• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒုက္ခသည်ပြန်လက်ခံရေး မြန်မာအစိုးရ ဦးစားပေးအဆင့်ဆောင်ရွက်နေ

by ထွန်းထွန်း
22 September 2017
in သတင်း
A A
မောင်တောဒေသ ခမောင်ဆိပ်ရွာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalang Makeshift စခန်းတွင် သွားရောက်ခိုလှုံနေသူတဦး  / Mohammad Ponir Hossain / Reuters

မောင်တောဒေသ ခမောင်ဆိပ်ရွာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalang Makeshift စခန်းတွင် သွားရောက်ခိုလှုံနေသူတဦး / Mohammad Ponir Hossain / Reuters

11.2k
VIEWS
Share on FacebookShare on Twitter

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေ သည့် ဒုက္ခသည်များပြန်လည်စိစစ်လက်ခံရေးကို ဦးစားပေးအဆင့် အချက်တခုအနေဖြင့် ဆောင်ရွက်နေ ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးနေသည့် ဒုက္ခသည်ဦးရေ လေးသိန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့မှ ခန့်မှန်းပြောဆိုမှုများ ရှိသော်လည်း ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်များနှင့် ကိုက်ညီသူများကိုသာ ပြန်လည်လက်ခံမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
134
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.5k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
491

ဒေါက်တာဝင်းမြတ်အေးက “အရေးကြီးတာက ဒီမှာနေတဲ့အထောက်အထားရှိရမယ်၊ အထောက်အထား လည်းရှိမယ် ဒီဘက်ကစာရင်းတွေနဲ့လည်းကိုက်ညီရင် လက်ခံမယ်၊ ဒီနေ့ပဲ သမ္မတရုံးမှာဆွေးနွေးတယ်၊ ၂ ပတ်အတွင်း လုပ်ငန်းစဉ်စဖို့လုပ်မယ်” ဟု ဧရာဝတီသို့ပြောသည်။

ဒုက္ခသည်များပြန်လည် လက်ခံရေးကိစ္စတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး လက်ဗွေယူ ခြင်း၊ မျက်လုံး Scan ဖတ်ခြင်းစသည့် လိုအပ်သည့် နည်းပညာများဖြင့်ပါ စိစစ်ရေးလုပ်ငန်းဆောင်ရွက်ရန် ရှိ ကြောင်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒုက္ခသည်လက်ခံရေးကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ၁၉၉၃ ခုနှစ်က သဘောတူညီထားသည့် စာချုပ်ပါအချက်အလက်များအတိုင်း လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ပံ့ရေး ကိစ္စများအတွက်လည်း အ ပြည့်အဝ အာမခံချက်ပေးမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် လည်းဆောင်ရွက်နေသူဖြစ်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။

၁၉၉၃ ခုနှစ် သဘောတူညီချက်အရ လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ရမည်၊ ကိုယ့်သဘော ဆန္ဒဖြင့် ပြန်လာချင်သူဖြစ်ရမည်၊ ဘင်္ဂလားဒေ့ရှ်ဘက်တွင် မွေးဖွားသူဖြစ်ပါက အဖေ၊ အမေမှာ မြန်မာနိုင်ငံ တွင် နေဖူးသူဖြစ်ရမည် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ ကြားခံ အနေဖြင့်ပါဝင်ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့အကြား MoU လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၀ ရက်ကကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင်လည်း ဒုတိယသမ္မတ ၂ ဦးဟင်နရီ ဗန်ထီးယူက ဒုက္ခသည်များလက်ခံရေးကို ၁၉၉၃ ခုနှစ်သဘောတူညီချက်ကို အခြေခံကာ လုပ်ငန်းစဉ်များ ရေးဆွဲလုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံတကာသို့ အသိပေးပြောကြားခဲ့သည်။

ဒုက္ခသည်များ ပြန်လက်ခံရေး ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

“ပူးပေါင်းဆောင်ရွက်လိုသောစိတ်ဓာတ်ဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၎င်းတို့ဝင်ရောက်လာသောနေရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရက ထုတ်ပေးထားသော ဒုက္ခသည်မှတ်ပုံ တင်ကဒ်ဖြင့် ၎င်းတို့ရောက်ရှိနေကြောင်း မှတ်တမ်းတင်ထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသော သူများအားလုံးကို စိစစ်ပြီးနောက် ပြန်လည်လက်ခံရန် သဘောတူသည်။ ထိုဒုက္ခသည်မှတ်ပုံတင်ကဒ်သည် ၎င်းတို့မြန်မာနိုင်ငံတွင်နေထိုင်ရာ နေရာနှင့်ပတ်သက်သော ရနိုင်သမျှ အထောက်အထားများကိုလည်း အခြားအထောက်အထားများနှင့် တကွ ဖော်ပြထားရမည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ပေးပို့သော စာရင်းကို စိစစ်မှုကို အခြေခံပြီး ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသည် အခြားအထောက်အထားများနှင့်တကွ မြန်မာ နိုင်ငံသားမှတ်ပုံတင်ကဒ်၊ အမျိုးသားမှတ်ပုံတင်ကဒ်ရှိသော သူများအားလုံး၊ သက်ဆိုင်ရာမြန်မာအာဏာပိုင်များက ထုတ်ပေးသော အခြားမည်သည့် စာရွက်စာတမ်း မဆိုတင်ပြနိုင်သူ အားလုံးနှင့် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထားပြနိုင်သောသူများအားလုံး ကို အသုတ်လိုက် ပြန်လည်ခေါ်ယူရန် သဘောတူသည်။

မြန်မာနိုင်ငံတွင်နေထိုင်ကြောင်း စစ်မှန်သော အထောက်အထားပြနိုင်ပါက လူ အရေအတွက် ကန့် သတ်ခြင်းပြုလုပ်မည် မဟုတ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရက သဘောတူသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပေးပို့သောစာရင်းများသည် မြန်မာအာဏာပိုင်များစိစစ်အတည်ပြုသောသူများနှင့် အနီးစပ်ဆုံး တူညီမည်ဖြစ်ကြောင်းလည်း အာမခံချက်ပေးသည်”

Your Thoughts …
Tags: ဒုက္ခသည်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

by ဗညားအောင်
21 February 2024
11.8k

သတင်းစာများပေါ်တွင် စစ်ကောင်စီခေါင်းဆောင်များ ဟန်မပျက် ပွဲတက်ပြနေသော်လည်း စစ်တပ်၏ စစ်ရေးအကျပ်အတည်းမှာ ကြီးမား၏။

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

by ဧရာဝတီ
9 January 2025
11.7k

သတင်းကောင်းမှာ စစ်တပ်သည် ကျဆုံးသည့် အနေအထားတွင် ရှိနေသည်။

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

by Igor Blazevic
14 April 2024
11.6k

စစ်တပ်ကို တော်လှန်နေတဲ့ အင်အားစုတွေဟာ အခုဆိုရင် မဟာဗျူဟာကျကျ အချိန်ကိုက် ညှိပြီး တိုက်ခိုက်ရေးကို လုပ်ဆောင်ကြဖို့ အခွင့်အရေး ရနေပါတယ်။

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

by ဝတ်ရည်ခိုင်မာ
16 March 2024
10.8k

အိမ်နီးချင်းနိုင်ငံများထဲမှ လူသားချင်းစာနာမှု အကူအညီပေးရေး၊ စစ်ဘေးဒုက္ခသည်များကို ကူညီရေးအတွက် ပြောဆိုသည်မှာ ထိုင်းနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်သာရှိ၏။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

Next Post
ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် ၂၀၁၈-၁၉ အမျိုးသား စီမံကိန်း ဥပဒေ ပြုစု ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေး / ထက်နိုင်ဇော် / ဧရာဝတီ

အစိုးရစီမံကိန်း ဘတ်ဂျက်ကာလ ပြောင်းလဲ သတ်မှတ်မည်

အနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည် တည်ဆောက်ရေး အထောက်အကူပြု ယာယီကော်မတီ၏ အကြံပေး အဖွဲ့ဝင်၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးဦးလှစော / မင်းအောင်ခိုင် / ဧရာဝတီ

“ရခိုင်ပြည်နယ်အစိုးရမှာ တိကျတဲ့ မူဝါဒ မရှိသေးဘူး”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate