• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စားသုံးရန် မသင့်သည့် ပဲသွေးနှင့် မျှင်ငါးပိများကို နေပြည်တော် မြို့မဈေးတွင် FDA စစ်ဆေး တွေ့ရှိ

by မိုးမိုး
21 September 2017
in သတင်း
A A
နေပြည်တော်မြို့မဈေးရှိ စားသောက်ကုန်ပစ္စည်းများကို FDAက  ရှောင်တခင်ဝင်ရောက် ဓာတ်ခွဲစစ်ဆေး / မျိုးမင်းစိုး / ဧရာဝတီ

နေပြည်တော်မြို့မဈေးရှိ စားသောက်ကုန်ပစ္စည်းများကို FDAက ရှောင်တခင်ဝင်ရောက် ဓာတ်ခွဲစစ်ဆေး / မျိုးမင်းစိုး / ဧရာဝတီ

4.8k
VIEWS
Share on FacebookShare on Twitter

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က နေပြည်တော် ဈေးများအတွင်းရှိ အစားအသောက်နှင့် ဆေးဝါးများကို သွားရောက် စစ်ဆေးရာ ပဲသွေးနဲ့ မျှင်ငါးပိမှာ စားသုံးရန် မသင့်သည့် တာရှည်ခံဆေးနှင့် ခွင့်မပြုဆိုးဆေး များ အသုံးပြုထားပြီး ဈေးကွက်အတွင်း ရောင်းချနေသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ ဈေးများအနက် လူစည်ကားသည့် မြို့မဈေး၊ သပြေကုန်းဈေး၊ ကင်ပွန်းတန်းဈေးတို့တွင် ရောင်းချလျက် ရှိသည့် အစားအသောက်နှင့် ဆေးဝါးများကို FDA က ယမန်နေ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

19 June 2025
76
ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

18 June 2025
243
စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

18 June 2025
74

“အစားအသောက်က အမည်ပေါင်း ၄၅ မျိုး စစ်ဆေးထားတယ်။ အဖြေတော့ အကုန်မထွက်သေးဘူး၊ စစ်ဆေးဆဲ ဖြစ်တယ်။ စားသုံးရန် မသင့်တဲ့ အစားအစာတွေ တွေ့ရင်တော့ ဈေးတာဝန်ခံကို ပြောပြီး တခါတည်း သိမ်းပါတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာထွန်းလင်းအောင်က ဧရာဝတီသို့ ပြောသည်။

ဓာတ်ခွဲ စစ်ဆေးချက်အရ အဆိုပါ  ပဲသွေးကို တာရှည်အထားခံရန် လူသေကောင်များတွင် မပုပ်မသိုးစေရန် အသုံးပြုသည့် ဆေးရည်တမျိုးဖြစ်သော ဖော်မလင် (တာရှည်ခံဆိုးဆေး)ကို အသုံးပြုထားခြင်းဖြစ်ပြီး မျှင်ငါးပိကိုလည်း ဓာတ်ခွဲစစ်ဆေးရာ ခွင့်မပြုဆိုးဆေးများ အသုံးပြုထားခြင်းကြောင့် ဈေးကွက်အတွင်း ရောင်းချမှုကို ရပ်တန့်စေကာ သိမ်းဆည်းမှုများ ပြုလုပ် ခဲ့သည်။

“အာဟာရသုခဈေးကပဲ ယူရောင်းတာ၊ ကိုယ်ရောင်းတဲ့ ပဲသွေးထဲမှာ ဒီလို ဖော်မလင် (တာရှည်ခံဆိုးဆေး) ပါတယ် ဆိုတာတောင် မသိဘူးလေ။ အခုလို အသိမ်းခံရတော့ စိတ်ထဲ မကောင်းဖြစ်တာပေါ့”  ဟု မြို့မဈေးမှ ပဲသွေးများ သိမ်းဆည်းခံလိုက်ရသည့် ကုန်စိမ်းဆိုင်ပိုင်ရှင် ဦးဗိုလ်အောင်ဒင်က ဆိုသည်။

အဆိုပါ ဖော်မလင်များ (တာရှည်ခံဆိုးဆေး)ကို မုန့်ဖတ်၊ ပဲပြားနှင့် ပဲသွေးတို့တွင် အများဆုံး အသုံးပြုကြောင်းလည်း သိရှိရသည်။

ထိုသို့ လိုက်လံ စစ်ဆေးခြင်းကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) ၊ စားသုံးသူရေးရာ၊ စည်ပင် သာယာရေး ကော်မတီ၊ အထွေထွေ အုပ်ချူပ်ရေး၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“အခု FDA က လာစစ်တော့ သိလိုက်တာက ဈေးဆိုင်တွေဟာ လိုင်စင်မရှိရင် မရောင်းရဘူး။ ဒိတ်လွန်တွေကို လုံး၀ မရောင်းရဘူး၊ စပ်ဆေးတွေ မရောင်းရဘူး မှာထားလို့ လာဝယ်တဲ့သူ ရှိတာတောင် စပ်ဆေး မရောင်းဘူးလို့ပဲ ပြောလိုက် တယ်” ဟု မြို့မဈေးမှ ရွှေမန်း ဆေးဆိုင်ပိုင်ရှင် ကိုသိန်းဝင်းက ပြောသည်။

စားသုံးရန် မသင့်သည့် အစားအသောက် ဆေးဝါးများကို ဆက်လက် ရောင်းချခြင်း မပြုရန် ခံဝန်ကတိ ထိုးခိုင်းပြီး ဆက်လက် ရောင်းချပါက အမျိုးသား ဆေးဝါးဥပဒေနှင့်အညီ အမှုဖွင့် အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာတနိုင်ငံလုံး အမျိုးသားဆေးဝါးဥပဒေနှင့် အမှုဖွင့် အရေးယူထားသည့် အမှုများမှာ ၂၀၁၅ ခုနှစ်တွင် ၅၁ မှု၊ ၂၀၁၆ တွင်  ၉၉ မှု နှင့် ၂၀၁၇ သြဂုတ်လအထိ ၂၅ မှု ရှိပြီး ယင်းဥပဒေဖြင့် အမှုဖွင့် ခံရပါက အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် ဖြစ်စေ၊ ဒဏ်ငွေ ကျပ် ငါးထောင်မှ ငါးသိန်းအထိ ပေးဆောင်ရကြောင်း ဒေါက်တာထွန်းလင်းအောင်က ရှင်းပြသည်။

Your Thoughts …
Tags: ပဲသွေးမျှင်ငါးပိ
မိုးမိုး

မိုးမိုး

...

Similar Picks:

ပျဉ်းမနားမြို့၌ ပဲသွေး ထုတ်လုပ်ရာတွင် အမဲသွေးများဖြင့် ပြုလုပ်နေပုံ / မိုးမိုး / ဧရာဝတီ

ပဲသွေးအချို့ ဖော်မလင် သုံးထားကြောင်း FDA စစ်ဆေးတွေ့ရှိ

by မိုးမိုး
18 July 2018
11.6k

ပျဉ်းမနားမြို့ အတွင်း၌ ပဲသွေးအမည်ခံ၍ အမဲသွေးထုတ်လုပ်မှုမှာ တရက်လျှက် အခုရေ ၅၀၀ မှ ၆၀၀ အထိ ထုတ်လုပ် လျက်ရှိပြီး ထိုသို့ အမဲသွေးများကို ကြာရှည်ခံရန် အတွက် ဖော်မလင် ဆေးရည်များကို အသုံးပြုသည်

Next Post
ဒီတပတ် ရန်ကုန်ရုပ်ရှင်

ဒီတပတ် ရန်ကုန်ရုပ်ရှင်

“LUSH Magazine” မိတ်ဆက်ပွဲ / သီဟတိုး / ဧရာဝတီ

High-end Fashion ကို အဓိက ရည်ရွယ်ပြီးထုတ်တဲ့ “LUSH Magazine”

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

5 days ago
5.7k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.3k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate