• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ပြည် မငြိမ်သက်မှုကြောင့် ငြိမ်းချမ်းရေးအဟန့်အတားဖြစ်မည်ကို UNFC စိုးရိမ်

by ချစ်မင်းထွန်း
14 September 2017
in သတင်း
A A
၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ UNFC မှ ခေါင်းဆောင်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး / UNFC ဖေ့စ်ဘုတ်

၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ UNFC မှ ခေါင်းဆောင်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး / UNFC ဖေ့စ်ဘုတ်

5k
VIEWS
Share on FacebookShare on Twitter

ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်နေခြင်းမှ တဆင့် ငြိမ်းချမ်း ရေးလမ်းကြောင်း အဟန့်အတားဖြစ်မည်ကို စိုးရိမ်မိကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက ဧရာဝတီသို့ ပြောသည်။

နိုင်အောင်မငေးက “ ဒီကိစ္စ(ရခိုင် မငြိမ်မသက်ဖြစ်စဉ်) တွေ ဝင်တာကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ အဟန့်အတား ဖြစ်မှာလည်း အများကြီး စိုးရိမ်တယ်ပေါ့။ ဒီမှာတိုင်းပြည် မငြိမ်မသက် ဖြစ်တယ်ဆိုတော့ ကျနော်တို့ လမ်းကြောင်း က လည်း အဟန့်အတားဖြစ်တယ်လို့ ယူဆတာပေါ့။ အခု အကြမ်းဖက်မှုက မကောင်းဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဆွေးနွေးပွဲ ဖြစ်စဉ်ထဲမှာ အဟန့်အတားဖြစ်တယ်ဆိုတာကို စိုးရိမ်မကင်း ဖြစ်တာပေါ့” ဟု ပြောသည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
464
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.4k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
3k

UNFC သည် အဆိုပြုချက် ၉ ချက်ကို အစိုးရထံတင်ပြ၍ ဆွေးနွေးညှိနှိုင်းနေရာ သြဂုတ် ၁၀ ရက်မှ ၁၁ ရက်အထိ နှစ် ရက်ကြာ ပြုလုပ်ခဲ့သော ဆဋ္ဌမအကြိမ်မြောက် ဆွေးနွေးပွဲတွင် သဘောတူညီချက် ၄ ချက်ကို ရယူခဲ့ကြပြီး ကျန်အချက် များအား စက်တင်ဘာလအတွင်း ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးကာ သဘောတူညီချက်များ ရယူသွားရန် နှစ်ဖက် ကိုယ်စားလှယ်များ ဆုံးဖြတ်ခဲ့ကြသော်လည်း ယနေ့အထိ ရက်မသတ်မှတ်နိုင်သေးကြောင်း သိရသည်။

ထိုသို့ ရက်မသတ်မှတ်နိုင်သေးခြင်းမှာ ဒေါက်တာတင်မျိုးဝင်း(ငြိမ်းချမ်းရေးကော်မရှင်-ဥက္ကဋ္ဌ) ကျန်းမာရေး မကောင်းမွန် သေးသောကြောင့် ဖြစ်သည်ဟု နှစ်ဖက်ကိုယ်စားလှယ်များထံမှ သိရသည်။

ငြိမ်းချမ်းရေးကော်မရှင်မှ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “ DPN နဲ့တော့ သူတို့လည်း အစည်းအဝေးတွေ လုပ် နေတယ်။ တွေ့နိုင်ဖို့ကတော့ ရက်ကတော့ အခုကတော့ ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်” ဟု ပြောသည်။

သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်၊မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့နယ်ရှိ ရဲကင်း ၃၀ ကို ARSA အကြမ်းဖက်သမားများက တပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ သြဂုတ် ၃၀ ရက် အထိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ၉၀ ကျော် ဖြစ်ပွားကာ ကျေးရွာပေါင်း ၅၉ ရွာမှ လူနေအိမ် ၆၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ တိုင်းရင်းသား ၁၂၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက “အနှောင့်အယှက်တော့ ဖြစ်မယ် မထင်ပါဘူး။ တကယ်တမ်းသာ ဖိဖိစီးစီးလုပ်မယ်ဆိုရင် ရခိုင်မှာ ပြဿနာတွေ ဖြစ်နေတဲ့အချိန် ငြိမ်းချမ်းရေးရအောင် ကျနော်တို့ ပိုလုပ်သင့်တယ်လို့ ထင်တယ်။ ထိတွေ့မှုကတော့ လောလောဆယ်မှာတော့ UNFC နဲ့ သူတို့ ထပ်တွေ့ဖို့ ၊ UNFC ခေါင်းဆောင် နိုင်ဟံသာနဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခေါ်တွေ့ပြီးပြီလေ။ မကြာခင် ထပ်တွေ့မယ်လို့လည်း ပြောပါတယ်”ဟု ပြောသည်။

အနောက်တံခါး(ရခိုင်ပြည်နယ်လုံခြုံရေး)မှာ နိုင်ငံတကာနှင့် ပြဿနာရင်ဆိုင်နေရသည့် အချိန်တွင် မိမိတို့ ပြည်တွင်းတွင် စုစုစည်းစည်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဘက်ကိုပို၍ ဇောင်းပေး လုပ်ဆောင်သင့်ကြောင်း၊ လုပ်ဆောင်ရာမှာလည်း ငြိမ်းချမ်းရေးကော်မရှင်နှင့် NRPC က ယခုထက် ပိုပြီးထိတွေ့မှုများ လုပ်သင့်ကြောင်း၊ တချို့ကိစ္စများကို ဖြေလျှော့မှုများ လုပ်ပေးသင့်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ်၊စက်တင်ဘာ ၁ ရက်က မွန်ပြည်သစ် ပါတီ NMSP ဒုဥက္ကဋ္ဌ (UNFC ဥက္ကဋ္ဌ) နိုင်ဟံသာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသေးသည်။

အလားတူ စက်တင်ဘာ ၁၁ ရက်ကလည်း NCA လက်မှတ် ထိုးထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) ဥက္ကဋ္ဌ ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံကာ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် လုပ်ငန်း စဉ်များ ဆွေးနွေးခဲ့ကြသည်။

ယင်းနေ့ (စက်တင်ဘာ ၁၁ ရက်) ၌ပင် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် RCSS ဥက္ကဋ္ဌ ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကာ နှစ်ဖက်တပ်ဖွဲ့များ ထိတွေ့မှု မရှိစေရေးနှင့် စစ်ရေး တင်းမာမှုများ လျှော့ချနိုင်ရန်၊ ပြဿနာတစုံတရာ ဖြေရှင်းပါက ဆက်ဆံရေးရုံးများမှ တဆင့် ဖြေရှင်းရန်တို့ကို ဆွေးနွေး ခဲ့ကြသည်ဟု RCSS ဘက်က ပြောသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ UNFC မှ ခေါင်းဆောင်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အစည်း အဝေးတရပ် ကျင်းပကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် NCA လုပ်ငန်းစဉ်များ ခိုင်ခိုင်မာမာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း UNFC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

UNFC သည် ၎င်းတို့ အဆိုပြုထားသော အချက်များ သဘောတူညီချက် ရရှိပါက NCA ရေးထိုးမည်ဟု ပြောဆိုထားပြီး အဖွဲ့ဝင်အနေဖြင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်နီ အမျိုးသား တိုးတက် ရေး ပါတီ(KNPP) ၊ ရခိုင် အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ပါဝင်ကြသည်။

Your Thoughts …
Tags: UNFC
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

ခရီးကြမ်းနှင်လာခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့

ခရီးကြမ်းနှင်လာခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့

by ကိုဦး
10 November 2023
8.6k

တောင့်တင်းသော လက်နက်ကိုင်တပ် မရှိလျှင် မြန်မာစစ်တပ်က မောက်မာစွာ ဆက်ဆံသည်ကို နာနာကျည်းကျည်း ခံစားပြီးနောက် ပေါ်ပေါက်လာသည့် စစ်ရေးမဟာမိတ်အဖွဲ့ ဖြစ်၏။

၈ နှစ်ပြည့်သော်လည်း NCA အလုပ်မဖြစ်

၈ နှစ်ပြည့်သော်လည်း NCA အလုပ်မဖြစ်

by ဇေယျ (အညာ)
18 October 2023
5.6k

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ်ရေးထိုးရာ EAO တပ်ဖွဲ့အများစု၊ EAO အင်အားအများစု မပါဝင်ခဲ့ကြသဖြင့် အစမကောင်းခဲ့ပေ။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သော UNFC ပထမဆုံး ညီလာခံ / ကျော်ခ / ဧရာဝတီ

UNFC တပ်ပေါင်းစု အတွင်းက အက်ကွဲသံ

by နန်းလွင်နှင်းပွင့်
26 January 2018
20.8k

အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF)၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) တို့ တုန်းကလည်း ပြိုကွဲမှုများ ရှိခဲ့ဖူးသည်။

လက်မှတ်ရေးထိုးပွဲတွင် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က သမ္မတ ဦးထင်ကျော်နှင့် လက်ဆွဲနှုတ်ဆက်စဉ်  / မျိုးမင်းစိုး

UNFC ကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့

by Joe Kumbun
21 February 2018
6.4k

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် သမဂ္ဂ နှစ်ဖွဲ့လုံး NCA ကို လက်မှတ်ရေးထိုးလိုက်သောကြောင့် UNFC အနာဂတ် ကံဆိုးမိုးမှောင်ကျသွားသည်။

UNFC , FUA , ပြည်ထောင်စုတပ်မတော်, ငြိမ်းချမ်းရေး , ဖက်ဒရယ်, နိုင်ငံရေး , အပစ်အခတ်ရပ်စဲရေး

UNFC ၏ ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်း

by နန်းလွင်နှင်းပွင့်
3 December 2014
5.8k

FUA ၏ တောင်ပိုင်းစစ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ် အဖြစ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်( KNU-KNLA) မှ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဘောကျော်ဟဲ ကို ခန့်အပ်လိုက်ပြီး မြောက်ပိုင်းစစ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ် အဖြစ် ကချင်...

NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေး  / ကျော်ခ / ဧရာဝတီ

NCA ထိုးမယ်လို့ နိုင်ငံတော် အကြီးအကဲတွေကို ကတိကဝတ် ပြုထားပြီးပြီ

by ချစ်မင်းထွန်း
28 January 2018
14.1k

ကျနော်အနေနဲ့ UNFC ရဲ့ ထုတ်ပြန်ချက်ကိုဘာမှ ပြောစရာမရှိဘူး။ ဒါပေမယ့် ကျနော်မသိဘူး။ ကျနော်နာမည် ဖြုတ်ပေးပါလို့ ပြောထားတယ်။

Next Post
ဒီတပတ် ရန်ကုန်ရုပ်ရှင်

ဒီတပတ် ရန်ကုန်ရုပ်ရှင်

ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ကျင်းပနေစဉ် / ဟင်္သာနီ (မွန်မြေ) / ဧရာဝတီ

လွှတ်တော် မေးခွန်းအပေါ် မွန် ဝန်ကြီးချုပ် နှင့် လွှတ်တော် ဥက္ကဋ္ဌ သဘောထားကွဲ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate