• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မုဒုံအုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်စဲခံရ၍ ရွာသား တရာကျော် ဆန္ဒပြ

by ဟင်္သာနီ (မွန်မြေ)
21 September 2017
in သတင်း
A A
မုဒုံအုပ်ချုပ်ရေးမှူး တာဝန်မှရပ်စဲခံလိုက်ရ၍ ကျေးရွာသားများ ယနေ့ ဆန္ဒပြနေစဉ်။  / ဟင်္သာနီ(မွန်မြေ) / ဧရာဝတီ

မုဒုံအုပ်ချုပ်ရေးမှူး တာဝန်မှရပ်စဲခံလိုက်ရ၍ ကျေးရွာသားများ ယနေ့ ဆန္ဒပြနေစဉ်။ / ဟင်္သာနီ(မွန်မြေ) / ဧရာဝတီ

11.2k
VIEWS
Share on FacebookShare on Twitter

စုံစမ်း စစ်ဆေးရေး အဖွဲ့၏ သုံးသပ်ချက်၊ မွန်ပြည်နယ် အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်တို့ဖြင့် မုဒုံမြို့၊ မှိန်ဂနိမ်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကို တာဝန်မှ ရပ်ဆိုင်းခံခဲ့ရသည့် အပေါ် မကျေနပ်၍ ယနေ့တွင် ကျေးရွာသား ၁၂၀ ခန့် စုဝေးကာ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ရေပေါ်ဈေးသို့ လာရောက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရာတွင် “ကျေးရွာ အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲခြင်းကို ဖျက်သိမ်းပေးရေး၊ လွှတ်တော်တွင် မဟုတ်မမှန် စွပ်စွဲ ပြောဆိုသည့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော် အလိုမရှိနှင့် ဒေါ်မြသိင်္ဂီမော် လွှတ်တော် ကိုယ်စား လှယ် အဖြစ်မှ နုတ်ထွက်ပေးရေး” စသည့် ကြွှေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
68
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
191
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
167

လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ လွှတ်တော်၌ တင်ပြချက်ကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှုး တာဝန်မှ ရပ်စဲ ခံခဲ့ရသည်ဟု ယူဆကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ်မှ ရပ်စဲခံခဲ့ရသည့် ဦးအောင်ကို က ပြောသည်။

“ဒေါ်မြသိင်္ဂီမော်၏ လွှတ်တော်တွင်း တင်ပြချက်ကြောင့် ကျနော့်ကို တာဝန်က ရပ်ဆိုင်းလိုက်တယ် ၊ ကျနော့်အနေနဲ့ ကတော့ ဒီလောက်နဲ့ ကျေနပ်ပါတယ်၊ သူ့အပေါ် အမျက်မရှိပါဘူးဟု” ဦးအောင်ကိုက ပြောသည်။

မှိန်ဂနိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုသည် မီးရထားပိုင်မြေကို ရပ်ဝေးမှ လာရောက် လုပ်ကိုင် စားသောက် သူများအား ရောင်းချထားခြင်း၊ စီပီ ကုမ္ပဏီက ရွာသားများအတွက် ချေးငွေများ ချထားပေးရာတွင် မျှတမှု မရှိခြင်း စသည့် အချက်များကြောင့် ပြီးခဲ့သည့် မတ်လခန့်က တိုင်ကြားခဲ့၍ ၎င်းအား ခရိုင် ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တို့က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့၍ စစ်ဆေးခဲ့သည်။

ထိုအဖွဲ့၏ တွေ့ရှိချက်ဖြင့် မှိန်ဂနိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုသည် လွှတ်တော် ကိုယ်စားလှယ်များအား လေးစားမှု အားနည်းခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်များ ထမ်းဆောင်ရာတွင် အားနည်းခြင်း၊ ကျေးရွာလူထု ရပ်မိရပ်ဖ များနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း ၊ ကျေးရွာလူထုနှင့် ပေါင်းစပ် ညှိနှိုင်းမှု အားနည်းခြင်း၊ အရက်သေစာ မကြာခဏ သောက်စားခြင်း စသည့် သုံးသပ်ချက်များကို ပြီးခဲ့သည့် သြဂုတ်လခန့်တွင် ပြန်လည် တင်ပြခဲ့သည်။

ထို့ပြင် ဦးအောင်ကိုသည် ထိုမတိုင်မီ၌လည်း တိုင်စာပစ်စာ အကြိမ်ကြိမ် တိုင်ကြားခံရခြင်း ၊ ခံဝန်ချက် ၂ ကြိမ် ရေးထိုး ခံထားရပြီး ဖြစ်သည်။

ဆန္ဒပြပွဲအား ဦးဆောင် လျှောက်ထားသူ တဦးဖြစ်သည့် ဒေါ်စန်းအေးက “ အန်တီတို့ တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူး ကို မဟုတ်မမှန် စွပ်စွဲပြောဆိုချက်နဲ့ ဖြုတ်လိုက်တာပေါ့နော်။ အဲဒါကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်တယ်၊ အန်တီတို့ အနေနဲ့ကတော့ အောက်ခြေမှာ အဖြေမှန်ကို ပြန်ပြီး စိစစ်စေချင်တာပေါ့” ဟု ၎င်းက ဆန္ဒပြပွဲအပြီးတွင် သတင်းမီဒီယာ များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ပထမပတ်၌ ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် အစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေး၌ ၎င်းအား တာဝန် ဆက်လက်ထမ်းဆောင်ရန် မသင့်လျော်ကြောင်း သုံးသပ်၍ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် တာဝန်မှ ရပ်စဲရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

“မြို့နယ် အုပ်ချုပ်ရေးမှူးတွေက မှတ်တမ်းတင် သတိပေးထားတာ ၂ ကြိမ်ရှိတယ်၊ ဒါကြောင့်မို့လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ဆက်ပေးဖို့ မသင့်ဘူး ဆိုပြီးတော့ ခရိုင်စုံစမ်း စစ်ဆေးရေးအဖွဲ့ကနေ တင်ပြလာတယ်၊ ဒါကြောင့်မို့လို့ ဒီအုပ်ချုပ်ရေးမှူးကို တာဝန်မှ ရပ်စဲဖို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ် လုပ်ဆောင်ခဲ့တာ” ဟု ဦးမြင့်သန်းဝင်းက ရှင်းပြသည်။

ထိုတိုင်ကြားခံခဲ့ရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးအား စုံစမ်းခဲ့စဉ်၌ ခြိမ်းခြောက် စစ်ဆေးမှုများနှင့် တဖက်သတ် စစ်ဆေး မေးမြန်းမှုများ ရှိခဲ့သည်ဟု စက်တင်ဘာလ ၁၂ ရက်နေ့ လွှတ်တော် အစည်းအဝေး၌ မုဒုံမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်က မေးခွန်း မေးမြန်းခဲ့၍ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အစိုးရအဖွဲ့အား ထိခိုက်စေသည့် မေးခွန်း ဖြစ်သည်ဟု ပြောဆိုခဲ့ပြီးနောက်တွင် မေးခွန်းရှင်နှင့် အစိုးရအဖွဲ့ လွှတ်တော်ဥက္ကဋ္ဌတို့အကြား၌ အချေအတင် ဖြစ်ခဲ့ကြသေးသည်။

ဒေါက်တာအေးဇံ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ယူပြီးချိန်မှစ၍ ရပ်ကျေး အုပ်ချုပ်ရေးမှူး ၁၂ ဦးတို့အား စိစစ်၍ တာဝန်မှ အသီးသီး ရပ်စဲထားခဲ့ပြီးဖြစ်ကာ ဆက်လက်၍ စိစစ်နေဆဲ ကျေးရွာအုပ်ချုပ်ရေးမှူးများလည်း အများ အပြား ရှိသေးကြောင်း အစိုးရအဖွဲ့ရုံးမှ သိရသည်။

Your Thoughts …
Tags: အုပ်ချုပ်ရေးမှူး
ဟင်္သာနီ (မွန်မြေ)

ဟင်္သာနီ (မွန်မြေ)

Similar Picks:

မုံရွာ၌ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မလာ၍ ရပ်ကွက်တွင်း ဝင်ဖမ်း

မုံရွာ၌ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မလာ၍ ရပ်ကွက်တွင်း ဝင်ဖမ်း

by ဧရာဝတီ
28 March 2024
8.2k

စစ်မှုထမ်းစာရင်းပါသူများကို ဆေးစစ်ရန် ဆင့်ခေါ်ရာ ရောက်မလာကြသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရပ်ကွက်အတွင်း ဝင်ရောက်ခေါ်ဆောင်မှုများပြုလုပ်ရာ လူငယ် ၃၀ ခန့် ဖမ်းဆီးခံလိုက်ရ

မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ

မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ

by ဧရာဝတီ
27 March 2024
8k

မတ်လအတွင်း အသတ်ခံရသူများမှာ ဝမ်းတွင်း၊ မဟာအောင်မြေ၊ အမရပူရ၊ မတ္တရာ၊ ကျောက်ပန်းတောင်း မြို့နယ်များမှ အုပ်ချုပ်ရေးမှူး ၃ ဦး၊ ရာအိမ်မှူး တဦးနှင့် ကျောင်းဆရာမတဦးတို့ ဖြစ်ပြီး စစ်မှုထမ်းဥပဒေ အကောင်အထည် ဖော်ရာတွင် ပါဝင်ဆောင်ရွက်နေသူများဖြစ်ကြောင်း

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

by ဧရာဝတီ
6 October 2023
7.2k

လက်ရှိဖွဲ့စည်းထားသော ပြည်သူ့စစ်များကို ယခင် စစ်တပ်က လုံခြုံရေးယူထားသည့် နေရာများတွင် အစားထိုး တာဝန်ပေးခြင်း၊ စစ်တပ်နှင့်အတူ ပူးတွဲတာဝန်ပေးခြင်း၊ နယ်မြေရှင်းလင်းရာတွင် ထည့်သွင်းအသုံးပြု၍ လုံခြုံရေး၊ ပိတ်ဆို့ စစ်ဆေးရှာဖွေရေးများတွင်လည်း ထည့်သွင်းအသုံးပြုနေကြောင်း

သတ်ဖြတ်ခံရမှုများကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်

သတ်ဖြတ်ခံရမှုများကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်

by မိအိသဉ္ဇာမြင့်
3 April 2024
4.9k

ရွာပေါင်း ၂၀ ကျော်ရှိ အုပ်ချုပ်ရေးမှူးများ လုံခြုံရေးအရ နုတ်ထွက်စာတင်ထားကြသော်လည်း စစ် ကောင်စီဘက်က နုတ်ထွက်ခွင့်မပြုကြောင်း အုပ်ချုပ်ရေးမှူးများက ပြောသည်။

အုပ်ချုပ်ရေးမှူးများ လုပ်ပိုင်ခွင့် အလွဲသုံး၍ စစ်မှုထမ်းစာရင်းကောက်

အုပ်ချုပ်ရေးမှူးများ လုပ်ပိုင်ခွင့် အလွဲသုံး၍ စစ်မှုထမ်းစာရင်းကောက်

by ဧရာဝတီ
20 March 2024
4.4k

ယင်းသို့ ညှိနှိုင်းသည့်ငွေကြေးမှာ ယခုတကြိမ် ကောက်ယူမှုအတွက်သာဖြစ်ပြီး အမြဲတမ်း ကင်းလွတ်ခွင့်ရမည် မဟုတ်ကြောင်း ပြောဆိုသွားသည်

စစ်ကောင်စီ ငြင်းသော်လည်း ရန်ကုန်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေ

စစ်ကောင်စီ ငြင်းသော်လည်း ရန်ကုန်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေ

by ယုဖြူဟန်
29 January 2025
4.4k

စစ်ကောင်စီကမူ စစ်မှုထမ်းဆင့်ခြင်းကို မီဒီယာများသာမက ပုဂ္ဂလိကတဦးချင်းကပါ မဟုတ်မမှန်ပုံကြီးချဲ့ ပြောနေကြောင်း၊ ရပ်ကွက် ကျေးရွာ မြို့နယ် ခရိုင်အဆင့်ဆင့်၏ စစ်မှုထမ်းဆင့်ခေါ်ခြင်း အားနည်းချက်ကို အများစုက သတင်းမှန် အနည်း ငယ်ပေါ် အခြေခံ၍ လူထုအထင်အမြင်မှားစေရန်၊ စစ်မှုထမ်းဆင့်ခေါ်မှု ပုံရိပ်ထိခိုက်ကျဆင်းစေရန်...

Next Post
ကုလသမဂ္ဂ ညီလာခံတွင်ပြောကြားခဲ့သော ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ / Reuters

ရခိုင်ပြည်နယ် တည်ငြိမ်ရေးကြိုးပမ်းနေဟု ကုလ ညီလာခံ၌ ဒု-သမ္မတ ပြော

ဦးဝင်းအား စိတ်ကြွှဆေးပြားနှင့် အတူ ဖမ်းဆီးရမိခဲ့စဉ် / ကျိုက်မရော/မုဒုံ သတင်းစုံ / Facebook

NLD မြို့နယ် အလုပ်အမှုဆောင် တဦး စိတ်ကြွဆေးပြားများနှင့် ဖမ်းမိ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
4.4k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate