• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးဝီရသူ ပါသည့် ဘားအံဟောပြောပွဲ စီစဉ်သူများအား တရားစွဲရန် လုပ်ဆောင်နေဟုဆို

by ဟင်္သာနီ (မွန်မြေ)
11 September 2017
in သတင်း
A A
ကရင်ပြည်နယ် တောင်ကလေး နှစ်သစ်ကူးကွင်း၌ ပြုလုပ်ခဲ့သည့် ရခိုင်အရေးဆိုင်ရာ အထူးဟောပြောပွဲ / ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း-ဗဟို

ကရင်ပြည်နယ် တောင်ကလေး နှစ်သစ်ကူးကွင်း၌ ပြုလုပ်ခဲ့သည့် ရခိုင်အရေးဆိုင်ရာ အထူးဟောပြောပွဲ / ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း-ဗဟို

44.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဘားအံမြို့ တောင်ကလေး နှစ်သစ်ကူးကွင်း၌ ပြုလုပ် ခဲ့သော ဦးဝီရသူပါဝင်သည့် အထူးဟောပြောပွဲကို ခွင့်ပြုချက်ရယူထားခြင်း မရှိဘဲ ပြုလုပ်ခဲ့သည့်အပေါ် ပွဲစီစဉ်သူများအား တရားစွဲဆိုနိုင်ရေး လုပ်ဆောင်နေကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် သာသနာရေးနှင့် မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းက စက်တင်ဘာ ၁၁ ရက်နေ့တွင် ဧရာဝတီသို့ ပြောသည်။

ဦးမင်းတင်ဝင်းက “မြို့နယ်အုပ်ချုပ်ရေးမှူးကို စာတင်ထားတယ်၊ လိုအပ်တဲ့ အချက်အလက်တွေ တော်တော်များများ ရှိလို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်မပြုထားပါဘူးတဲ့၊ မနေ့တုန်းက (စက်တင်ဘာ ၁၀ ရက်) မြို့နယ် အုပ်ချုပ်ရေးမှူးကို ပြော တော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒါနဲ့ ပတ်သက်လို့ ပွဲကျင်းပတဲ့ သူကို တရားစွဲဆိုနိုင်ဖို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ကို တင်ထားပါတယ် ဆိုပြီး အကြောင်းပြန်ထားတယ်” ဟု ပြောသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
47
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
41
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
525

စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဘားအံမြို့ တောင်ကလေး နှစ်သစ်ကူးကွင်း၌ ပြုလုပ်ခဲ့သည့် အဆိုပါ အထူးဟောပြော ပွဲသို့ ပရိသတ်ပေါင်း ၄ သောင်းခန့် တက်ရောက်ခဲ့သည်ဟု ကရင်ပြည်နယ် အမျိုးဘာသာ ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ရေး ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထိုပွဲသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ဘင်္ဂါလီများ၏ အကြမ်းဖက် တိုက်ခိုက်မှုအပေါ် ကန့်ကွက် ရှုတ်ချခြင်း၊ အမျိုးဘာသာ၊ သာသနာ ဖိနှိပ်ချုပ်ချယ်ခြင်းများ ရပ်တန့်စေရေးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ သွေးစည်း ညီညွတ်ရေးအတွက် ရည်ရွယ်၍ အဆိုပါ အထူးဟောပြောပွဲ ပြုလုပ်ရခြင်း ဖြစ်ကာ လုပ်ထုံးလုပ်နည်းနှင့် အညီ ခွင့်ပြုချက် တင်ထားပြီး အာဏာပိုင်များက လုပ်ခွင့်မပေးကြောင်း တိတိကျကျ ပြောဆိုထားခြင်း မရှိဟု ကရင်ပြည်နယ် မဘသ အဖွဲ့၏ သတင်းထုတ်ပြန်ရေး ပြောရေးဆိုခွင့် ရှိသူ အရှင်ဂမ္ဘီသာရက မိန့်သည်။

“ခွင့်ပြုချက်တင်တဲ့ ဒကာတွေက သူတို့ကို ရှင်းရှင်းလင်းမေးတယ်၊ ခွင့်ပြုတာလား၊ ခွင့်မပြုဘူးလား ဒါပဲ မေးတယ်၊ သူတို့က ခွင့်မပြုတာ မဟုတ်ပါဘူး သူတို့ မနှစ်သက်တာပါတဲ့ ၊ သူတို့ အကြောင်းပြတာတော့ လုံခြုံရေးတို့၊ H1N1 ဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မလုပ်သင့်တဲ့ ဆန္ဒတော့ရှိတယ်၊ ခွင့်မပြုဘူးလို့လည်း သူတို့ မပြောဘူးလေ၊ ခွင့်မပြုဘူး ဆိုရင်လည်း မလုပ် ဘူးပေါ့၊ တားမြစ်တယ်ဆိုတဲ့ အနေအထားတွေ မရှိတော့ ဦးပဉ္စင်းတို့က လုပ်တာပဲ” ဟု အရှင်ဂမ္ဘီသာရက ဧရာဝတီသို့ စက်တင်ဘာ ၁၁ ရက်နေ့၌ မိန့်ကြားခဲ့သည်။

ထို့ပြင် အဆိုပါ သက်ဆိုင်ရာ အာဏာပိုင်များ၏ တရားစွဲဆိုနိုင်ရေးအတွက် လုပ်ဆောင်နေသည်နှင့် ပတ်သက်၍ စက်တင် ဘာလ ၁၁ ရက်နေ့ နံနက်အထိ ပွဲစီစဉ်သူများထံသို့ အကြောင်းကြားလာသေးခြင်း တစုံတရာ မရှိသေးကြောင်းလည်း ၎င်း က ဆက်ပြောသည်။

အဆိုပါ အထူးဟောပြောပွဲသို့ ၂၀၁၇ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ စ၍ တနိုင်ငံလုံး အတိုင်းအတာဖြင့် တရားဟောခွင့် တနှစ်တိတိ ပိတ်ပင်ခံထားရသည့် ဆရာတော် ဦးဝီရသူ အပါအဝင် စာရေးဆရာ မောင်သွေးချွန်၊ ဦးကျော်ဆွေ (တောင် တွင်းကြီး) နှင့် အညတရ ကပ္ပိယ ဆိုသည့် ပုဂ္ဂိုလ် ၄ ဦးတို့ တက်ရောက် ဟောပြောခဲ့ကြသည်။

“နာမည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တဲ့၊ သိပ်ကြိုက်တယ်၊ ဒီဘက်က အမျိုးသားရေး ဒီဘက်က ဒီမိုကရေစီ အရေး ဒီနှစ်ခုနဲ့သာ သွားလိုက်လို့ကတော့ မြန်မာပြည်ဟာ အာရှမှာ ထိပ်တန်းပဲ ပေါင်းကြည့်မှ အကြောင်းသိမယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို့လည်း ပြောသေးတယ်၊ လူမျိုးခြားတွေချည်း ရုံးထိုင်နေတဲ့ လူမျိုးခြား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အဲဒီနောက်မှာတော့ ကျုပ်တို့တွေ ကျောခိုင်းခဲ့တယ်” ဟု အရှင်ဝီရသူက ဟောပြောပွဲတွင် ထည့်သွင်း မိန့်ကြား သွားခဲ့သည်။

အဆိုပါ ဟောပြောပွဲ၌ ပြောကြားခဲ့သည့် ပြောဆိုမှုများသည် အစိုးရအား ဝေဖန် တိုက်ခိုက်သည့် ပြောဆိုမှုများ ဖြစ်သည့် အပြင် နိုင်ငံတဝန်း၌လည်း အကျပ်အတည်း ဆိုက်နေသည့် ကာလဖြစ်၍ ထိုကဲ့သို့ ပွဲများ မပြုလုပ်သင့်ကြောင်း ဦးမင်းတင် ဝင်းက သုံးသပ် ပြောကြားသည်။

“ရခိုင်မှာရှိနေတဲ့ ဘင်္ဂါလီနဲ့ ပတ်သက်ပြီး သူတို့ လုပ်တာပါ ပြောပြီး ၊ တကယ်တမ်း လုပ်သွားတဲ့ အခါကျတော့ အဲဒါတွေ မဟုတ်ဘူး၊ အစိုးရကို တိုက်ခိုက်တယ် ဆိုတဲ့ သဘောမျိုးတွေကို ဦးစားပေးပြီး လုပ်သွားတယ်၊ သူတို့လုပ်နေတဲ့ လုပ်ရပ် တွေ အားလုံးက ဒီမီးတပုံ တောက်ပြီးရင် နောက်မီးတပုံ တည်တယ်၊ နောက်မီးတပုံ တောက်ပြီးရင် နောက်မီးတပုံ တည် တယ်ဆိုတဲ့ သဘောမျိုး ရှိတယ်လို့ ကျနော်တို့ မြင်တယ်၊ မြန်မာပြည်သား ပီသရင် မလုပ်ကောင်းတဲ့ အရာလို့ ကျနော်တို့ မြင်တယ်” ဟု ဦးမင်းတင်ဝင်းက ၎င်း၏ အမြင်ကို ဧရာဝတီ သတင်းဌာနသို့ သုံးသပ် ပြောဆိုသည်။

တောင်ကလေး နှစ်သစ်ကူးကွင်း၌ ပြုလုပ်ခဲ့သည့် အဆိုပါ ဟောပြောပွဲအပြီး၌လည်း မြန်မာနိုင်ငံ၌ “ရိုဟင်ဂျာ” လူမျိုး လုံးဝ မရှိကြောင်း နိုင်ငံတော်အစိုးရက တရားဝင် ကြေညာပေးရန်နှင့် မွတ်စလင် စစ်သွေးကြွှ အုပ်စုများနှင့် အလျင်အမြန် ဖော်ထုတ် အရေးယူပေးရေးအတွက် ကရင်ပြည်နယ် မဘသအဖွဲ့က ကြေညာချက် တောင်းဆို ထုတ်ပြန်ထားသည်။

ထို့ပြင် မဘသအဖွဲ့အား နိုင်ငံတော်အစိုးရက တရားဝင် အသိအမှတ်ပြုပေးရန် ၎င်းတို့အဖွဲ့ ထုတ်ဝေနေသည့် အောင်ဇေ ရတု ဂျာနယ်နှင့် အတုမရှိဂျာနယ်တို့ကို တရားဝင် ထုတ်ဝေ ဖြန့်ချိခွင့်ပေးရန်နှင့် ဖမ်းဆီး ထိန်းသိမ်းခံ အမျိုးသားရေး တက်ကြွှ လှုပ်ရှားသူများအား အမြန်ဆုံး လွှတ်ပေးရေးနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ရပ်တန့်ပေးရန်လည်း ဆက်လက် တောင်းဆိုထား သည်။

ယင်းပွဲ စီစဉ်သူများအား တရားစွဲဆိုနိုင်ရေးနှင့် ပတ်သက်၍ စီစဉ် ဆောင်ရွက်နေသည့် ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းအား ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း အစည်းအဝေး တက်ရောက်နေသဖြင့် မဖြေကြားနိုင်ခဲ့ပါ။

Your Thoughts …
Tags: ဟောပြောပွဲ
ဟင်္သာနီ (မွန်မြေ)

ဟင်္သာနီ (မွန်မြေ)

Similar Picks:

ရာသီတုပ်ကွေးဖျားကာ ကလေးငယ် ၄ ဦး၏ အသက်ကို နုတ်ယူခံရသော လန်းပန်းရွာမှ ဖျားနာနေသော ကလေးငယ်တဦး  / Sing Maung Yawngva  / Facebook

စိတ်ချရတဲ့ အနေအထားကို ရောက်နေပြီ

by နန်းလွင်နှင်းပွင့်
11 September 2018
5.4k

နန်းယွန်းမြို့နယ်က တုပ်ကွေးရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေ၊ ဆေးကုသမှု အခြေအနေတွေနဲ့ပတ်သတ်ပြီး မြေပြင်မှာ ကွင်းဆင်းကူညီမှုတွေ လုပ်နေတဲ့ နန်းယွန်းမြို့ ၊နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (၁) မှ ကိုယ်စားလှယ် ဦးစိမ်းမောင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက်...

ယနေ့ ရန်ကုန်တက္ကသိုလ်တွင် ဟောပြောမှု ပြုလုပ်ခဲ့သည့် ပါမောက္ခ ဒေါက်တာဝီလီယံ ရှာဘတ်စ် / ထက်ဝေ / ဧရာဝတီ

ဒေါက်တာ ရှာဘတ်စ်၏ ရန်ကုန်တက္ကသိုလ်ဟောပြောပွဲ၊ ICJ အတွေ့အကြုံများ ပြန်လည်မျှဝေ

by ဇင်လင်းထက်
5 March 2020
7.1k

ဒေါက်တာရှာဘတ်စ်၏ ဟောပြောပွဲသည် တပ်မတော်အစိုးရ တက်လာပြီးနောက်ပိုင်း အရပ်သားအစိုးရ အုပ်ချုပ်သည့် ကာလတွင် ရန်ကုန်တက္ကသိုလ်၌ ကမ္ဘာသိပညာရှင် ၁ ဦး ပထမဆုံးအကြိမ် လာရောက် ပြောဆိုသည့် ဟောပြောပွဲလည်း ဖြစ်သည်။

Next Post
ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အရက်သောက်သုံးခြင်းက ကင်ဆာဖြစ်နိုင်ခြေ များသလား

“အကြမ်းဖက်မှုကို ကျမတို့ နိုင်ငံမှာ၊ ကျမတို့ မြေမှာ၊ ကျမတို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ကျမတို့ ခွင့်ပြုမှာ မဟုတ်ဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ် / Reuters

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မတင်ကြပါနဲ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate