သတင်း

ရခိုင်အရေး လူတိုင်းကို အကာအကွယ်ပေးနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

Want create site? Find Free WordPress Themes and plugins.

အစိုးရသည် ပဋိပက္ခဖြစ်ပွားနေသော ရခိုင်ပြည်နယ်မှ လူတိုင်းကို အကာအကွယ်ပေးရန် အကောင်းဆုံး လုပ်ဆောင်နေသည် ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

“ကျမတို့နိုင်ငံသားတွေကို ကျမတို့ကာကွယ်စောင့်ရှောက်နေတယ်။ နိုင်ငံသားဟုတ်ဟုတ် မဟုတ်ဟုတ် ဒီနိုင်ငံထဲမှာ ရှိတဲ့လူတိုင်းကိုစောင့်ရှောက်နေတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က Reuters TV ၏ Indian Partner ဖြစ်တဲ့ Asian News International ကို ပြောသည်။

“ကျမတို့မှာ ရှိတဲ့ ရင်းမြစ်တွေက ကျမတို့ ဖြစ်စေချင် သလောက်တော့ ပြည့်စုံလုံလောက်ခြင်း မရှိဘူး။ ဒါပေမယ့် လူတိုင်း လူတိုင်းဥပဒေရဲ့ အကာအကွယ် ခံစားခွင့် ရအောင် အကောင်းဆုံး လုပ်ဆောင်နေတယ်” ဟုလည်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ရန်ကုန်သို့ လာရောက်လည်ပတ်စဉ် ပြောသည်။

ရခိုင်ပြည်နယ်မှ ပြဿနာကို အိန္ဒိယ၏ ကက်ရှ်မီးယားပြဿနာနှင့် နှိုင်းယှဉ်ကာ ပြဿနာ နှစ်ခု တူညီသည် ဟုလည်း ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

“ကျမတို့ဟာ အိန္ဒိယရဲ့ ကက်ရှ်မီးယားနဲ့ တူတဲ့ ပြဿနာကိုပဲ ရင်ဆိုင်နေရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

“ကျမတို့ဟာ အပြစ်မဲ့တဲ့ နိုင်ငံသားတွေကို စောင့်ရှောက်နေတယ်။ ကျမတို့မှာ ရင်းမြစ် မလုံလောက်ပေမယ့် အကောင်းဆုံး ကြိုးစားပြီး လူတိုင်း လူတိုင်းဥပဒေရဲ့ အကာအကွယ်ခံစားခွင့် ရအောင် လုပ်နေတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

အစိုးရ ရင်ဆိုင်နေရသော အခက်အခဲများကို ရှင်းပြရင်း ဒေါ်အောင်ဆန်းစုကြည် က “အကြမ်းဖက်သမားနဲ့ အပြစ်မဲ့ ပြည်သူကို ဘယ်လို ခွဲခြားမလဲ ဆိုတာ ကျမတို့ စဉ်းစားရတယ်။ အကြမ်းဖက်သမားနဲ့ အပြစ်မဲ့ ပြည်သူ၊ အကြမ်းဖက်မှုမှာ လုံး၀ မပါတဲ့သူ ခွဲခြားတဲ့ ပြဿနာ ရင်ဆိုင်နေရတဲ့ မွတ်ဆလင် အသိုင်းအဝန်း ကြီးကြီးမားမား ရှိတဲ့ ကက်ရှ်မီးယားလို နေရာမှာ အိန္ဒိယ နိုင်ငံက ကျွမ်းကျင်နေပြီ” ဟုလည်း ပြောသည်။

ရခိုင်ပြည်နယ်မှ ပြဿနာသည် ကိုလိုနီခေတ် မတိုင်မီကပင် စတင်ခဲ့သော အကြီးမာဆုံး စိန်ခေါ်မှုများ အနက် တခု ဖြစ်သောကြောင့် ဖြေရှင်းရန် အချိန်ယူရမည် ဟုလည်း သူက ပြောသည်။

“ပြဿနာဟာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခုပဲ။ ဘာကြောင့်လဲ ဆိုတော့ ရခိုင်ပြည်နယ် အခြေအနေက ခက်ခဲနေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီ။ ပြောရရင် ကိုလိုနီခေတ် မတိုင်မီကကို စခဲ့တာ” ဟု ဒေါ်အောင်ဆန်းစုကြည် က ANI သို့ ပြောသည်။

“ကျမတို့အစိုးရ တက်လာတာက သိတဲ့ အတိုင်းပဲ။ ၁၈ လပဲ ရှိသေးတယ်။ ဒါကို ၁၈ လ အတွင်းဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တာ သိပ်ပြီး ကျိုးကြောင်းဆီလျော်မှု မရှိဘူး” ဟု သူက ပြောသည်။

“ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှုနဲ့ သဟဇာတဖြစ်မှု ဖန်တီးပေးနိုင်အောင်လို့ ကျမတို့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ပေးတဲ့ အကြံပြုချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နေပါတယ်။ ကျမတို့ရဲ့ အကြံပြုချက် ကလည်း သဟဇာတ ဖြစ်ရေးပဲမို့ ဒါကို အမြန်ဆုံး ကိုင်တွယ်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ရခိုင်ပြည်နယ်မှာ ဗုဒ္ဓ ဘာသာတွေနဲ့ ရခိုင်တွေကြားက အကြမ်းဖက်မှုကို ရင်ဆိုင်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူမှုတရားမျှတမှု တို့ကို အကြံပြုပါတယ်” ဟုလည်း ဆက်လက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခအကြောင်း သတင်းမှားများ အကြီးအကျယ် ပျံ့နှံ့နေခြင်း အတွက် အကြမ်းဖက် သမားများကို အပြစ်တင်သော်လည်း ထွက်ပြေးသွားသော မွတ်ဆလင်များ အကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ကုလသမဂ္ဂ၏ နောက်ဆုံး ခန့်မှန်းချက် အရ ထိုဒေသမှ ထွက်ပြေးလာသူ အရေအတွက်မှာ ယမန်နေ့က ၁၄၆၀၀၀ ရှိရာမှ ယနေ့တွင် ၁၆၄၀၀၀ အထိ မြင့်တက်သွားသည်။

သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်း စုစုပေါင်း ထွက်ပြေးလာသူ အရေအတွက်သည် ၃၀၀၀၀၀ အထိ ရှိနိုင်သည် ဘင်္ဂလားဒေ့ရှ်ရှိ ကုလသမဂ္ဂ အရာရှိများက ခန့်မှန်းထားကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ ပြောခွင့်ရသူ Dipayan Bhattacharyya က ပြောသည်။

ဖျားနာ ဒဏ်ရာရနေသည့် ဒုက္ခသည်များ များပြားလာခြင်း၊ အကူအညီပေးရေး လုပ်ငန်းများ၏ ရင်းမြစ်များကို ကုန်ခန်းစေပြီး ယခင် အကြမ်းဖက်မှုများကြောင့် ရောက်ရှိလာသော သောင်းနှင့် ချီသည့် အသိုင်းအဝန်းများအတွက်လည်း အခက်အခဲ ဖြစ်စေသည်။ အများအပြားသည် အမိုးအကာ မရှိဘဲ အကူအညီပေးရေး လုပ်ငန်းများက သန့်ရှင်းသောရေနှင့် အစားအသောက်များ ရရှိရန် အလျင်အမြန် ဆောင်ရွက်ပေးနေရသည်။

ဒုက္ခသည် အများအပြားသည် ၂ နိုင်ငံ နယ်နမိတ်ကြားတွင် သောင်တင်နေဆဲ ဖြစ်သည်ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ၏ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading