• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

DJY ခြေအိတ်စက်ရုံမှ အလုပ်သမားများ ညှိနှိုင်းမှု မရမချင်း ထိုင်သပိတ် ပြုလုပ်မည်ဟု ဆို

by သဇင်လှိုင်
5 September 2017
in သတင်း
A A
DJY ခြေအိတ်စက်ရုံမှ အလုပ်ထုတ်ခံရသည့်အလုပ်သမားများ အလုပ်ပြန်လည်ရရှိရန် ဆန္ဒပြနေပုံ / WE Generation Network

DJY ခြေအိတ်စက်ရုံမှ အလုပ်ထုတ်ခံရသည့်အလုပ်သမားများ အလုပ်ပြန်လည်ရရှိရန် ဆန္ဒပြနေပုံ / WE Generation Network

11.4k
VIEWS
Share on FacebookShare on Twitter

လှိုင်သာယာမြို့နယ် စက်မှုဇုန်နယ်မြေရှိ DJY ခြေအိတ်စက်ရုံတွင် အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမားအချို့သည် အလုပ်ရှင် အလုပ်သမားညှိနှိုင်းမှု ပြုလုပ်ရာတွင် ပြေလည်မှု မရရှိသဖြင့် အဆိုပါစက်ရုံရှေ့တွင် စက်တင်ဘာ ၄ ရက်နေ့ မှ စတင်ကာ ထိုင်သပိတ်ပြုလုပ်နေကြောင်း သိရသည်။

တရုတ်- မြန်မာ ဖက်စပ်လုပ်ကိုင်နေသည့် DIY စက်ရုံမှ အခြေခံ အလုပ်သမားသမဂ္ဂအဖွဲ့ ခေါင်းဆောင်ကို အကြောင်း ပြချက် မရှိဘဲ သြဂုတ် ၇ ရက်က အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ဆန္ဒပြ တောင်းဆိုသည့် အလုပ်သမား ၂၂၈ ဦးကိုလည်း ခွင့်မဲ့ ပျက်ကွက်သည်ဟုဆိုကာ သြဂုတ် ၂၂ ရက်တွင် အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

RelatedPosts

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

24 May 2025
209
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
266
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
429

အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းမှုကို စက်တင်ဘာ ၄ ရက်နေ့တွင် တတိယအကြိမ်မြောက် ဆွေးနွေးခဲ့ကြပြီး ပြေလည်မှု မရရှိခဲ့သဖြင့် ထိုင်သပိတ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အခြေခံအလုပ်သမား သမဂ္ဂခေါင်းဆောင်ကို အကြောင်းပြချက်မဲ့ အလုပ်ထုတ်လိုက်ပြီးနောက် စက်ရုံအလုပ်သမား ရာချီ အား အလုပ်မှ ထုတ်ပယ်ခဲ့သည့်အပေါ် ပြန်လည်ခန့်အပ်ရန်နှင့် အလုပ်မှ ထုတ်ပယ်မည်ဆိုပါက ကြားကာလ နစ်နာကြေး များနှင့် ဥပဒေပါ လျော်ကြေးများအတိုင်း ပေးဆောင်ရန် အလုပ်သမားများက တောင်းဆိုခဲ့ကြောင်း အလုပ်ထုတ်ခံရသည့် အလုပ်သမား သမဂ္ဂခေါင်းဆောင် ကိုစိုးသူရကိုက ဧရာဝတီသို့ ပြောသည်။

ကိုစိုးသူရကိုက “လုပ်ငန်းရှင်က ကြားကာလနစ်နာကြေးနဲ့ လျော်ကြေးပေးပါဆိုတော့လည်း သူ့ဘက်က အလုပ်မထုတ်ဘူး၊ ခုံသမာဓိ ဆက်တက်မယ်။ အလုပ်ပြန်ခန့်ရေးကျတော့လည်း ပြန်မခန့်ဘူး။ အသစ်အတိုင်း ဝင်မယ်ဆိုရင်လည်း ခန့်ချင် ခန့်မယ် မခန့်ချင်မခန့်ဘူး။ ၃ကြိမ်၃ခါ ညှိနှိုင်းပေမယ့် အလုပ်ရှင်က အလုပ်သမားတွေကို အသိအမှတ်မပြုဘူး။ ဒါကြောင့် ထိုင်သပိတ် လုပ်ရတာပါ” ဟု ပြောသည်။

DJY စက်ရုံ အလုပ်သမားများက အလုပ်ရှင်သည် တည်ဆဲအလုပ်သမား ဥပဒေများကို မလိုက်နာခြင်း၊ အလုပ်သမား အဖွဲ့ အစည်း ဖွဲ့စည်းမည့် လုပ်ငန်းစဉ် ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ ILO ကွန်ဗင်းရှင်း အချက် ၈၇၊ ၉၈ တို့ကို လေးစား လိုက်နာမှု မရှိခြင်းတို့အပေါ် သြဂုတ် ၇ ရက် ကတည်းကပင် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့တွင် တရားဝင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားအရေး လိုက်လံ ဆောင်ရွက်ပေး နေသည့် ကိုအောင်စိုးမင်းက “အလုပ်သမားတွေ အဓိက တောင်းတာ ကတော့ အလုပ်ပြန်လည်ရရှိရေးပေါ့။ ဒါကို ကျတော့လည်း အလုပ်ရှင်က ပြန်လျှောက်။ သူတို့ ကြိုက်တဲ့သူကို သူတို့ ပြန်ခန့်မယ်၊ ခန့်ဖို့ဆိုတာလည်း သူတို့ကြိုက်တဲ့သူကိုမှ ခန့်မယ် မကြိုက်ရင် မခန့်ဘူး။ တကယ်လို့ ခန့်မယ်ဆိုရင်လည်း အသစ်ကပြန်စရမယ်။ ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကိုသူတို့က အပိတ်ငြင်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါစက်ရုံတွင် အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းကို ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ဖွဲ့စည်းကာ တရားဝင်မှတ်ပုံတင်ရန် လုပ်ဆာင်နေဆဲတွင် အလုပ်သမားသမဂ္ဂခေါင်းဆောင်ကို အလုပ်မှ ထုတ်ပယ်ပစ်ရာမှ ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

ယခု ထိုစက်ရုံရှေ့တွင် ပြုလုပ်လျက်ရှိသည့် ထိုင်သပိတ်ကို ညှိနှိုင်းမှု မပြေလည်မချင်း ပြုလုပ်မည်ဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမားများထံမှ သိရသည်။

Your Thoughts …
Tags: DJY ခြေအိတ်စက်ရုံ
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ဆန္ဒပြ တောင်းဆိုနေသည့် DJY ခြေအိတ်စက်ရုံ အလုပ်သမားများ / WE generation Network

DJY ခြေအိတ်စက်ရုံမှ အလုပ်ထုတ်ခံရသူများ ညှိနှိုင်းမှု မပြေလည်သေး

by သဇင်လှိုင်
9 September 2017
6.3k

လုပ်ငန်းရှင်ဘက်က ယင်းတောင်းဆိုချက်ကို မပေးနိုင်ဆိုသည့် ငြင်းဆန်မှုအဖြေကို ရရှိခဲ့သဖြင့် စက်တင် ဘာ ၄ ရက်နေ့က စတင်ပြုလုပ်ခဲ့သည့် ထိုင်သပိတ်ကို စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းတွင် ဖျက်သိမ်းလိုက်ကာ ခုံ သမာဓိအဖွဲ့သို့ တက်မည်ဖြစ်ကြောင်း

ဆန္ဒပြတောင်းဆိုနေသည့် DJY ခြေအိတ်စက်ရုံ အလုပ်သမားများ  / WE generation Network

DJY စက်ရုံ အလုပ်သမားသမဂ္ဂခေါင်းဆောင်ကို အလုပ်ထုတ်သဖြင့် အလုပ်သမား ရာချီဆန္ဒပြ

by သဇင်လှိုင်
1 September 2017
89.9k

အလုပ်ထုတ်ရတဲ့အကြောင်းရင်းကို သူတို့ဘက်က ခိုင်လုံမှု မရှိတော့ အလုပ်သမားအဖွဲ့အစည်းကို တမင်ရည်ရွက်ချက်ရှိရှိ ပျက်စီးအောင် ဖျက်ဆီးသလိုဖြစ်နေတယ်။

Next Post
ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း ဘေဂျင်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့စဉ်  / Reuters

တရုတ်က မြန်မာကို ဘာကြောင့် ထောက်ခံ ရပ်တည်ပေးတာလဲ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
4k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

23 hours ago
3.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate