သတင်း

ကျူးကျော် ၁ သိန်းခန့် အတွက် အိမ်ရာရရှိရရန် ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူ ၁ သိန်းခန့်ရှိပြီး ၎င်းအရေအတွက်အားလုံး အိမ်ရာ ရရှိနိုင်ရန် ကျန်ရှိသည့် NLD အစိုးရသက်တမ်း ၃ နှစ်အတွင်း စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်သွားရန် ရှိကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

“ကျူးကျော်တွေကိုလည်း နေရာချထားပေးဖို့အတွက် ဒီကာလအတွင်း စတင်နိုင်ဖို့လည်း အောက်တိုဘာလ မှာစပြီး ဆောင်ရွက်ဖို့ ပြင်ဆင်နေပါပြီ ဖြစ်ပါတယ်။ ဒါတွေအားလုံး အိမ်ရာ ရရှိနိုင်ဖို့ ကျနော်တို့ တိုင်းဒေသကြီးက စီမံချက် တရပ်ရေးဆွဲပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျူးကျော်ပြသနာက စက်မှုဇုန်တွေမှာ ဝန်ထုပ်ဝန်ပိုးတခုလိုဖြစ်နေတဲ့ အခြေနေဖြစ်ပါတယ်’ ဟု ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် UMFCCI ၌ပြုလုပ်သည့် ဒုသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ဒသမအကြိမ်မြောက် လစဉ် ပုံမှန်ဆွေးနွေးပွဲ၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျုးကျော်နေထိုင်သူများကို စာရင်းကောက်ယူရာတွင် ကျုးကျော်နေထိုင်သူများမှာ အလုပ်အကိုင်များရှိနေသော်လည်း နေထိုင်ရန်အတွက် မြေနေရာဝယ်ယူနိုင်သည့် အခြေအနေမရှိသောကြောင့် တိုင်းအစိုးရ အနေဖြင့် အလုပ်ကိုအာမခံထားရှိပြီး အိမ်ရာဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လူနေမှု စနစ်အတွက် လိုအပ်သော ရေ၊ လျှပ်စစ်မီး၊ အမှိုက်စနစ်တကျ စွန့်ပစ်ခြင်း ကိစ္စရပ်များကိုပါ ဝန်ဆောင်မှု ကောင်းမွန်အောင် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျုးကျော်ပြဿနာ အများဆုံး ရှိနေသည့် စက်မှုဇုန်များကိုလည်း အဆင့်မြှင့်တင်နိုင်ရန်လည်း ကျူးကျော်ကိစ္စနည်းတူ ကျန်ရှိသည့် အစိုးရသက်တမ်း ၃ နှစ်အတွင်း ကြိုးစားလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

‘စက်မှုဇူန် အဆင့်မြင့်မယ်ဆိုရင် ကျူးကျော်ပြဿနာ၊ ရေသန့်၊ မီးအပြည့်အစုံရရှိရန်၊ ရေဆိုးစွန့်ပြစ်မှု၊ အမှိုက်စွန့်ပြစ်မှု ကိစ္စရပ်တွေက ကျနော်တို့အတွက် အရေးတကြီး လိုအပ်တဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။ မြို့နယ်အလိုက် စက်မှုဇုန်တွေ တည်ဆောက်ပြီးတော့ ဒီစက်မှုဇုန်တွေမှာလည်း ဖြန့်ကျက်သွားနိုင်ဖို့အတွက် ကျနော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သုံးသပ်ပြောဆိုသည်။

ရန်ကုန်မြို့၏ စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်း၌ စက်မှုဇုန်အများဆုံး တည်ရှိပြီး စည်ပင်သာယာ နယ်နိမိတ်ပြင်ပ ၁၂ မြို့နယ်တွင်လည်း အသေးစားစီးပွားရေးဇုန်မှုဇုန်များကိုလည်း တည်ဆောက်သွားရန် ရှိကြောင်း တိုင်းဒေကြီးအစိုးရအဖွဲ့မှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading