• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒီမိုကရေစီ ရှင်သန်ရေး အုပ်ချုပ်ရေးနှင့် လုံခြုံရေးကို မခွဲခြားရန် တပ်မတော်ပြော

by ထက်နိုင်ဇော်
16 September 2017
in သတင်း
A A
စက်တင်ဘာ ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ဒီမိုကရေစီနေ့ အခမ်းအနား / ထက်နိုင်ဇော် / ဧရာဝတီ

စက်တင်ဘာ ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ဒီမိုကရေစီနေ့ အခမ်းအနား / ထက်နိုင်ဇော် / ဧရာဝတီ

8k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် လျှောက်လှမ်းဆဲ ဒီမိုကရေစီ လမ်းကြောင်း ရှင်သန်နိုင်ရန်အတွက် လက်ရှိ အုပ်ချုပ်ရေး ယန္တရား နှင့် လုံခြုံရေး ယန္တရားတို့ကို ခွဲခြား မကြည့်ဘဲ အများဆန္ဒနှင့် သဘောတူညီပြီး အများက အတည်ပြု သတ်မှတ်ထားသည့် ဥပဒေနှင့် အညီ ညှိနှိုင်းပေါင်းစပ်သွားနိုင်ရေးက အရေးကြီးကြောင်း တပ်မတော်သား ဒုတိယ ဗိုလ်မှူးကြီး မိုးကျော်က ပြောသည်။

စက်တင်ဘာ ၁၅ ရက်နေ့က နေပြည်တော်၊ လွှတ်တော်တွင်း ကျင်းပသည့် ၂၀၁၇ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့၏ စာတမ်းကို တင်သွင်းစဉ် ဒုတိယ ဗိုလ်မှူးကြီး မိုးကျော်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
1
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
35
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
205

အုပ်ချုပ်ရေး ယန္တရားကို ဦးဆောင်နေသည့် အစိုးရနှင့် လုံခြုံရေး ယန္တရားကို ဦးဆောင်နေသည့် တပ်မတော်ကို ခွဲခြား၍ မရှု့မြင်ဘဲ အများဆန္ဒဖြင့် အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် တပ်မတော်က ဆိုလိုခြင်း ဖြစ်သည်။

“ဒီအချက်ဟာ ဒီမိုကရေစီရှင်သန်မှုကို အကာအကွယ်ပေးရာ ရောက်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ရေရှည်ရှင်သန်နိုင်ဖို့ အတွက် အဆုံးအဖြတ်ပေးသည်များက ဒီမိုကရေစီစံနှုန်းများ မဟုတ်ဘဲ အင်စတီကျူးရှင်းရဲ့ ထိရောက်အားကောင်းခြင်းက အဓိက ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့ အပြန်အလှန် ထိန်းကျောင်းနိုင်မှသာလျှင် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက် များကို ကာကွယ်နိုင်မည် ဖြစ်ပြီး ဒီမိုကရေစီ ရှင်သန် တိုးတက်ရေးကို အထောက်အကူပြုရာ ရောက်မည် ဖြစ်ကြောင်း၊ ဒီမိုကရေစီကို ပုံတူကူးချ၍ မရကြောင်းလည်း တပ်မတော်က ပြောသည်။

“ဒီမိုကရေစီကို ပုံတူးကူးချ၍ မရဘဲ မိမိတို့ နိုင်ငံရဲ့ သမိုင်းကြောင်း၊ ပထဝီ အနေအထား၊ သဘာဝ အခြေအနေနဲ့ ကိုက်ညီရန် လို အပ်တာမိုလို့ ပုံတူ ကူးချမယ်ဆိုရင် မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးများနဲ့ ကြုံတွေ့နိုင်ပါတယ်”ဟု တပ်မတော်သား ကိုယ် စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မိုးကျော်က ပြောသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံအဖြစ် ပျံသန်းကာစ အချိန်တွင် ပြိုလဲမသွားအောင် ဟန်ချက်ညီညီနှင့် သတိတရား ဆင်ခြင် ထိန်းသိမ်းပြီး နိုင်ငံရေး ရာသီဥတု၊ ပတ်ဝန်းကျင် အခြေအနေ၊ ကာလ၊ ဒေသ စသည်များကို ထည့်တွက်ပြီး ဆောင်ရွက်ရကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီမိုကရေစီနေ့တွင် အပိတ်တွင် ပြောသည်။

“အဲဒီလို လုပ်ကိုင်တဲ့ အခါမှာ ဒီမိုကရေစီကို ရှင်သန်လိုတယ်၊ စုပေါင်းကာကွယ်လိုတယ်ဆိုရင် ဥပဒေကို လေးစားရမှာ ဖြစ်ပါတယ်။ တဦးနဲ့ တဦး၊ တဖက်နဲ့ တဖက် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း ဆိုတဲ့ ဒီမိုကရေစီကျင့်စဉ်တွေကိုလည်း လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ အဲဒီအပြင် တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ မျှတတဲ့ သဘောထားတွေကိုလည်း အခြေခံဖို့ လိုပါတယ်”ဟု ဦးဝင်းမြင့်က ပြောသည်။

“ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီကို အလွဲသုံးစားလုပ်သူများ၊ နောက်တမျိုးက ဒီမိုကရေစီ ကျင့်စဉ်အရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူ့ အာဏာကို ရယူဖို့ မကြိုးစားဘဲ ရရာနည်းလမ်းနဲ့ ပြည်သူ့ အာဏာကို ရယူဖို့ ကြိုးစားသူများ ဒါတွေဟာ ဒီမိုကရေစီရဲ့ အန္တရာယ်တွေပဲ ဖြစ်တယ်”ဟု သူက ပြောသည်။

ယင်းအန္တရာယ်ကို သတိပြုနိုင်မှသာ ၂၀၁၇ ဒီမိုကရေစီနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ဒီမိုကရေစီ ရှင်သန်ဖို့ ပူးပေါင်း ကာကွယ်ကြပါစို့”ဆိုသည့်အတိုင်း ရုပ်လုံးပေါ်လာမည် ဖြစ်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အနှောက်အယှက်များကို ပြည်သူလူထုအားဖြင့် စုပေါင်း ဖယ်ရှားပစ်ရမည်ဟု ဦးဝင်းမြင့်က ဆိုသည်။

၎င်းက ရပ်ရွာ အေးချမ်းသာယာရေးကို ပျက်ပြားစေသည့် လှုံ့ဆော်မှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ဆောင်ချက်များကို ဟန့်တားပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့အောင် ဆောင်ရွက်မှုများကို ဝိုင်းဝန်းတားဆီးရန် တိုက်တွန်းလိုက်သည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ဒီမိုကရေစီနေ့တွင် စာတမ်းတစောင် တင်သွင်းခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကန့်အသတ်ဘောင်အတွင်းမှ နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ရေး အတွက် ကြိုးစားလုပ် ဆောင်နေရကြောင်း တိုင်းပြည်သို့ အသိပေးပြီး အုပ်ချုပ်ရေးတွင် အဂတိကင်းစင်သည့် အစိုးရဖြစ်အောင် ကြိုးစားခဲ့သည်ဟု ပြောသည်။

“ဒီနေရာမှာ အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ နိုင်ငံရေးအရ ပြောင်းလဲမှု ဖြစ်စဉ်များထက် အခြေခံအားဖြင့် ကိုယ် ကျင့်သိက္ခာကို အခြေတည်တဲ့ အတွေးအခေါ်အရ ပြောင်းလဲလာစေမှုနဲ့ ပုဂ္ဂလိက ကိုယ်ကျိုးစီးပွားများ ပါဝင်ပတ်သက်နေမှု ကဏ္ဍတွေပဲ ဖြစ်ပါတယ်”ဟု NLD ပါတီမှ စာတမ်းတင်သွင်းခဲ့သူ ကလောမြို့နယ် အမတ် ဒေါ်ပြုံးကေသီနိုင်က ပြောသည်။

ထို့ပြင် ၂၁ ရာစု ပင်လုံ၏ အောင်မြင်မှုသည် အာဏာရှင် အတွေးအခေါ်၏ ကျဆုံးမှု ဖြစ်သလို ဖက်ဒရယ်လို လားသူများ၏ အောင်မြင်မှု ဖြစ်ကြောင်း၊ အတွေးအခေါ်အားဖြင့် တော်လှန်မှု မပါဘဲ ဒီမိုကရေစီ ထိန်းသိမ်းကာကွယ်၍ မရနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

“လူနည်းစု အခွင့်အရေး မပါတဲ့ လူများစု သဘောထား၊ လူများစုရဲ့ သဘောထားကို အလေးမမူဘဲ ထင်ရာစိုင်းခွင့်ရှိနေတဲ့ လူနည်းစု တို့ရဲ့ တည်ရှိခွင့်တို့ဆိုတာဟာ ဒီမိုကရေစီ ဖြစ်စဉ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်”ဟု ဒေါ်ပြုံးကေသီနိုင်က စာတမ်းတွင် ထည့်သွင်း ပြောဆိုသည်။

ဒုတိယ ဗိုလ်မှူးကြီး မိုးကျော်ကမူ ဗဟိုဦးစီးစနစ်သည် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက် ဖြစ်ကြောင်းကို သတိပြုရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဆောင်ရွက်နိုင်မှ မိမိတို့ နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ချောမွေ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေး၊ ပြည်တွင်း၊ ပြည်ပ အဖျက်အမှောက်၊ အနှောက်အယှက်များကို တားဆီးနိုင်မည် ဖြစ်ကြောင်း သုံးသပ်တင်ပြခဲ့သည်။

မနေ့က ကျင်းပခဲ့သည့် ဒီမိုကရေစီနေ့တွင် အတိုက်အခံ ကြံ့ခိုင်ရေးပါတီ အပါအဝင် တိုင်းရင်းသား ပါတီများစွာ စာတမ်းအသီးသီး တင်သွင်းမှုများ ရှိခဲ့သော်လည်း ရခိုင်အမျိုးသား ပါတီ (ANP)မှာ မည်သည့်စာတမ်းမှ တင်သွင်းခဲ့ခြင်း မရှိပါ။

Your Thoughts …
Tags: တပ်မတော်ဒီမိုကရေစီအစိုးရ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

by Luke Hunt
20 September 2024
10.6k

ကျနော် မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့အကြောင်းရင်းက အရမ်းခိုင်မာတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်နဲ့ သူတို့ကို ကူညီဖို့ပဲ။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.2k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ

ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ

by ဧရာဝတီ
18 July 2023
4.9k

ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေကို ပြုပြင်ပြောင်းလဲရန် ဆန္ဒသည် မျှော်လင့်မထားဘဲ Move Forward ပါတီကို မဲအများစု ရစေသည်။

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

by ဧရာဝတီ
31 October 2024
4.7k

စစ်တမ်းများကို လျစ်လျူရှုသည့် တယူသန်သော စနစ်တခုကို ပါမောက္ခ လစ်ချ်မင်းက မှီခိုအားထားသည်။

စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

by ဧရာဝတီ
24 June 2022
16.3k

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

အာဏာသိမ်းမှု နှစ်နှစ်ကြာသော်လည်း တိုင်းပြည်ကို မထိန်းချုပ်နိုင်သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်  / သရုပ်ဖော် - Tania Vicedo/Nikkei Asia

ရာဇပလ္လင်ကို ဖက်တွယ်ရေး ကြိုးစားနေသည့် မင်းအောင်လှိုင်

by Dominic Faulder
4 February 2023
15.4k

ဗိုလ်ချုပ်များသည် တိုင်းပြည်ကို မည်သည့်အတွက် ထိုသို့ အုပ်ချုပ်နေကြသနည်း ဆိုသည့်မေးခွန်းမှာ ကျွမ်းကျင်သူများ ဖြေဆိုရန် ကြိုးစားနေသော မေးခွန်းဖြစ်သည်။

Next Post
မဆဲရင် မနေနိုင်တာက လွဲလို့

မဆဲရင် မနေနိုင်တာက လွဲလို့

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အိပ်မက်မက်ခြင်းက ရူးသွပ်မှုကို မဖြစ်စေနိုင် ဟုဆို

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate