင်း ၃၀ ကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယနေ့ စက်တင်ဘာ ၁ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ကာ လုံခြုံရေး ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထို့နောက် ARSA အဖွဲ့သည် ရွေ့ပြောင်းသွားသည့် ဒေသခံ တိုင်းရင်းသားများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီး ခြင်းကြောင့် မောင်တောမြို့နယ်အတွင်း၌ တိုင်းရင်းသားကျေးရွာ ၃ ရွာရှိ အိမ်ခြေ ၁၃၈ လုံး မီးလောင်းဆုံးရှုံးခဲ့ပြီး ကိုးတန်ကောက်၊ မြင်းလွတ်နှင့် ကျီးကန်ပြင်ကျေးရွာများ အပါအဝင် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့ တောင်မြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း ၃၂ ရွာနှင့် မောင်မြို့ရှိ ရပ်ကွက် ၂ ခုတို့ကို ၎င်းတို့ကိုယ်တိုင် မီးရှို့ ဖျက်ဆီးခဲ့ကြသဖြင့် အိမ်ခြေပေါင်း ၂၆၂၅ လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသည်။

အဆိုပါဘင်္ဂါလီအကြမ်းဖက်သမားများသည် ၂၀၁၆ ခုနှစ်၊အောက်တိုဘာလအတွင်း ဒါးကြီးဇား၊ ဝါးပိတ်နှင့် ပြောင်ပိုက်ကျေးရွာတို့ရှိ ၎င်းတို့၏ နေအိမ်များအား ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်ဟုလည်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။

Your Thoughts …
Tags: ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် မြင်ကွင်း / ဆလိုင်းသန့်စင် / ဧရာဝတီ

ပုသိမ်တက္ကသိုလ် ဆိုင်ကယ်ရပ်နားနေရာများ အမြန်ဆုံးတည်ဆောက်ရန် လွှတ်တော်တွင်တင်ပြ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.6k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

2 days ago
3.8k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate