သတင်း

အမေရိကန်သံရုံးရှေ့ ဆန္ဒပြသူ ၄ ဦးကို ပုဒ်မ ၂ ခုဖြင့် ၂၈ ရက်နေ့ အမိန့်ချမည်

Want create site? Find Free WordPress Themes and plugins.

အမေရိကန် သံရုံးရှေ့တွင် ရိုဟင်ဂျာ အသုံးအနှုန်းကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် အမျိုးသား ရေး လှုပ်ရှားသူ ၄ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ငြိမ်းစုစီ ပုဒ်မ ၁၉ တို့ဖြင့် စက်တင်ဘာ ၂၈ ရက်နေ့တွင် ကမာရွတ်မြို့နယ် တရားရုံးက အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ဝင်းကိုကိုလတ်၊ သက်မျိုးဦး၊ နောင်တော်လေးနှင့် ကိုရန်ကုန်(ခ) နေဝင်းအောင်တို့ သည် ၂၀၁၆ ခုနှစ် ဧပြီလအတွင်းက အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တစောင်တွင် ရိုဟင်ဂျာ အသုံးအနှုန်း ပါဝင်ခဲ့သည့်အတွက် ဆန့်ကျင်ဆန္ဒပြရာမှ ဖမ်းဆီး တရားစွဲဆိုခံရခြင်းဖြစ်သည်။

ကိုဝင်းကိုကိုလတ်က “ ဒီမိုကရေစီခေတ်မှာ ရိုဟင်ဂျာမရှိဘူး ဆိုတာကို လွတ်လပ်စွာ ပြောခဲ့တာပဲ၊ ကျနော်တို့က အမေရိကန်အစိုးရကို ပြောခဲ့တာပဲ ဖြစ်တယ်၊ ဒီအစိုးရကို ပြောတာလည်း မဟုတ်ဘူး၊ ဒါကို ပုဒ်မ ၅၀၅(ခ) နဲ့ စွဲတာ မဖြစ်သင့်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းတို့သည် ခွင့်ပြုထားသည့် နေရာမဟုတ်သည့် အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြမှုကြောင့် ငြိမ်းစုစီဥပ ဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်ပြီး ဆန္ဒပြရာတွင် ကြွေးကြော်ခဲ့သည့် စကားလုံးများကြောင့် ကမာရွတ်မြို့နယ် ဒုတိယ အထွေ ထွေ အုပ်ချုပ်ရေးမှူးက ၎င်းတို့အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် အရေးယူပေးရန် တရားရုံးသို့ ထပ်မံ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဝင်းကိုကိုလတ်နှင့် နောင်တော်လေးတို့ ၂ ဦးသည် ၂၀၁၆ ခုနှစ် ဇူလိုင်အတွင်းက ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားရှေ့တွင် ဆန္ဒပြမှုဖြင့် စက်တင်ဘာ ၆ ရက်နေ့က ပုဒ်မ ၅၀၅(ခ)၊ ငြိမ်းစုစီ ပုဒ်မ ၁၉ တို့ဖြင့် ဗဟန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်ခံထားရသူများ ဖြစ်သည်။

ကိုနောင်တော်လေးက “ရိုဟင်ဂျာမရှိတဲ့အတွက် မှန်တာကိုပြောတာကို အာဏာနဲ့ဖိအားပေးပြီး တရားစွဲဆို တာက မလျော်ကန်တဲ့ လုပ်ရပ်ပါပဲ။ ဒါကို ဒီမိုကရေစီအစိုးရက လုပ်နေတာတော့ အရုပ်ဆိုး လွန်းပါတယ်” ဟု ဝေဖန် ပြော ကြားသည်။

အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုကြောင့်ပင် ဆရာတော်ဦးပါမောက္ခ၊ ဦးဉာဏဓမ္မနှင့် ဦးသုစိတ္တတို့ကိုပါ အရေး ယူပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သော်လည်း ယနေ့အထိ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးခြင်း မရှိသေးကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်သည်။

အမှုရင်ဆိုင်နေရသူ ၄ ဦးအား ကမာရွတ်မြို့နယ် တရားရုံးက ယခုနှစ် မေလ ၁၂ ရက်နေ့တွင် အာမခံပြန်လည် ရုပ် သိမ်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကျဉ်းထောင်အချုပ်မှပင် အမှုရင်ဆိုင်စေလျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading