• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မသန်စွမ်းများအတွက် ဆရာအတတ်သင် ဝင်ခွင့်သတ်မှတ်ချက် ပြောင်းလဲ

by သဇင်လှိုင်
12 September 2017
in သတင်း
A A
မသန်စွမ်းများအတွက် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဝင်ခွင့်လျှောက်လွှာပါ ကန့်သတ်ချက်အချို့ကို ပယ်ဖျက်လိုက်ပြီဖြစ်သည်။ / ဧရာဝတီ

မသန်စွမ်းများအတွက် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဝင်ခွင့်လျှောက်လွှာပါ ကန့်သတ်ချက်အချို့ကို ပယ်ဖျက်လိုက်ပြီဖြစ်သည်။ / ဧရာဝတီ

9k
VIEWS
Share on FacebookShare on Twitter

မသန်စွမ်းသူများကို ကန့်သတ်ထားသည့် ကန့်သတ်ချက်များ အပါအဝင် ဆရာအတတ်သင် ပညာရေးကောလိပ်များ၏ ဝင်ခွင့်သတ်မှတ်ချက်များကို ယခုနှစ်မှ စတင် ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ဧရာဝတီသို့ ပြောသည်။

ဒေါက်တာအောင်အောင်မင်းက “လျှောက်လွှာမှာ တွေ့မှာပါ ဘာမှမပါတော့ဘူးဆိုတာ။ ကျနော်တို့ခေါ်တဲ့ ပုံစံမှာကိုက ဘာမှ မပါတော့ဘူးလေ။ အရင်တုန်းကတော့ ကျန်းမာ သန်စွမ်းရမယ်လို့ ပါတာပေါ့။ အခုမပါတော့ဘူး။ အကုန်လုံးကို လျှောက်ခွင့်ပေးလိုက်ပြီ” ဟု ဆိုသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
16
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
48
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
266

မသန်စွမ်းသူများအတွက် အခက်အခဲဖြစ်စေသော ကန့်သတ်ချက်ဖြစ်သည့် “ကျန်းမာသန်စွမ်းပြီး ဆရာတဦး၏ သွင်ပြင် အင်္ဂါရပ်နှင့် ပြည့်စုံရန်” ဆိုသည့် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဝင်ခွင့် လျှောက်လွှာတွင် ပါ ဝင်သော ကန့်သတ်ချက်ကို ယခုနှစ်မှ စတင် ပယ်ဖျက်လိုက်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် မိဘ ၂ ဦးစလုံး နိုင်ငံသား ဖြစ်ရမည်ဆိုသည့် ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်လိုက်ကာ လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ လျှောက်ထားရမည့်အစား တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ရှိ ပညာရေးကောလိပ်များတွင် ပြောင်းလဲ လျှောက်ထားရန် ပြင်ဆင် သတ်မှတ်လိုက်ကြောင်း သိရသည်။

မသန်စွမ်းသူများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေနှင့်အညီ ဖြစ်စေရန် ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များကို ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပညာရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ဧရာဝတီသို့ ပြောသည်။

ဒေါက်တာခိုင်မြဲက “မသန်စွမ်းဥပဒေနဲ့ ညီအောင်ပေါ့။ အဲဒီထဲမှာ မသန်စွမ်းကို အကြောင်းပြုပြီးတော့ အလုပ်ဝင်ခွင့်ကို မတားမြစ်ရဘူးဆိုတာ ရှိတယ်။ အဲဒါနဲ့ညီအောင် လုပ်လိုက်တာပေါ့နော်” ဟု ၎င်းက ဆိုသည် ပညာရေးဝန်ကြီးဌာန၏ ဖြေလျှော့ပေးမှုကြောင့် မသန်စွမ်းသူများ၏ နိုင်ငံသားအခွင့်အရေးရရှိမှု တိုးတက်လာမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် အောက်ခြေအဆင့်အထိ သိရှိလိုက်နာအောင် ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

“ပယ်ဖျက်ပေးလိုက်တာကို ဝန်ကြီးဌာနအနေနဲ့ အောက်ကရပ်ရွာအဆင့်မှာ တကယ်ပဲ ဦးဆောင်လှုပ်ရှားပြီး စီမံခန့်ခွဲနေတဲ့ ဝန်ထမ်းအဆင့်ဆင့်ကို သိအောင် ပြောပေးဖို့ လိုပါတယ်။ အဲဒီလို ပယ်ဖျက်ပေးလိုက်တဲ့ အတွက်ကြောင့် မသန်စွမ်းသူ နိုင်ငံသားတွေရဲ့နိုင်ငံသား အခွင့်အရေးရရှိမှုတွေ တိုးတက်လာမယ်။ သူတို့ရဲ့ ခွန်အားနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင် ခွင့်ရတဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ကျေတဲ့ နိုင်ငံသားတွေအဖြစ် မသန်စွမ်းသူတွေကလည်း ရပ် တည်နိုင်မယ်”ဟု ၎င်းက ဆိုသည်။

လျှောက်လွှာများကို စက်တင်ဘာ ၂၉ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

Your Thoughts …
Tags: မသန်စွမ်း
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

မသန်စွမ်းဆိုပြီး နှိမ်ကြတယ် (ရုပ်/သံ)

မသန်စွမ်းဆိုပြီး နှိမ်ကြတယ် (ရုပ်/သံ)

by ဧရာဝတီ
16 November 2024
182

စီးပွားရေး အကျပ်အတည်းဆိုက်နေတဲ့ အခုလို ကာလကြီးမှာ မသန်စွမ်းတယောက် အတွက် စိန်ခေါ်မှုဟာ ပိုပြီးကြီးမားလှပါတယ်။ မသန်စွမ်းတွေ၊ လိင်ကွဲပြားသူတွေအပေါ် အသိအမြင် မဖွံ့ဖြိုးတဲ့ လူမှု အသိုက်အဝန်းကြား ရှင်သန်နေထိုင်ကြရတာဟာလည်း ခက်ခဲတဲ့ စိန်ခေါ်မှုတရပ်ပါပဲ။

အသက် ၂၂ နှစ်အရွယ် နည်းပညာကျောင်းသား ကိုလျှံဖြိုးအောင် / CJ

စစ်ကောင်စီကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ရသည့် ကိုလျှံဖြိုးအောင် ဒီတကြိမ် လွတ်မြောက်မှု၌ မပါခဲ့ပြန်

by ဧရာဝတီ
4 July 2021
104.8k

ကိုလျှံဖြိုးအောင်ရဲ့ ကွယ်သွားတဲ့ မျက်လုံးထဲမှာရှိနေတဲ့ ယမ်းအဆိပ်ကြောင့် အခြားမျက်လုံးတဖက်ကပါ နာကျင်နေတယ်လို့ သူ့မိသားစုဝင်တွေက ဆိုပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီဟာ ဒါကိုလျစ်လျူရှုပြီး ဆက်လက်ပြီး ချုပ်နှောင်ထားတာ ဖြစ်ပါတယ်။ သူ့ကို ဆေးကုသခွင့်နဲ့ ပတ်သက်ပြီး အာမခံ ရရှိနိုင်ဖို့ အတွက်...

၂၉ ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ / ဧရာဝတီ

မသန်စွမ်းများ မှတ်ပုံတင်ရန် သြဂုတ်လမှ စ၍ စာရင်းကောက်ယူမည်

by မိုးမိုး
30 July 2019
6.7k

မသန်စွမ်းအဆင့် သတ်မှတ်ချက်နှင့် မသန်စွမ်း မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် သြဂုတ်လမှစ၍ စာရင်း ကောက်ယူသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒု ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ထွန်းဇော်က ပြော သည်။

ကြယ်ပန်းလေးများ ဖူးပွင့်ရာမြေ (ရုပ်/သံ)

ကြယ်ပန်းလေးများ ဖူးပွင့်ရာမြေ (ရုပ်/သံ)

by ဧရာဝတီ
1 May 2025
38

အပြင်ကကြည့်ရင် သာမန်ကျောင်းလေးတကျောင်းလို့ ထင်ရပေမယ့်၊ ဒီကျောင်းလေးရဲ့ တံခါးကိုဖွင့်ဝင်လိုက်တာနဲ့ ထူးခြားတဲ့ နွေးထွေးမှု၊ ကြင်နာမှုနဲ့ မျှော်လင့်ချက်ရောင်ခြည်တွေကို ခံစားရမှာပါ။ ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ မဲဆောက်မြို့မှာ ရှိတဲ့ Star Flower လို့ အမည်ပေးထားတဲ့ ကျောင်းလေးပါ။

အမျိုးသမီးနှင့် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသူများအား ကြီးလေးသော ပြစ်ဒဏ်ပေးရေး ရန်ကုန်တွင် ဆန္ဒပြကြစဉ် / ဧရာဝတီ

အဓမ္မပြုကျင့်ခံရသည့် မသန်စွမ်းသူများ အမှုဖွင့်ရန် ခက်ခဲနေ

by ထက်ခေါင်လင်း
29 May 2019
9.5k

အမျိုးသမီးများ အဓမ္မပြုကျင့်ခံရသည့်အခါတွင် ဉာဏ်ရည်နိမ့်ပါးသည့် မသန်စွမ်းအမျိုးသမီးများတွင် အခြားသူများထက် ခံရမှု ၂ ဆဖြစ်ရကြောင်း၊ စော်ကားသွားသူများကို ရှာဖွေရန်နှင့် ဟန့်တားရန်တွင်လည်း အခက်အခဲများစွာရှိနေသည်

Next Post
မကွေးမှာ တမိနစ် ဖုန်းပြောတိုင်း အူရီဒူးမှ တကျပ် လှူဒါန်းပေး

မကွေးမှာ တမိနစ် ဖုန်းပြောတိုင်း အူရီဒူးမှ တကျပ် လှူဒါန်းပေး

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့  / Reuters

ပြည်တွင်းရေးကြောင့် ကုလညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် မသွားဖြစ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate